နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ
Dawei Watch
February 11, 2025အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
ဂျိုကိုဝီဟု လူသိများသည့် အင်ဒိုနီးရှားသမ္မတဟောင်းဂျိုကိုဝီဒိုဒိုအား ၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ် ဆန်ခါတင်စာရင်းတွင် ထည့်သွင်းဖော်ပြလိုက်သည်။ ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပြခြစားမှု ဖော်ထုတ်ရေးစီမံချက်အဖွဲ့(OCCRP)က ကမ္ဘာအနှံ့မှ စာဖတ်သူများနှင့် ဂျာနယ်လစ်များ၏ အမြင်ယူဆချက်များကို အခြေခံပြီး ဆန်ခါတင်စာရင်းကို ရွေးချယ် ဖော်ပြခြင်းဖြစ်သည်။ ယင်းက အင်ဒိုနီးရှားနိုင်ငံရေး၏ အကျင့်ပျက်ခြစားမှုပြဿနာအပေါ် နိုင်ငံတကာမှ အာရုံစိုက်မှု ကြီးထွားလာနေသည်ကို ပြသနေသည်။ ဂျိုကိုဝီနှင့်အတူ ကင်ညာသမ္မတဝီလီယံရူတို ၊ နိုင်ဂျီးရီးယားသမ္မတဘိုလာအာမက်တင်နုဘူ ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ ၊ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ဂေါ်တမ်အဒါနီတို့လည်း ယင်းဆန်ခါတင်စာရင်းတွင် ရွေးချယ်ဖော်ပြခံခဲ့ရသည်။ ၂၀၂၄ ခုနှစ်အတွက် ဂိုဏ်းဒုစရိုက်နှင့် အကျင့်ပျက်ခြစားမှုအများဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်ရွေးချယ်ဖော်ပြခံခဲ့ရသူမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ် ဖြစ်သည်။ ဂျိုကိုဝီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အင်ဒိုနီးရှားသမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။၎င်းသည် […]
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းနံပါတ်ဖြင့်သာ သုံးစွဲရမည်ဖြစ်ပြီး ဖုန်းဆင်းကတ် မှတ်ပုံတင်ထားသည့် အမည်နှင့် ဘဏ်အကောင့်အမည် မတူညီလျှင် သတ်မှတ်ရက်အတွင်း အချက်အလက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အကယ်၍ မှတ်ပုံတင်ထားသော အမည်ပေါက်ဖုန်းနံပါတ်နှင့် ဘဏ်အကောင့်အမည်များ တူညီရန် မပြင်ဆင်ပါက ယာယီဆိုင်းငံ့ခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။ အွန်လိုင်းငွေကြေးလိမ်လည်မှုများကို ထိန်းချုပ်နိုင်ရန် မိုဘိုင်းဖုန်းများကို စစ်ဆေးပြီးနောက် ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ထိုင်းဘဏ်အသီးသီးက သုံးစွဲသူများထံ အမည်ပေါက်ဖုန်းနံပါတ်များဖြင့်သာ သုံးစွဲကြရန် အသိပေးနေခြင်းဖြစ်သည်။ အမည်ပေါက်ဖုန်းနံပါတ်ဆိုသည်မှာ ဥပမာအားဖြင့် 7-Eleven တွင် ဆင်းကတ်ဝယ်စဉ် မှတ်ပုံတင်ပေးထားသော မိမိ၏နိုင်ငံကူးလက်မှတ် သို့မဟုတ် ပန်းရောင်ကတ်ပါ အမည်ပေါက်အတိုင်းကို ဆိုလိုခြင်းဖြစ်သည်။ ယင်းအမည်ပေါက်ဆင်းကတ်ဖြင့် ဘဏ်အကောင့် ဖွင့်ထားပြီး ဘဏ်အကောင့်ထဲက အမည်နှင့် တူညီလျှင် […]
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာက နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့နေသည်ဟု ဒေသခံနှင့် တော်လှန်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည့် အနန်းကွင်းကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားခဲ့သည်။ ယင်းနောက် ရွာထဲရှိ နေအိမ်များကို စစ်ကောင်စီတပ်က နေ့တိုင်းလိုလို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ထိ နေအိမ်အလုံး ၅၀ ကျော် မီးလောင်ပျက်စီးသွားပြီဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “တစ်ရွာလုံး ထွက်ပြေးနေတာ တိုက်ပွဲဖြစ်ကတည်းကလေ ခုထိ မပြန်ရဲသေးဘူး။ လူမရှိတဲ့ ရွာမှာ အိမ်တွေကို လိုက်မီးရှို့တယ်။ နောက် လက်နက်ကြီးကျပြီး ပျက်စီးသွားတဲ့အိမ်တွေလည်း ရှိတယ်။ […]
ဟားမတ်စ်အဖွဲ့က ၎င်းတို့ ထိန်းသိမ်းထားဆဲ ဓားစာခံများကို ယခုအပတ် စနေနေ့ မွန်းတည့်ချိန်တွင် အစ္စရေးဘက်သို့ ပြန်မလွှဲပြောင်းပေးလျှင် အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်းပြီး ‘ငရဲစခန်း ပြန်ဖွင့်ရန်’ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးကို တိုက်တွန်းလိုက်သည်။ “ဓားစာခံအားလုံးကို စနေနေ့ မွန်းတည့် ၁၂ နာရီမှာ မလွှဲပေးဘူးဆိုရင် ကျွန်တော့်အမြင်မှာ အပစ်ရပ်သဘောတူညီချက်ကို ဖျက်သိမ်းဖို့ သင့်တော်တဲ့ အချိန်ပဲ။ အခြေအနေအားလုံးပြောင်းလဲသွားမယ်။ ငရဲစခန်း ပွင့်စေရမယ်” ဟု ၎င်းက ဆိုသည်။ ဓားစာခံများကို တစ်ယောက်စနှစ်ယောက်စ ပြန်လွှတ်တာမျိုး မဟုတ်ဘဲ အားလုံးတစ်ပြိုင်နက် ပြန်လွှတ်ပေးရမည်ဟု ထရမ့်က အခိုင်အမာပြောသည်။ ဟားမတ်စ်အဖွဲ့က ဂါဇာ၌ ၎င်းတို့ ထိန်းသိမ်းထားဆဲ အစ္စရေးဓားစာခံများကို စနေနေ့တွင် ပြန်လွှဲပြောင်းပေးရန် ကနဦး သဘောတူမှု ရထားခဲ့သည်။ တနင်္လာနေ့တွင် ဟားမတ်စ်အဖွဲ့က ဓါးစာခံလွှဲပြောင်းပေးရေးကို […]
ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်ရှိ စရီးစူပဠာမဏီး ဟိန္ဒူဘုရားကျောင်းတွင် ယနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက သိုက်ရ်ပူးဆွမ်း အပ်ထိုးပွဲတော်ကို ကျင်းပခဲ့သည် ။ ကိုဗစ်ကာလကတည်းက ထားဝယ်မြို့တွင် လှည့်လည်အပူဇော်ခံခြင်းမပြုတော့သည့် စရီးစူပဠာမဏီးဟိန္ဒူ ဘုရားကို ယခုနှစ်တွင် ထားဝယ်မြို့တွင်း ပြန်လည်လှည့်လည် အပူဇော်ခံခဲ့သည် ။ လှည့်လည်အပူဇော်ခံရာတွင် ဘုရားလှည်းများသာပါဝင်ပြီး ကိုဗစ်မတိုင်မီက ကျင်းပသည့် ဘုရားလှည့်ပွဲကဲ့သို့ ပဒေသာပင်ကား ၊ ဖျော်ဖြေရေးယာဥ် များမပါဝင်သလို ပါဝင်ဆင်နွှဲသူလည်း နည်းပါးကြောင်းတွေ့ရသည် ။ ဘုရားမလှည့်မီ ဖေဖော်ဝါရီလ ၆ ရက်မှစ၍ ဘုရားကျောင်းတွင် ပူဇော်ပွဲ ၆ ရက် ကျင်းပခဲ့သေးသည် ။ သိုက်ရ်ပူးဆွမ်းပွဲတော်ကို ဟိန္ဒူကျမ်းဂန်လာအရ စရီးစူပဠာမဏီး ဘုရား မှ ဆုရပဒမ်း အသူရာကို နှိမ်နင်းအောင်မြင်တော်မူခြင်း အထိမ်းအမှတ်ဖြင့် ကမ္ဘာနိုင်ငံအသီးသီးရှိ ဟိန္ဒူဘာသာဝင်များ […]
မြန်မာပြည်တွင်းရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီရန် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အလှူခံနေကြ သော မြန်မာနိုင်ငံသား လေးဦး ဖေဖော်ဝါရီလ ၉ရက်က ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာနိုင်ငံသားများသည် အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ နံနက် ၉နာရီခန့်က အုန်းယိုင်ဒေသရှိ လူကူးခုံးကျော်တံတားပေါ်တွင် အလှူခံခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ယင်းအချိန် မဟာချိုင်နယ်ရှိ ထိုင်းမျိုးချစ်ဆိုသူများအဖွဲ့က လာရောက်၍ မြန်မာနိုင်ငံသားအနေဖြင့် အလှူခံ၍ မရကြောင်း ပြောဆိုပြီး ရဲတပ်ဖွဲ့ကို တိုင်တန်းကာ ဖမ်းဆီးစေခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အလှူခံနေလို့တဲ့ ညီအစ်ကိုရေ။ နှုတ်ခမ်းမွေးအဖွဲ့ (ထိုင်းမျိုးချစ်အဖွဲ့) က လာဖမ်းတာ။ အလှူခံနေတဲ့ တစ်ဖွဲ့လုံးကို ဖမ်းသွားတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးတစ်ဦး၊ အမျိုးသားသုံးဦး […]
မြိတ်မြို့၊ ကန်ဖျားလမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၀ရက် နေ့လယ်ပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံးကြောင်း မျက်မြင်တွေ့ရသူများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ကန်ဖျားလမ်းမကြီးပေါ်ရှိ ဆိုင်ကယ်က ကားကို ကျော်တက်စဥ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံတစ်ဦးက ပြောသည် ။ ” ဆိုင်ကယ်က ကားကိုကျော်ပြီး ယာဥ်ကြောပြန်ဝင်တာပါ။ ကားအရှိန်ကို ဆိုင်ကယ်က မမီဘဲ အနောက်က ဝင်တိုက်ခံရပြီး တရွတ်တိုက်ပါသွားပြီးမှ ကားက ဘရိတ်အုပ်ပြီး ရပ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါတိုက်မိသည့် ကားနဲ့ ဆိုင်ကယ် နံဘေးရှိ အခြားဆိုင်ကယ်တစ်စီးလည်း လဲကျကာ စီးနင်းလာသူ ဒဏ်ရာရကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ မျက်နှာနှင့် ရင်ဘတ်တွင် သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် […]