ပွဲစားများက တောထဲတွင်ထားခဲ့သည့် မြန်မာ ၆၀ ဦးကို ထိုင်းရဲဖမ်းဆီး
Dawei Watch
February 12, 2025ထိုင်းနိုင်ငံ ဖတ်ချဘွန်ခရိုင်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာစဉ် လမ်းခရီး၌ စွန့်ပစ်ခံထားရသော မြန်မာနိုင်ငံသား ၆၀ ဦးကို ဖေဖော်ဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖတ်ချဘွန်ခရိုင် ရင်စီဒေသတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက မြန်မာနိုင်ငံသားနှစ်ဦး အစားအသောက်များ လိုက်လံတောင်းနေသည်ဟု သတင်းပေးလာသဖြင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ သွားရောက်စစ်ဆေးစဉ် တောထဲတွင် အစာရေစာငတ်ပြတ်နေသော မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၁၈ နှစ်အောက် လူငယ် ၃၅ ဦး စုစုပေါင်း ၅၇ ဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့ထဲတွင် ရိုဟင်ဂျာများလည်း ပါဝင်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ […]