ထားဝယ် နတလ ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်
Dawei Watch
February 18, 2025ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ယင်းနေ့ ည ၇ နာရီခွဲဝန်းကျင်တွင် ထားဝယ်မြစ်ဘက်မှ ဒရုန်းတစ်စီး နတလ သင်တန်းကျောင်းတည်ရှိရာ ဘက်သို့ ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ တစ်ချက်ထွက်ပေါ်ခဲ့ကြောင်း ဒရုန်းကိုမြင်လိုက်သည့် ယင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည် ။ ယင်းနောက် သေနတ်ပစ်ခတ်သံများကြားရပြီးနောက် လက်နက်ကြီး ပစ်ခတ်သံ နှစ်ချက်ကြားရကြောင်း ၎င်းကဆိုသည်။ အဆိုပါ လက်နက်ကြီးကျည်ဆန် နှစ်ချက်သည် လောင်းလုံးမြို့နယ် ၊ မင်းရပ်ရွာ ဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်း လောင်းလုံးဒေသခံများထံမှသိရသည်။ ပစ်ခတ်မှုများဖြစ်ပြီးနောက် မင်းရပ်ကူးတို့ဘက်မှ နတလသင်တန်းကျောင်းဘက်သို့ ဆိုင်ကယ်ဖြင့် လာသည့် […]