သပိတ်မျှောပွဲနီးလာသော်လည်း သပိတ်ရောင်းအားနည်းနေဟုဆို
Dawei Watch
October 10, 2024ထားဝယ်ဒေသ၏ နာမည်ကျော် သပိတ်မျှောပွဲတော် ကျင်းပရန် ရက်သတ္တပတ်သာလိုတော့သော်လည်း ထားဝယ်ဒေသထွက် သပိတ်အိုး အလုံးရေ ထောင်ဂဏန်းသာ ရောင်းချရသေးကြောင်း ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက်ရှိ မြေထည်လုပ်ငန်း လုပ်ကိုင်သူများကပြောသည်။ ပြီးခဲ့သည့်နှစ်ကအထိ သပိတ်မျှောပွဲကာလတွင် သပိတ်အလုံးရေ သောင်းဂဏန်းအထိ ရောင်းချခဲ့ရသေးကြောင်း ၎င်းတို့ကဆိုသည်။ “အခုနှစ်အတွက် သပိတ် သုံးထောင်ပဲ ရောင်းရသေးတယ် ။ ထားဝယ်ထက် မြိတ်နဲ့ကော့သောင်းဘက်က အမှာများတယ်။ ထားဝယ်က စျေးထဲပြန်ရောင်းမယ့်သူတွေကတော့ ရက်နီးမှ လာယူကြတယ်။ ပမာဏအများနဲ့ယူတာမရှိတော့ဘူး” ဟု အိုးလုပ်ရပ်ကွက်က မြေထည်လုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးကပြောသည်။ သပိတ်မျှောပွဲကို ထားဝယ်မြို့တွင် သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် ၁၅ ရက် (အဖိတ်နေ့ညနှင့် လပြည့်နေ့မနက်ပိုင်း)တွင် ပြုလုပ်လေ့ရှိသည်။ သပိတ်မျှောပွဲတော် ကိုဗစ်ကာလတွင် ရပ်နားခဲ့ကာ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကစ၍ တိုင်းစစ်ကောင်စီအဖွဲ့က […]