BREAKING
January 11, 2025

သတင်း

ရေဖြူတိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်ဆောင်မီးလောင်

Dawei Watch

October 12, 2024

ရေဖြူမြို့တွင် မနေ့(အောက်တိုဘာ ၁၁) ညနေပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများကပြောသည်။ မနေ့ ညနေ ၃နာရီခွဲခန့်တွင် ရေဖြူတံတားအနီးရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။ ထိုတိုက်ပွဲတွင် ကျောက်ကညာရွာအခြေစိုက် စစ်ကောင်စီ၏ အမတ ၃၀၄ တပ်ရင်းမှပစ်သည့် လက်နက်ကြီးထိမှန်သည့်အတွက်ကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးခဲ့ ကြောင်းဒေသခံများကပြောသည်။ ယင်းအပြင် ရေဖြူအရှေ့ကမ်းတွင်လည်း နေအိမ်တစ်ဆောင် လက်နက်ကြီးကျည်စများ ထိမှန်ပျက်စီးခဲ့သေးကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အနောက်ကမ်းမှာက လက်နက်ကြီးတိုက်ရိုက်ကျပြီး အိမ်နှစ်ဆောင် မီးလောင်သွားတာ အရှေ့ကမ်းမှာက အိမ်တစ်ဆောင်ထိတယ်။ အိမ်နဲနဲပျက်စီးတယ် မပေါက်ကွဲတဲ့ လက်နက်ကြီးတစ်လုံးလည်း အိမ်ရှေ့မှာ တွေ့ရတယ်။ ညနေကတိုက်ပွဲတော်တော် ပြင်းတယ်”ဟုထိုဒေသခံကပြောသည်။ ယင်းအပြင် တိုက်ပွဲအတွင်း လက်နက်ကြီး အသံကြားရသည့်အတွက် ထိတ်လန့်ကာ အသက် ၄၀ […]

လောင်းလုံး ဒေသခံနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီး

Dawei Watch

October 12, 2024

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာက ဒေသခံတစ်ဦးနှင့် မောင်းမကန်ကျေးရွာက ဒေသခံတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ‌စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အမျိုးသားတစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ထပ်ဖမ်းခံရခြင်းဖြစ်သည်။ စက်တင်ဘာလ ၉ ရက်ကနေ့က စွန်တောင်ပေါ်ကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဦးသန်းအောင်(ခ) ဦးအေးအေးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးပြောသည်။ “ခြံထွက်သီးနှံတွေရောင်းပြီး ပြန်လာတဲ့အချိန်မှာ မေးစရာရှိလို့ဆိုပြီး လူငယ်သုံးယောက်က ဆိုင်ကယ်နဲ့ အိမ်မှာလာခေါ်သွားတယ်” ဟု ဆွေမျိုးတစ်ဦးကဆိုသည်။ ဦးသန်းအောင်အား မည်သည့်အတွက် ဖမ်း‌ဆီးသွားသည်ကို ပြောကြားခဲ့ခြင်းမရှိသည့်အပြင် တစ်လကျော်ကြာလာသည့် ယနေ့အချိန်အထိလည်း မိသားစုထံ ဆယ်သွယ်လာခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ ဦးသန်းအောင်နှင့်အတူ ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားသည်ဟုဆိုသည်။ ဖမ်းဆီးသွားသည့် အဖွဲ့နာမည်ကိုမူ မိသားစုဝင်တို့မသိကြပေ။ အောက်တိုဘာလ […]

မြိတ်ပင်လယ်ပြင်တွင် ဆီတင်လှေတစ်စီး မီးလောင်

Dawei Watch

October 12, 2024

မြိတ်ခရိုင် ၊ ကျွန်းစုမြို့နယ် ၊ ကန်းကြီးကျေးရွာအုပ်စု ၊ သန္တာကျွန်းဝိုင်း ရေပြင်ကြီးတွင် အောက်တိုဘာလ ၁၁ ရက် မွန်းလွဲပိုင်းက ဆီတင်လှေတစ်စီး မီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ကထုတ်ပြန်သည်။ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် စတင်လောင်ကျွမ်းပြီး မြိတ်ခရိုင် မီးသတ်မှ မီးသတ်ရေသယ်ယာဥ်၊ ငြှိမ်းသတ်ယာဥ်တို့ဖြင့် ငြိမ်းသတ်မှုကြောင့် နာရီဝက်ကျော်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဌာနထံကသိရသည်။ မီးလောင်မှုဖြစ်သည့် ဆီတင်လှေတွင် တပ်ဆင်ထားသည့် ဘတ္ထရီအိုး ဝါယာရှော့ဖြစ်ရာမှ မီးစလောင်ခဲ့ပြီး လှေ၏ အရှေ့ပိုင်းမီးလောင်ပျက်စီးခဲ့သည် ဟု ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာန ကပြောသည်။ အခြားလှေများထံ မီးကူးစက်လောင်ကျွမ်းခြင်းလည်းမရှိခဲ့သလို လူထိခိုက်ဒဏ်ရာရမှုလည်းမရှိခဲ့ကြောင်း ယင်းမီးသတ်ဌာနက ဆက်ပြောသည်။ အောက်တိုဘာလ ၇ ရက်ကလည်း ကျွန်းစုမြို့နယ် ၊ ကံမော်ရွာတွင် မီးဖိုချောင်သုံးထင်း မီးခိုးကျပ်တိုက်ရာမှ မီးလောင်မှု […]

ထားဝယ်မြို့တွင်း အပူဇော်ခံလှည့်လည်သည့် မမဘုရားပွဲ

Dawei Watch

October 12, 2024

ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲရပ်ကွက်တွင် တည်ရှိသည့် စရီမာရီးယမ္မားမယ်တော်(ခ)မမဘုရားမှာ ယနေ့ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းကစ၍ မြို့တွင်းသို့ လှည့်လည် အပူဇော်ခံနေသည်။ ကိုဗစ်ကာလမှစကာ ဘုရားလှည့်ပွဲကို ရပ်နားထားခဲ့ပြီး လေးနှစ်အကြာ ယခုနှစ်မှ မြို့တွင်းသို့ အပူဇော်ခံ ပြန်လည်လှည့်လည်ခြင်းဖြစ်သည်။ သို့သော်ယခင်ကလို ယာဥ်တန်းအများအပြား၊ ပဒေသာပင်ကားများနှင့် ဖျော်ဖြေယာဥ်များ ပါဝင်ခြင်းမရှိဘဲ ရှေ့ပွိုင့်ကားတစ်စီးနှင့်ဘုရားလှည်းတစ်စီး တို့သာ ယနေ့လှည့်လည်ရာတွင်ပါဝင်သည်ဟု မြို့ခံများထံမှသိရသည်။ လှည့်လည်ရာလမ်းကြောင်းတွင် ကိုဗစ်မတိုင်မီကထက် ပွဲဆက်(ကန်တော့ပွဲ ပေး) သူနည်းသည်ဟုလည်းသိရသည်။ မမဘုရားလှည့်ပွဲသည် နှစ်ပေါင်းရာကျော်သက်တမ်းရှိ ထားဝယ်ဒေသ၏ နာမည်ကျော် ပွဲတော်တစ်ခုဖြစ်သလို ပွင့်လင်းရာသီ၏ ပွဲဦးထွက်ပွဲတော်လည်း ဖြစ်သည်။ ယခင်က ကျင်းပသည့်ပုံစံမှာ ဘုရားပွဲဆယ်ရက်မြောက် နေ့လယ်ပိုင်းတွင် ဘုရားကျောင်းမှစထွက်၍ ညလုံးပေါက် မြို့တွင်းလှည့်လည်ပြီး နောက်တစ်နေ့ နေ့လယ်ပိုင်းရောက်မှ ဘုရားကျောင်းသို့ပြန်ဝင်၍ ဘုရားပွဲပြီးဆုံးသည်ဟု မြို့သူမြို့သားများထံက […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

October 11, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ နယ်သာလန်က ယူကရိန်းကို ဒေါ်လာ သန်း ၄၄၀ ကူညီမယ် နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans က ယူကရိန်းနိုင်ငံမြို့တော် ကိတ်ဗ်မြို့ကို လာရောက်ခဲ့ပြီး ဒေါ်လာ သန်း ၄၄၀ တန်ဖိုးရှိ ဒရုန်းယာဉ်ထုတ်လုပ်ရာမှာ ကူညီပေးမယ်လို့ ဆိုလိုက်ပါတယ်။ ဒရုန်းစီမံကိန်းက စစ်မြေပြင်မှာ အသုံးချဖို့ နှစ်နိုင်ငံနည်းပညာတွေ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။ ရင်းနှီးမြှုပ်နှံငွေတစ်ဝက်ကို နယ်သာလန်နိုင်ငံကသုံးစွဲပြီး ကျန်တစ်ဝက်ကိုတော့ ယူကရိန်းနဲ့ ကျန်နိုင်ငံတွေမှာ ခွဲဝေသုံးစွဲသွားမယ်လို့ ဆိုပါတယ်။ ရုရှားကျူးကျော်မှုစတင်ချိန်က နယ်သာလန်နိုင်ငံကနေ ယူကရိန်းကို ဒေါ်လာ ၁၁ ဘီလီယံ စစ်ရေးအထောက်အပံ့ပေးဖို့ ကတိပေးထားပြီး အခုချိန်ထိ ၄ […]

ကနက်သီရိ အရှေ့ကျောင်းဆရာတော်ရုပ်ကလာပ် ရွာသို့ပြန်မပင့်ဘဲ ထားဝယ်တွင် ဈာပနကျင်းပမည်

Dawei Watch

October 11, 2024

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာ အရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ မထေရ်၏ စျာပနကို အောက်တိုဘာလ ၁၂ရက် နေ့လယ်ပိုင်းတွင် ထားဝယ်မြို့၊ ဘုန်းကြီးပျံကုန်း၌ ကျင်းပမည်ဖြစ်ကြောင်း တပည့်၊ တကာများထံမှ သိရသည်။ ဆရာတော် ဘဝနတ်ထံပျံလွန်ချိန်တွင် သက်တော် ၆၈ နှစ်၊ သိက္ခာတော် ၄၈ ဝါ ရှိပြီဖြစ်သည်။ ဆရာတော်သည် ၂၀၂၂ ခုနှစ်မှစ၍ ကျန်းမာရေးကိစ္စအတွက် အရေးပေါ်သွားရန် နယ်မြေအနေအထား အခက်အခဲကြောင့် ဆရာတော်၏ ငယ်ဆရာကျောင်းဖြစ်သည့် ထားဝယ်မြို့၊ ဘုရားကြီးတိုက်ကျောင်းသို့ ရွှေ့ပြောင်း သီတင်းသုံးနေကြောင်း တပည့်၊ တကာတို့က ပြောသည်။ ဘုရားကြီးတိုက်ကျောင်းတွင် သီတင်းသုံးနေစဉ် အောက်တိုဘာလ ၈ ရက်ညတွင် ၉၆ပါးရောဂါဖြင့် ပျံလွန်တော်မူကြောင်း ၎င်းတို့က ဆိုသည်။ “ဆရာတော်ရဲ့ ရဟန်းတပည့်၊ တကာတပည့်နဲ့ အဝေးရောက်တပည့်တွေ အားလုံးသဘောတူဆုံးဖြတ်ချက်နဲ့ ရွာပြန် […]

အာဖရိက ဆာဟာရသဲကန္တရအောက်ပိုင်း နိုင်ငံများတွင် နှစ်စဉ် အမျိုးသမီး ၇၉ သန်းကျော် မုဒိမ်းကျင့်ခံနေရ

Dawei Watch

October 11, 2024

ကမ္ဘာပေါ်တွင် အမျိုးသမီးရှစ်ဦးလျှင် တစ်ဦးမှာ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်ခံရဖူးသူများဖြစ်ပြီး ဆာဟာရသဲကန္တရအောက်ပိုင်း အာဖရိကနိုင်ငံများတွင် အများဆုံးဖြစ်ကြောင်း ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ (ယူနီဆက်) က ထုတ်ပြန်လိုက်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ခန့်မှန်းဖော်ပြထားသည့် အစီအရင်ခံစာကို ပထမဆုံးအကြိမ်အဖြစ် ယူနီဆက်ဖ်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်လိုက်သည်။ ကျူးလွန်ခံရသူများတွင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများက ဒုတိယလိုက်နေသည်။ ပဋိပက္ခနှင့် မလုံခြုံမှုဒဏ်ခံစားနေရသည့် ဆာဟာရသဲကန္တရအောက်ပိုင်း တောင်အာဖရိကနိုင်ငံများတွင် အမျိုးသမီးငယ် ၇၉ သန်းကျော်မှာ အသက် ၁၈ မပြည့်မီကတည်းက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မုဒိမ်းမှုကျူးလွန်ခြင်းကို ခံစားခဲ့ရသူများ ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရပြီး စိတ်ဒဏ်ရာရဖူးသည့် မိန်းကလေးများသည် စာသင်ခန်းတွင် လေ့လာသင်ယူမှုပြုလုပ်ရန် မကြာခဏ အခက်ကြုံရလေ့ရှိကြောင်း ယူနီဆက်ဖ်၏ […]

ရေဖြူတံတားစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်

Dawei Watch

October 11, 2024

ရေဖြူအရှေ့ဘက်ကမ်းတွင် ယနေ့ (အောက်တိုဘာ ၁၁) ညနေပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အဖွဲ့တို့တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။ ရေဖြူတံတား အရှေ့ဖက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲများ ယနေ့ ညနေ ၃ နာရီခွဲခန့်ကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ ယင်းတံတားမှာ ထားဝယ်မြစ်ကိုဖြတ်၍ ရေဖြူမြိုနှင့် ရေဖြူအနောက်ကမ်းကျေးရွာများကို ဆက်သွယ်ထားသည့်တံတားဖြစ်သည်။ “လက်နက်ကြီး လက်နက်ငယ်သံရောပဲကြားနေရတာ”ဟု ရေဖြူအနောက်ကမ်းတွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။ တိုက်ပွဲပြင်းထန်နေပြီး အသေးစိတ် အခြေအနေကို မသိရသေးပေ။ ရန်ကုန်မှ ထားဝယ်သို့ဆင်းလာသည့် ခရီးသည်တင်ကားများ ယနေ့ ညနေပိုင်းတွင်ဖြစ်ပွားနေသည့် ရေဖြူမြို့ပေါ်တိုက်ပွဲကြောင့် လမ်းပိုင်းတွင် စောင့်ဆိုင်းနေရကြောင်းလည်း ခရီးသွားများကပြောသည် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင်လည်း ရေဖြူတံတားစစ်ဆေးရေးဂိတ်ကို ရေဖြူမ်ြု့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ရေဖြူမြို့နယ်တွင် ယခုနှစ်ဇူလိုင်လနှင့် ဩဂုတ်လများတွင် စစ်ကောင်စီတပ်နှင့် […]