လုပ်ခဘတ် ၁၀ သန်းမရသဖြင့် မြန်မာလုပ်သားများဆန္ဒပြမှု ထိုင်းအစိုးရကြားဝင်ဖြေရှင်း
Dawei Watch
August 20, 2024ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင်ရှိ တရုတ်သူဌေးပိုင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ခလစာ ဘတ် ၁၀ သန်းခန့်ကို ထုတ်ပေးခြင်းမရှိသဖြင့် မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြားဝင်ဖြေရှင်း နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စီမဟာဖို့ဒေသ ရိုဂျာနားစက်မှုဇုန်အတွင်းရှိ Chang Cheng Co ကုမ္ပဏီ၏ လျှပ်စစ်စက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀၀ ခန့်ကို အလုပ်ရှင်က လုပ်အားခနှစ်လစာ မပေးသဖြင့် ဩဂုတ်လ ၁၆ ရက် ညဘက်တွင် စုပေါင်းဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းပေးရန် ထိုင်းအလုပ်သမားဝန်ကြီးက အလုပ်သမားကာကွယ်စောင်ရှောက်ရေးရုံးနှင့် ကျန်ဌာနဆိုင်ရာများကို ညွှန်ကြားထားကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr Phumiphat Mueanchan က ဩဂုတ်လ ၁၉ ရက်တွင် ပြောသည်။ မြန်မာအလုပ်သမားများကို တရုတ်ကုမ္ပဏီတစ်ခုက […]