BREAKING
January 11, 2025

သတင်း

ထိုင်း ချွန်ဘူရီတွင် မြန်မာလူငယ်တစ်ဦး သတ်သေရန်ကြိုးပမ်း

Dawei Watch

October 16, 2024

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် တံတားပေါ်က ခုန်ချသတ်သေရန် ကြိုးစားနေသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၇နှစ်အရွယ် မြန်မာနိုင်ငံသားသည် အောက်တိုဘာလ ၁၄ ရက်နေ့က ချွန်ဘူရီခရိုင် စီရချားဒေသရှိ အမြန်လမ်းမ လူကူးခုံးကျော်တံတားပေါ်က ခုန်ချရန် ကြိုးစားခဲ့ကြောင်း ဖော်ပြသည်။ ၎င်းသည် ခုံးကျော်တံတားပေါ်သို့ တက်သွားပြီး လက်ရန်းကိုကျော်ကာ တံတားဘေးအစွန်တွင် ထိုင်နေသည်ကို ပြည်သူတစ်ဦးက မြင်သဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဘာသာပြန်နှင့်အတူ စပီကာဖြင့်ပြောဆိုကာ မြန်မာနိုင်ငံသားကို ဖျောင်းဖျခဲ့ကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောဆိုသည်။ သို့သော်လည်း သူ့အနီး မည်သူမျှ မလာကြရန်၊ အကယ်၍ လာပါက ခုန်ချမည်ဟု မြန်မာနိုင်ငံသားက ဆိုခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ မိနစ် […]

ပုလော ဘုရင့်တောင်ရွာအနီး တိုက်ခိုက်ခံရမှုတွင် KNLA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

Dawei Watch

October 16, 2024

ပုလောမြို့နယ်၊ ဘုရင့်တောင်ရွာအနီး ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကြောင်း ဒေသခံအချို့နှင့် KNU တပ်မဟာ (၄)၊ KNLA တပ်ရင်း (၁၂) တို့ထံမှ သိရသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ပလောက်အခြေစိုက် ခလရ ၂၈၀ တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး ထွက်ပြေးလာပြီး KNLA တပ်ရင်း (၁၂) ထံတွင် လက်နက်မပါဘဲ ခိုလှုံလာကြောင်း ၎င်းတို့က ပြောသည်။ လက်နက်များကို တစ်နေရာတွင် ဝှက်ထားခဲ့သည်ဆိုသဖြင့် ခိုလှုံလာသူနှစ်ဦးကို ခေါ်ဆောင်ကာ KNLA တပ်ဖွဲ့ဝင်တို့ ဘုရင့်တောင်ရွာဘက်တွင် လက်နက်ပြန်ယူရန်သွားစဉ် အသင့်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သဖြင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။ လက်နက် ပြန်ယူစဉ် အသင့်စောင့်ဆိုင်း ပစ်ခတ်ခံရမှုမှာ […]

မြိတ်ပကဖထံ တစ်ရက်အတွင်း လေးဦး ဘက်ပြောင်းခိုလှုံဟုဆို

Dawei Watch

October 15, 2024

စစ်ကောင်စီတပ်ဘက်မှ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ အောက်တိုဘာလ ၁၃ရက်နေ့တွင် ဘက်ပြောင်းခိုလှုံလာသူ လေးဦးရှိကြောင်း ပကဖအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်သားသုံးဦးနှင့် စစ်မှုထမ်းအတွက် အဓမ္မစုဆောင်းခံရသူတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပထမ တစ်ယောက်က အရင်ဆက်သွယ်ပြီး ထွက်ပြေးလာတာ။ နောက်သုံးယောက်ကတော့ ထွက်ပြေးပြီးမှ ဆက်သွယ် လာတာ။ အရင်ဆက်သွယ်လာတဲ့ တစ်ယောက်ကိုတော့ ရဲဘော်တွေက စောင့်ကြိုပြီးခေါ်လာတာ။ မြို့တွင်းကနေဆိုတော့ လက်နက်တော့ မပါကြဘူး” ဟု ၎င်းက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား သုံးဦးမှာ ကော့သောင်းမြို့နယ်အခြေစိုက် ခလရ ၄၃၁ တပ်ရင်းက ဖြစ်ကြောင်း မြိတ်မြို့နယ် ပကဖ ထံမှ သိရသည်။ ၎င်းတို့ သုံးဦးသည် မြိတ်မြို့အခြေစိုက် ခလရ ၁၀၃ တပ်ရင်းကတစ်ဆင့် တနင်္သာရီမြို့နယ် ရေဖြူကျေးရွာဘက်သို့ ပို့ဆောင် […]

တရုတ်တိုက်လေယာဉ်ရာချီ ထိုင်ဝမ်ကျွန်းအနီး ပျံသန်း စစ်ရေးလေ့ကျင့်

Dawei Watch

October 15, 2024

တနင်္လာနေ့က ပြုလုပ်ခဲ့သည့် တရုတ်၏ အကြီးစားစစ်ရေးလေ့ကျင့်မှုအတွင်း စံချိန်တင်များပြားသည့် တိုက်လေယာဉ်များ ထိုင်ဝမ်ကျွန်းအနီး ပျံသန်းခဲ့ကြသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်သည်။ ၂၅ နာရီကြာမြင့်သည့် တရုတ်၏ အဆိုပါ စစ်ဆင်ရေးအတွင်း တရုတ်လေယာဉ် ၁၅၃ စီးကို တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ ဘေဂျင်း၏ ခြိမ်းခြောက်မှုများကြားကနေ ထိုင်ဝမ်အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတသစ် Lai Ching-te က မိန့်ခွန်းပြောခဲ့ပြီး များမကြာမီမှာပင် တရုတ်၏ အဆိုပါ စစ်ရေးလေ့ကျင့်မှုပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တရက်တာ စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်ရေယာဉ်များ ပါဝင်ပြီး ထိုင်ဝမ်ကျွန်းကို ဝန်းရံပိတ်ဆို့တိုက်ခိုက်မည့် စစ်ဆင်ရေးအသွင် စစ်ရေးလေ့ကျင့်ခဲ့ကြသည်။ တရုတ်၏ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ”အဓိပ္ပါယ်မဲ့ ရန်စသည့်လုပ်ရပ်” ဟု ထိုင်ဝမ်အစိုးရက ဝေဖန်ခဲ့သည်။ စစ်ရေးလေ့ကျင့်ခဲ့သည့် […]

ထားဝယ်တွင် သပိတ်မျှောပွဲကျင်းပမည့်နေရာအနီး နှစ်ရက်ဆက် ဒရုန်းဗုံးချတိုက်ခိုက်ခံရ

Dawei Watch

October 15, 2024

ထားဝယ်မြို့ ကမ်းနားလမ်း သဲကွင်းပန်းခြံရှိ ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပမည့်နေရာနှင့် ကမ်းနားဈေးကြား နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရကြောင်း မြို့ခံများက ပြောသည်။ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၈နာရီတွင် တစ်ကြိမ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ ပထမ ပေါက်ကွဲသံကြားပြီး ဒရုန်းနှစ်စင်းပျံနေတာတွေ့တယ်။ ပထမပေါက်ကွဲသံကြားပြီး မိနစ်ပိုင်းမှာပဲ နောက်ထပ်ပေါက်ကွဲသံတစ်ချက် ထပ်ပြီးကြားရတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်က ပွဲတော်ကျင်းပမည့် ကွင်းနီးပေါက်ကွဲမှုဖြစ်ပြီးနောက် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁)တပ်ရင်း T1 ၏ လက်ရုံးတပ်ဖွဲ့ဖြစ်သည့် Sky Ghost Drone Force […]

ထားဝယ် ဆီဘောမီးလောင်မှု သေဆုံးသူရှစ်ဦး၊ ဒဏ်ရာရသူသုံးဦးအထိရှိလာ

Dawei Watch

October 15, 2024

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ဆီဘော မီးလောင်ပေါက်ကွဲမှုတွင် ယနေ့ အောက်တိုဘာလ ၁၅ရက် နံနက် နောက်ဆုံးအတည်ပြုချက်အရ သေဆုံးသူ ရှစ်ဦးအထိရှိလားပြီး ဒဏ်ရာရသူလည်း သုံးဦးရှိကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။ အောက်တိုဘာလ ၁၄ ရက် ညနေ ၄ နာရီက စလောင်သည့်မီးသည် အောက်တိုဘာလ ၁၅ ရက် ယနေ့နံက် ၈ နာရီကျော်မှသာ မီးငြိမ်းသွားပြီး ၁၆နာရီကြာ ငြှိမ်းသတ်ခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။ သေဆုံးသူရှစ်ဦးတွင် အမျိုးသားခုနစ်ဦး၊ အမျိုးသမီးတစ်ဦးပါဝင်ပြီး ပျောက်ဆုံးနေသူလည်း လေးဦးရှိနေကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀နာရီခွဲကျော်တွင် ထုတ်ပြန်ထားသည်။ “ညက (ရုပ်အလောင်း) ခြောက်လောင်း ထုတ်နိုင်တယ်။ မီးကပြင်းတော့ ကျန်နေတဲ့နှစ်လောင်းကို အခုမနက်မှ ပြန်ထုတ်နိုင်တယ်။ DB (ရုပ်အလောင်း)တွေကတော့ အကုန်မီးကျွမ်းနေပြီ” […]

ကလိန်အောင် – ထားဝယ်ကားလမ်းတွင် အိမ်စီးကားတစ်စီးတိမ်းမှောက်

Dawei Watch

October 14, 2024

ရေး – ထားဝယ်ကားလမ်း ၊ ကလိန်အောင် အပိုင်း ရေဖြူမြို့နယ် ၊ ဟိန္ဇဲရွာအနီး မိုင်တိုင် ၃၅/၇ ဖာလုံတွင် အဖြူရောင်အိမ်စီးကားတစ်စီးတိမ်းမှောက်ကြောင်း မျက်မြင်တွေ့ရသူများကဆိုသည်။ ယနေ့ (အောက်တိုဘာ ၁၄)​ ညနေ ၅ နာရီခန့်က တိမ်းမှောက်ခဲ့သည့် ယင်းယာဉ်မှာ အရှေ့တာယာ တစ်လုံးပြုတ်ထွက်၍ လမ်းဘေးထိုးကျကာ ပက်လက်အနေအထားတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ခရီးသွားတစ်ဦးမှတ်တမ်းတင်ထားသည့် ရုပ်သံတွင် တွေ့ရသည်။ ” ကားပေါ်မှာ အားလုံး ၆ ယောက်ပါတယ် ။ ဘယ်သူမှ ဘာဒဏ်ရာမှ မရဘူး ။ ထူးထူးဆန်းဆန်းပဲ ။ ကားတော့ပက်လက်လှန်သွားတယ်။ ကားကိုတော့ မနက်ဖြန် ပြန်ထောင်ပေးဖို့ လုပ်နေ​ကြတယ် ” ဟု သွားရောက်ကူညီပေးခဲ့သည့် ဟိန္ဇဲရွာသားတစ်ဦးကပြောသည်။ တိမ်းမှောက်သွားသည့် ကားသည့် ထားဝယ်မြို့ဘက်မှ ရေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာသည့် […]

ထားဝယ်တွင် ဆီဘော မီးလောင်ပေါက်ကွဲမှု သေဆုံးသူ ၇ ဦးအထိရှိပြီဟုဆို

Dawei Watch

October 14, 2024

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ‌ဆီဘောမီးလောင် ပေါက်ကွဲမှု၌ သေဆုံးသူ ၇ ဦးအထိရှိလာပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများကပြောသည်။ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်နိုင်ရန် ယခု ည ၇ နာရီအထိ ကြိုးစားနေဆဲဖြစ်ပြီး ကနဦးအတည်ပြုချက်အရ သေဆုံးသူ အမျိုးသား ၇ ဦးအထိရှိပြီဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ “ခုထိ ကယ်ဆယ်ရေးလုပ်ဆောင်နေပါတယ်။ ဆွဲထုတ်မရသေးတဲ့ အလောင်းတွေရှိနေသေးတယ် “ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ကမ်းနားလမ်းတွင်ရှိသည် ဆီဘောသည် ယနေ့ ညနေ ၄ နာရီအချိန်တွင် မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ မီးလောင်ပေါက်ကွဲရသည့် အကြောင်းအရင်းကို တိတိကျကျမသိရသေးဘဲ အနီးအနားရှိ ‌ဒေသခံအချို့က ဒရုန်းဗုံးကျ၍ ဟုပြောဆိုသည်များရှိသလို လက်နက်ကြီး ကျည်ကြောင့်ဟု ပြောဆိုသည်များလည်းရှိသည်။