BREAKING
April 22, 2025

သတင်း

ထိုင်းတောင်ပိုင်းတွင် ထားဝယ်ဒေသခံ ဆရာမတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

February 27, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လန်စွမ်းဒေသတွင် မြန်မာအလုပ်သမားများ၏ ကလေးငယ်များကို ပညာသင်ပေးနေသော ထားဝယ်ဒေသခံ ဆရာမတစ်ဦး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံရကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆရာမက ကလေးငယ်များကို စာသင်ပေးနေစဉ် ထိုင်းလဝကအဖွဲ့က လာရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ စာသင်ကြားသည့်အတွက် ဖမ်းခြင်းဖြစ်သည်ဟုထင်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “ကျွန်မတို့ တန်းရန်း (အဆောင်တွဲ) ကပဲ ဆရာမက။ စာသင်နေတုန်း လာဖမ်းပြီး တစ်ခါတည်း ခေါ်ဆောင်သွားတာ။ ဘယ်လို လိုက်ထုတ်ထုတ် မထုတ်ပေးလို့ တော်တော် အခက်အခဲဖြစ်နေတယ်” ဟု နီးစပ်သူက ဆိုသည်။ ဆရာမသည် ထိုင်းတွင် နေထိုင်သည်မှာ နှစ်ရှည်ကြာပြီဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်း အပြည့်အစုံရှိသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ဖမ်းဆီးခံရသူသည် ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသခံတစ်ဦးဖြစ်ပြီး […]

တနင်္သာရီ၊ သိန်ခွန်းရွာဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ

Dawei Watch

February 27, 2025

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု စစ်ရေးသတင်းအရင်းမြစ်များက ပြောသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၂၆ ရက်(မနေ့က) တစ်ရက်တည်းမှာပင် Mi 2 ရဟတ်ယာဉ်၊ K8W ဂျက်ဖိုက်တာဖြင့် ဗုံးအလုံးရေ သုံးဆယ်ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့ကပြောသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှစကာ ယနေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းပေါ်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌပဒိုစောညာဝါးက ပြောသည်။ “၁၈ ရက်နေ့ကနေ အခုထိကို တိုက်ပွဲမဖြစ်တဲ့နေ့က ရှားရှားပါးပါးပါဘဲ၊ နေ့တိုင်းနီးနီးဖြစ်တယ်၊ အစပထမပိုင်းမှာ လေယာဉ်တွေသိပ်မသုံးဘူး၊ အစပိုင်းမှာ (ဗုံး) သိပ်မချပေမဲ့ […]

ထိုင်းဝန်ကြီးချုပ်အသစ်ကို အယုံအကြည်မရှိဟု လွှတ်တော်တွင် အဆိုတင်သွင်း

Dawei Watch

February 27, 2025

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အယုံအကြည်မရှိကြောင်း အဆိုတစ်ရပ်ကို အတိုက်အခံပါတီဘက်က ယနေ့ (ဖေဖော်ဝါရီ ၂၇) တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ပထမဆုံးအကြိမ် တင်သွင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ညွန့်ပေါင်းအစိုးရအဖွဲ့ကို ထိထိရောက်ရောက် ဦးဆောင်စီမံနိုင်ခြင်းမရှိသဖြင့်အတိုက်အခံပါတီဖြစ်သော ပြည်သူ့ပါတီခေါင်းဆောင် Natthaphong Ruengpanyawut က အယုံအကြည်မရှိအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ အထူးသဖြင့် ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ထိုင်းဝန်ကြီးချုပ်အပေါ် ဩဇာညောင်းပြီး အစိုးရအရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်လာနေသည်ကို အတိုက်အခံဘက်က အဓိကထောက်ပြသည်။ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ဝန်ကြီးချုပ်အပေါ်မှနေ၍ အာဏာရယူပြီး လုပ်ဆောင်နေသည့်အပေါ် ခွင့်ပြုနေသဖြင့် လက်ရှိဝန်ကြီးချုပ်က တာဝန်လုံးဝ ပျက်ကွက်နေခြင်းဖြစ်ကြောင်း အတိုက်အခံဘက်က ပြောသည်။ လွှတ်တော်ထဲတွင် အခြားဝန်ကြီးများကို အဆိုတင်သွင်းရန် […]

ထားဝယ်တွင် အိမ်ထောင်စုစာရင်း လုပ်သူများလာပြီး ပွဲစားခ ကျပ်သိန်းချီဈေးပေါက်

Dawei Watch

February 27, 2025

ထားဝယ်မြို့တွင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုများပြားလာသဖြင့် အိမ်ထောင်စု(သန်းခေါင်)စာရင်း လုပ်သူလည်းများပြားလာကာ ပွဲစားခကျပ်သိန်းချီစျေးပေါက်နေကြောင်း မြို့ခံအချို့ကပြောသည်။ ထားဝယ်မြို့ခံများကိုယ်တိုင်ပင် ရပ်ကွက်တစ်ခုမှ အခြားရပ်ကွက်တစ်ခုသို့ ညအိပ်သွားရောက်လျှင် သော်လည်းကောင်း၊ ရပ်ကွက်ပြောင်းရွှေ့ နေထိုင်လျှင်သော်လည်းကောင်း ဧည့်စာရင်းမတိုင်သဖြင့် အဖမ်းခံနေကြရသည်ဟု မြို့ခံအချို့က ပြောသည်။ ယင်းကြောင့် မြို့ခံများမှာ အိမ်ထောင်ခွဲနေပါက အိမ်ထောင်စု သန်းခေါင်စာရင်း အသစ်လုပ်ကိုင်ရသလို၊ ရပ်ကွက်ပြောင်းရွှေ့နေထိုင်ပါကလည်း သန်းခေါင်စာရင်းအသစ် သွားရောက် လျှောက်ထားကြရကြောင်း မြို့ခံအချို့ကပြောသည်။ “အိမ်သစ်ဆောက်ထားတဲ့ရပ်ကွက်ကိုပြောင်းနေတာကို ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းသွားလို့ ရဲစခန်းမှာ(ရဲစခန်းအချုပ်မှာ) တစ်ည၊ နှစ်ည သွားအိပ်ရသူတွေတောင်ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးမှုရှိနေသည့်အချိန် လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူများက အိမ်ထောင်စုမိတ္တူများပါတောင်းယူ စစ်ဆေးလာနေသည်။ ယင်းသို့သော အခြေအနေတို့ကြောင့် မြို့ခံများမှာ အိမ်ထောင်စုတွင် အချက်အလက်အနည်းငယ် မှားယွင်းနေပါက သွားရောက်ပြင်ဆင် နေကြရသဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး(လဝက) […]

ထားဝယ်ဒေသထွက် ဓနိပွင့်ယိုလုပ်သူနည်းလာ

Dawei Watch

February 27, 2025

ထားဝယ်ဒေသတွင် လုံခြုံရေးနှင့် စျေးကွက်အခြေအနေများကြောင့် ယခုနှစ် ဓနိပွင့်ယိုလုပ်သူနည်းပါးကြောင်း ထားဝယ်ဒေသခံများက ပြောသည်။ အာဏာသိမ်းမှု မတိုင်မီက ရှင်ကိုးရှင်ဘုရားဖူးနှင့် ကမ်းခြေခရီးသွားလုပ်ငန်းများကို အမှီပြုပြီး ထားဝယ်ခရိုင် သရက်ချောင်း၊ လောင်းလုံးမြို့နယ်များတွင် ဒေသထွက် ဓနိယိုထိုးလုပ်ငန်းများကို စီးပွားဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ကြကြောင်း ၎င်းတို့က ဆိုသည်။ အာဏာသိမ်းပြီး နောက်ပိုင်းပဋိပက္ခအခြေအနေကြောင့် ဓနိယိုပြုလုပ်သူနည်းလာကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိတောင်သူအမျိုးသားတစ်ဦးက ပြောဆိုသည်။ “ဘယ်အချိန် ပြေးရမှန်းမသိ၊ (ဓနိယို) လုပ်နေတဲ့သူက ဘယ်ရှိတော့မလဲ” ဟု ၎င်းက ပြောသည်။ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ပိုင်းခြားထားသည့် ထားဝယ်မြစ်လယ်ကျွန်းများတွင် ဒေသခံ ဓနိတောင်သူများမှာ ဓနိထွက် ပစ္စည်များဖြစ်သည့် ဓနိသကြား၊ ပအုန်းရည်၊ ဓနိဖက်၊ ဓနိပွင့်ယို လုပ်ငန်းများပြုလုပ်လေ့ရှိကြသည်။ အာဏသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း စစ်ကောင်စီတပ်က ယင်းဓနိတောများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် […]

ထားဝယ်ကမ်းနားပန်းခြံတွင် ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည့်အမျိုးသမီးအလောင်းတွေ့

Dawei Watch

February 27, 2025

ထားဝယ်မြို့ ကမ်းနားစျေးအနီးရှိ သဲကွင်းပန်းခြံတွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့နံနက်ပိုင်းတွင် သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထားဝယ်ထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၄၀ နှစ်ဝန်းကျင်အရွယ်ရှိပြီး ယနေ့ နံနက် ၆ နာရီခန့်တွင် သဲကွင်းပန်းခြံထဲ လူလျှောက်လမ်း နံဘေးရှိ မြက်ခင်းပြင်တွင် သေဆုံးနေကြောင်း ဇမ္ဗူသီရိအဖွဲ့ ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အလောင်းမှာ ခန္ဓာကိုယ်အပေါ်ပိုင်း အင်္ကျီမရှိဘူး။ ထဘီတစ်ထည်ပဲ တွေ့ ရတယ်။ နောက်ပြီး ဦးခေါင်းဒါဏ်ရာတွေ့ တယ်” ၎င်းက ပြောဆိုသည်။ သေဆုံးသူ အမျိုးသမီးမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ အမျိုးသမီး၏ ရုပ်အလောင်းကို ဇမ္ဗူသီရိအဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးရင်ခွဲရုံသို့ […]

စစ်ကောင်စီတပ် ဖမ်းသွားသည့် ဥတ္တူရွာခံတစ်ဦး ရက် ၂၀နီးပါးကြာသည်အထိ ပြန်မလွတ်

Dawei Watch

February 26, 2025

သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ ကိုကျော်မင်းသည် ဖမ်းဆီးခံရပြီး ၁၈ ရက်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၈ရက်တွင် ဥတ္တူရွာသို့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၈ရက်နှင့် ၉ရက် တို့တွင် ကိုကျော်မင်းကို ဖမ်းဆီးသွားသည့်အပြင် နေအိမ်ခြောက်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူ့မိန်းမကလည်း ဗိုက်ကြီးနဲ့။ ဗိုက်ကလည်း နေ့စေ့လစေ့ဖြစ်နေပြီ။ အခုထိ ပြန်မလွတ်လာသေးတော့ သူ့မိန်းမရော သူ့အမေရောက စိတ်ပူနေကြတာပေါ့။ ဘာကြောင့်ဖမ်းထားလဲတော့ မသိဘူး” ဟု မိသားစုနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကြောင်းဝင်လာချိန် ဒေသခံများတိမ်းရှောင်ကြရာ အသက် ၂၉နှစ်အရွယ် ကိုကျော်မင်းမှာ စစ်ကောင်စီတပ်နှင့် တိုးပြီး ဖမ်းဆီးခံခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ […]

တနင်္သာရီတွင် စစ်ရှောင်လေးထောင်ခန့် အရေပြား၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် ဝမ်းရောဂါများဖြစ်

Dawei Watch

February 26, 2025

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်လေးထောင်ခန့်သည် အရေပြားရောဂါ၊ ဝမ်းရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေကြောင်း နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ထံမှ သိရသည်။ ရောဂါဖြစ်နေသော ကျေးရွာများမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေကြသော သိန်ခွန်း၊ ညောင်ပင်ကွင်းနှင့် ထုံခါ ကျေးရွာအုပ်စုများက စစ်ဘေးရှောင်အများစု ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အရေပြားရောဂါနှင့် ဝမ်းရောဂါများသည် ပြီးခဲ့သော ဒီဇင်ဘာလကတည်းက ဖြစ်ပွားနေကြပြီး ဇန်နဝါရီလတွင် ပန်းနာရင်ကျပ်၊ နှာစေးချောင်းဆိုးကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများပါ ဖြစ်ပွားနေသည်ကို တွေ့ရှိကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့က မငြိမ်းက ပြောသည်။ “အဓိကကတော့ ရာသီအကူးအပြောင်းကြောင့်လဲပါမယ်။ အစားအသောက် အာဟာရတွေ ကောင်းကောင်း မစားရတာ လည်း ပါတယ်။ နေထိုင်ရတာတွေလည်း ဆင်းဆင်းရဲရဲ နေရလို့လည်း ပါတယ်။ အခုက ရွာထဲ ဝင်လိုက်ရင် လူတိုင်းက ရောဂါတစ်ခုမဟုတ် တစ်ခုဖြစ်နေကြတာချည်းပဲ” ဟု […]