နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ
Dawei Watch
February 28, 2025အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
ရေဖြူမြို့နယ် ၊ ဇာဒီကျေးရွာအုပ်စုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းက စစ်ကြောင်းထိုးပြီးနောက် ဖြတ်တောက်ထားသော လျှပ်စစ်ဓာတ်အား နှစ်လကြာသည်အထိ ပြန်မပေးသေးကြောင်း ဒေသခံများထံမှ သိရသည် ။ လျှပ်စစ်မီး ပြတ်တောက်နေသဖြင့် ဆက်သွယ်ရေး တာဝါတိုင်များလည်း မလည်ပတ်နိုင်၍ ဆက်သွယ်ရေး အခက်အခဲလည်း ကြုံတွေ့နေကြရသည်ဟု ၎င်းတို့ကဆိုသည် ။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ကံပေါက်ရေကန်တောင် တိုက်ပွဲပြီးနောက် ဇာဒီအုပ်စုဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ စစ်ကြောင်းထိုးပြီးနောက် ဇာဒီရွာအတွင်းလမ်းပိုင်း ဖြတ်တောက်ခံထားရခြင်း ၊ မိုင်းနင်းမိခြင်း တို့ကြောင့် ဇာဒီရွာတွင် ပြန်လည်နေထိုင်သူမရှိသော်လည်း ကျေးရွာအုပ်စုအတွင်းရှိ ခွေးမဖော၊ ဒိုက်တကော်၊ ခေါင်ပြန်၊ ကျောက်ထရံ စသည့်ရွာလေးရွာတွင်မူ ပြန်လည်နေထိုင်ကြသူများရှိသည်ဟု ဒေသခံများထံကသိရသည် ။ “အင်တာနက်ရဖို့ ဆိုရင် တောင်ကုန်းမြင့်တဲ့နေရာတွေသွားပြီး […]
သမ္မတထရမ့်က တတိယအကြိမ် သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်သွားမည်ဟု ထပ်ကာထပ်ကာ သွယ်ဝိုက်ပြောဆိုလာချိန်တွင် အတိုက်အခံ ဒီမိုကရက်ပါတီဘက်က ယင်းလုပ်ရပ်ကို ဟန့်တားနိုင်ရေး တန်ပြန်လုပ်ဆောင်လာသည်။ “ဒါကို တစ်ချိန်တုန်းက မီဒီယာတွေက ဟာသတစ်ခုလို့ သဘောထားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က အခြေခံဥပဒေကနေ ခွင့်ပြုပေးထားတဲ့ သမ္မတသက်တမ်းနှစ်ကြိမ်ထက် ကျော်လွန်တာဝန်ယူဖို့ကို ထပ်ခါထပ်ခါ သွယ်ဝိုက်ပြောဆိုမှုတွေဟာ အခုချိန်မှာ ရီပတ်ဘလင်ကန် ပါတီဝင်တွေကြားမှာ အများလက်ခံတဲ့ ယုံကြည်မှုတစ်ခု ဖြစ်လာပြီ”ဟု ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ် မစ္စတာဒန်ဂိုးမန်းက ဆိုသည်။ အမေရိကန်သမ္မတများအနေဖြင့် သက်တမ်းနှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ရန် အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၂၂ ဖြင့် ကန့်သတ်ထားပြီး ယင်းကန့်သတ်ချက်ကို ထပ်လောင်းအတည်ပြုရေး မဲခွဲဆုံးဖြတ်ရန်အဆိုတစ်ခုကို လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုလိုက်သည်။ ဒီမိုကရက်ပါတီသည် အောက်လွှတ်တော်တွင် နေရာအနည်းစုသာ ရရှိထားသော်လည်း ယင်းအဆိုပြုချက်ကို မဲခွဲအတည်ပြုနိုင်မည့် […]
ထားဝယ်မြို့၊ ကမ်းနားစျေး၌ စက်ဘီး၊ ဆိုင်ကယ် လက်ခံရေးလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသားတစ်ဦး ယနေ့ ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် နေအိမ်တွင် ကြိုးဆွဲချသေဆုံးကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ် အဖွဲ့ထံမှ သိရသည်။ အသက် ၄၃နှစ်အရွယ် ဦးဇော်လင်းသည် ကမ်းနားစျေးအနီးရှိ ၎င်း၏နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို စျေးသူ၊ စျေးသားများက ယနေ့ ဖေဖော်ဝါရီလ ၂၈ရက် နံနက် ၅ နာရီခန့်တွင် တွေ့ရှိကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “ညကတည်းက သေဆုံးနေပုံရတယ်။ ကြိုးဆွဲချသေနေတာက အိမ်ရှေ့၀ရန်တာမှာပါ” ဟု ၎င်းက ပြောဆိုသည်။ ဦးဇော်လင်း၏ ရုပ်အလောင်းကို တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယဉ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် ထားဝယ်ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချသေဆုံးခဲ့သည်ကိုမူ မသိရသေးပေ။ […]
ထိုင်းအစိုးရက ဝီဂါလူမျိုး အနည်းဆုံး ၄၀ ဦးကို တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်သည့်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြာသပတေးနေ့က အပြင်းထန်ဆုံး ရှုတ်ချပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကြာ ထိန်းသိမ်းခံထားရသည့် အဆိုပါ ဝီဂါလူမျိုးများကို တရုတ်နိုင်ငံသို့ ပြန်မပို့ရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။ ဝီဂါများကို တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်လျှင် နှိပ်စက်ညှင်းပန်းမှု ၊ ဆိုးရွားစွာ ပြုမူဆက်ဆံခံရမှုနှင့် အန္တရာယ်ရှိ အခြေအနေများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးနေသော်လည်း ထိုင်းအစိုးရက ကြာသပတေးနေ့တွင် ဝီဂါများကို တရုတ်နိုင်ငံသို့ အတင်းအကျပ် ပြန်ပို့လိုက်သည်။ “ ဝီဂါတွေအဖို့ တရားဥပဒေအခွင့်အရေးတွေ မရရှိဘဲ ဖိနှိပ်မှု ၊ အတင်းအဓမ္ဓလုပ်အားစေခိုင်းမှုနဲ့ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ တရုတ်နိုင်ငံဆီ ထိုင်းအစိုးရက ဝီဂါဦးရေ အနည်းဆုံး ၄၀ ဦးကို အတင်းအကျပ် […]
ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင် ညီအစ်ကိုနှစ်ဦး စကားများရန်ဖြစ်ရာက အစ်ကိုက သေနတ်ဖြင့် ပစ်သတ်၍ ညီဖြစ်သူသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ကျွဲခရံကျေးရွာအုပ်စု သဇင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ရာ အသက် ၃၀ ဝန်းကျင်အရွယ် ပျူစောထီးကိုမြင့်သူ သေဆုံးသွားခြင်းဖြစ်ကြောင်း သဇင်ရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ညီအစ်ကိုနှစ်ယောက်ရန်ဖြစ်ပြီး ညီဖြစ်သူကို အစ်ကိုက သေနတ်နဲ့ပစ်လိုက်တယ်။ ညီဖြစ်သူက သေသွားရော။ အဲလိုဖြစ်ပြီးတော့ အစ်ကိုကို ရွာက ရဲတွေက ကျွန်းစုမြို့ကိုဖမ်းခေါ်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ အဆိုပါ ပျူစောထီးညီအစ်ကိုနှစ်ဦး ရန်ဖြစ်သည့်အကြောင်းအရင်း အသေးစိတ်ကို မသိရသေးပေ။ အစ်ကိုဖြစ်သည့် ပျူစောထီး ကိုခက်ခဲမှာ အသက် ၄၀ ဝန်းအရွယ်ရှိပြီး […]
ရုရှားသို့ ပေးပို့စေလွှတ်ခဲ့သည့် မြောက်ကိုရီးယားတပ်သားအများအပြား ထိခိုက်ကျဆုံးခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်က နောက်ထပ်တပ်သားသစ်များ စေလွှတ်ထားဟန် ရှိကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက ဆိုသည်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အသစ်စေလွှတ်ထားသည့် မြောက်ကိုရီးယားတပ်သားများကို ရုရှားနိုင်ငံ ၊ Kursk ဒေသတွင် တပ်ချထားခဲ့ကြောင်း ယင်းဌာနက ပြောသည်။ ထပ်မံပေးပို့စေလွှတ်ထားသည့် မြောက်ကိုရီးယား တပ်သားအရေအတွက် မည်မျှရှိကြောင်း တိတိကျကျ အကဲဖြတ်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်းလည်း သိရသည်။ ရုရှားနိုင်ငံ ၊ kursk ဒေသတွင် ယူကရိန်းဘက်က ထိုးစစ်ဆင်ခဲ့ရာ ရုရှားတပ်ဖွဲ့များနှင့်အတူ မြောက်ကိုရီးယားတပ်သားများလည်း ပါဝင်တိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတဇလန်းစကီးက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အတည်ပြုထားသည်။ ရုရှားနှင့်အတူ လက်တွဲတိုက်ခိုက်နေသည့် မြောက်ကိုရီးယားတပ်သား ၃၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး နောက်ထပ် ၂၇၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဇန်နဝါရီလတွင် […]
ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် လာရောက်လုပ်ကိုင်နေသည့် ခဲမိုင်းအချို့ကို မောရဝတီရေတပ်က ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့၍ ရပ်နားထားရပြီး ယခုအခါ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ခဲမိုင်းလုပ်သူများ၏ ပြောပြချက်ကိုကား၍ ဒေသခံများကပြောသည်။ မိကျောင်းအိုင် ချောင်းကမ်းနံဘေး ကင်းဘုရားအနီးမှ မိုင်းလုပ်ကွက်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ၏ ဆန်အိတ်များ၊ဆီပုံးများကို သိမ်းသွားကြောင်း ဒေသခံတို့ကဆိုသည်။ “ကင်းဘုရားနားမှာ လုပ်နေတာ တစ်ယောက်စ နှစ်ယောက်စနဲ့ များလာလို့ သတိပေးသလို ဝင်ဖမ်းတာလောက်ပါပဲ။ အလုပ်သမားဆီက ဆန်အိတ်တွေ ၊ ဆီပုံးတွေတော့ သိမ်းသွားတယ်” ဟု ခဲမိုင်းလုပ်သူများ နှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည် ။ မောရဝတီရေတပ် ဝင်ရောက်ဖမ်းဆီး၍ မိုင်းလုပ်ကွက်များ ခေတ္တနားခဲ့ပြီးနောက် ယခုတွင် ပြန်လည် လည်ပတ်လျက်ရှိကြောင်း မိုင်းလုပ်ကွက်များ အနီးနေထိုင်သူများထံကသိရသည်။ ” ပြန်လုပ်နေကြတယ်။ မိကျောင်းအိုင်ချောင်းတစ်လျှောက်ရော၊ ရေကြည်အိုင်ချောင်းနားမှာရော ဆက်လုပ်နေသေးတယ်။ […]