ပုလောမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားအဖ ပစ်သတ်ခံရ
Dawei Watch
March 1, 2025ပုလောမြို့ အမှတ် ၃ ရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှသိရသည်။ အသက် ၇၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူးဦးထွန်းမြင့်နှင့် အသက် ၄၁နှစ်အရွယ် သားဖြစ်သူ စာတိုက်စာရေးဦးဝင်းမင်းထွန်းကို ၎င်း၏နေအိမ်တွင်ပင် တော်လှန်ရေးတပ်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇) ပူးပေါင်းမဟာမိတ်တပ်များက ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သားဖြစ်သူက စစ်ကောင်စီနှင့်ပူးပေါင်းကာ CDM များနှင့် မိသားစုဝင်နေအိမ်များကို လိုက်ပြခြင်း၊ ရပ်ကွက်အတွင်း […]