BREAKING
April 22, 2025

သတင်း

တနင်္သာရီတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦးဒဏ်ရာရ

Dawei Watch

March 3, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယနေ့ မတ်လ ၃ ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ရာ ကော်တောရွာအတွင်းရှိ လူနေအိမ်များကို ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော်တောရွာနေ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးအပြင် အသက်၆၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။ ”ဗုံးလာကြဲချိန် အလုပ်သွားချိန်ဖြစ်နေတော့ ရွာထဲမှာက ကလေးနဲ့ အသက်ကြီးရွယ်အိုတွေပဲကျန်ခဲ့တာ။ အခြားသူတွေက အလုပ်ခွင်ထဲရောက်နေတော့။ ကြဲတာကလည်းရွာထဲကို လာကျတာ” ဟု ၎င်းက ပြောဆိုသည်။ […]

ကော့သောင်းဘက်က ဝင်လာသည့် ငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်ဖမ်းဆီး

Dawei Watch

March 3, 2025

ထိုင်းရေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ဟုဆိုကာ ကော့သောင်းဘက်က ဝင်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က မတ်လ ၂ ရက်ညတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရနောင်းခရိုင် ကော့ချန်းကျွန်းအနီးတွင် ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေကို ထိုင်းရေတပ်က စစ်ဆေးတွေ့ရှိခဲ့သခြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ငါးဖမ်းလှေတွင် အဏ္ဏဝါမင်း ၉၉၉ အမည်တပ်ထားပြီး လှေဦးစီးနှင့်အတူ မြန်မာရေလုပ်သား ခြောက်ဦး လိုက်ပါလာသော်လည်း လှေပေါ် တွင်မူ ငါဖမ်းပစ္စည်းများ၊ ငါးပုံးနှင့် ရေခဲများ တင်ဆောင်လာခဲ့ခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ယင်းလှေသည် ပြီးခဲ့သော ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့သည့် မြန်မာငါးဖမ်းလှေပုံစံနှင့် အတူတူပင်ဖြစ်ကြောင်း ဖော်ပြသည်။ ဖေဖော်ဝါရီလ ၇ ရက်က ထိုင်းရေပိုင်နက် ရနောင်းခရိုင်ထဲ ကျူးကျော်ဝင်ရောက်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းရေတပ်က ဖမ်းဆီးခဲ့ပြီး နောက်ဆက်တွဲ အခြေအနေကိုမူ […]

သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

March 3, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းက ဝင်းကဖော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (မတ် ၃ ) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများကပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးက ဝင်းကဖော်ရွာကို ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် အသက် ၆၀ ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး၊ အသက် ၅၀ ခန့်ရှိ အမျိုးသားကြီးတစ်ဦး၊ အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ၎င်းကပြောသည်။ “လေးဦးထိခိုက်ဒဏ်ရာရတယ်၊ (၅၀ ခန့်ရှိအမျိုးသား) တစ်ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်၊ ကျန်တဲ့လူတွေကတော့ နည်းနည်း ထိခိုက်တာလောက်ပဲ၊ ပေါင် […]

အယုဒ္ဓယတွင် တွဲကားနှင့်ဆိုင်ကယ်တိုက်မိ၍ ထားဝယ်ဒေသခံ တစ်ဦးသေဆုံး ၊ တစ်ဦး ဒဏ်ရာပြင်းထန်

Dawei Watch

March 3, 2025

ထိုင်းနိုင်ငံ ၊ အယုဒ္ဓယခရိုင်အတွင်း ဘန်ပန်-ဖက်ဟိုင်ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် ၁၈ ဘီးတွဲကားနှင့် ဆိုင်ကယ်တစ်စီး မတ်လ ၂ ရက် နေ့လယ်ပိုင်းက တိုက်မိခဲ့ကြောင်း ယင်းဖြစ်စဉ် ရုပ်သံမှတ်တမ်းများအရသိရသည် ။ ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန် တစ်ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွား၍ ဆေးကုသနေရကြောင်း ကာယကံရှင်များနှင့် ဆွေမျိုးနီးစပ်သူများက ပြောပြသည် ။ “တစ်စီးတည်းအတူတူစီးလာပြီး ယာဥ်တိုက်မှုဖြစ်တယ် ။ တစ်ယောက်ကသေတယ် ။ ဆေးရုံတင်ထားရတဲ့တစ်ယောက်က ဦးနှောက် မှာ ထိထားတယ်။ စိုးရိမ်ရတယ် ” ဟု ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည် ။ သေဆုံးသူသည် အသက် ၃၀ ဝန်းကျင် ကိုဖြိုးဆိုသူ ဖြစ်ပြီး ဒဏ်ရာရသူသည် အသက် ၂၅ နှစ်ဝန်းကျင် ကိုဇင်ကိုကိုဟိန်း […]

တနင်္သာရီ၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီ ဗုံးကြဲ

Dawei Watch

March 2, 2025

တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မတ်လ ၁ရက်နေ့ နံနက် ၈ နာရီခွဲတွင် တကူကျေးရွာအုပ်စု မြရာချောင်းကျေးရွာကို စစ်ကောင်စီက K8W အမျိုးအစား ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးကြီးက ဆိုသည်။ “ဗုံးကြဲတာက တစ်ကြိမ်တည်းပါပဲ။ ဗုံးသီးကျတာက သုံး လေးနေရာလောက်ရှိတယ်။ ဥယျာဉ်ခြံတွေထဲကိုလည်းကျတယ်။ တံတားနားမှာလည်းကျတယ်။ ဘောလုံးကွင်းနားမှာလည်း ကျတယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြရာချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ဒေသခံလူထု ထိခိုက်မှုမရှိကြောင်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးပေါ့။ ဘုန်းကြီးကျောင်းကတော့ဗုံးစမှန်သွားတယ်။ မိုးကြိုးပစ်သံထက်ကို ကြမ်းတာ။ တော်တော်လေးကိုကြမ်းတာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က […]

ကလိန်အောင်တွင် အစစ်အဆေးတင်းကြပ်

Dawei Watch

March 2, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရှိ ရပ်ကွက်လေးခုတွင် နေအိမ်အတွင်းထိ ဝင်ရောက် စစ်ဆေးမှုများပြုလုပ်နေပြီး အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများထံသိရသည် ။ ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ မြို့ပေါ်ရပ်ကွက်များအပြင် ရှင်ကိုးရှင် စာရင်းဝင် ဆံတော်ရှင် ဘုရားတည်ရှိသည့် အင်းပြားရွာတွင်လည်း ယင်းကဲ့သို့ အစစ်အဆေးတင်းကြပ်နေကြောင်း ၎င်းတို့က ဆိုသည် ။ “၁ ရက်နေ့(မတ်လ ၁ ရက်) က ကားလမ်းကို နေ့တစ်ဝက်ပိတ်ပြီး မြို့ထဲကအိမ်တွေရော ၊ အင်းပြားရွာထဲက အိမ်တွေရော စစ်သားတွေ နေ့ခင်းဘက် လိုက်စစ်နေတယ် ။ တစ်ခုခု သတင်းရထားလို့ ရှာသလိုမျိုး လိုက်စစ်နေတယ် ” ဟု ကလိန်အောင် မြို့ခံတစ်ဦး ကပြောပြသည် ။ ယင်းအပြင် ခမရ ၄၁၀ စစ်ကောင်စီတပ်ရင်း နှင့် တံတား […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်အထိ   ငွေကြေးခဝါချမှု အမည်ပျက်နိုင်ငံစာရင်းမှာ မြန်မာဆက်ရှိ နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံဆက်လက် ရှိနေပြီး လာမယ့် ဇွန်လအထိ တိုးတက်မှု မရှိရင် အရေးယူမှုတွေ ထပ်မံချမှတ်မယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီလ တတိယပတ်က ကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆောင်ရွက်နေပြီး လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့နေတာတွေကို နိုင်ငံတကာစံနှုန်းတွေအပြင် FATF ရဲ့ အကြံပြုချက်နဲ့ အညီ အကောင်အထည်ဖော်နေတဲ့လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကို […]

အမေရိကတွင် အီလွန်မတ်၏ ‘တက်စ်လာကုမ္ပဏီကို ဖြိုခွင်းရေးလှုပ်ရှားမှု’ အရှိန်မြင့်တက်

Dawei Watch

March 2, 2025

အမေရိကန်နိုင်ငံတစ်လွှားရှိ အီလွန်မတ်ပိုင် တက်စ်လာကုမ္ပဏီ၏ ကားအရောင်းပြခန်း ၅၀ ကျော် အရှေ့တွင် အီလွန်မတ်ကို ဆန့်ကျင်ဆန္ဒပြပွဲများ စနေနေ့က ဖြစ်ပွားခဲ့သည်။ အီလွန်မတ် ဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) က အမေရိကန်အစိုးရဌာနများကို လျှော့ချဖြတ်တောက်နေမှုကြောင့် ယင်းသို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “တက်စ်လာကုမ္ပဏီကို ဖြိုခွင်းရေး” ဟု အဓိပ္ပါယ်ရသည့် “Tesla Takedown” လှုပ်ရှားမှုအနေဖြင့် ယင်းဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပေါ်ပေါက်လာခဲ့သည့် “Tesla Takedown” လှုပ်ရှားမှုသည် အမေရိကန်ပြည်သူများက တက်စ်လာကုမ္ပဏီကို သပိတ်မှောက်ဆန့်ကျင်ကြရန် ဆော်ဩတိုက်တွန်းသည့် လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး ယင်းလှုပ်ရှားမှုမှာ နိုင်ငံတကာတွင်လည်း အရှိန်ရလာနေသည်။ ယမန်နေ့ သောကြာနေ့က စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် တက်စ်လာကုမ္ပဏီကို ဆန့်ကျင်ဆန္ဒပြပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ယခုသီတင်းအပတ် […]