တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ငါးထောင်နီးပါးဖြေမည်
Dawei Watch
March 4, 2025မတ်လ ၁၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် တနင်္သာရီတိုင်းတွင် လျှောက်ထားသူ ငါးထောင်နီးပါးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းအတွင်း လောင်းလုံးမြို့နယ်မှလွဲပြီး ကျန်သည့်မြို့နယ်တိုင်းတွင် စာစစ်ဌာနဖွင့်လှစ်စစ် ဆေးသွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ်ဌာန ၁၆ ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလောတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၄၇၅၇ ဦးရှိပြီး ဖြေဆိုခွင့်လက်မှတ်များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီနှစ်ကတော့ ဖြေမယ့်သူတွေ ပိုများလာတယ်။ နယ်တွေမှာ ကျောင်းမတက်ရတော့ မြို့မှာ လာတက်တဲ့သူတွေ များလာကြ လို့ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ဖြေမယ့်သူတွေ တိုးလာတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားမှုမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအမြင့်ဆုံး ဖြစ်သည်။ အာဏာမသိမ်းမီက တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ နှစ်စဉ် […]