အယုဒ္ဓယတွင် ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ထားဝယ်ဒေသခံတစ်ဦးထပ်မံသေဆုံး
Dawei Watch
March 5, 2025ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်အတွင်း ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရသည့် ထားဝယ်ဒေသခံတစ်ဦး ယနေ့ မတ်လ ၅ရက် နံနက်တွင် သေဆုံးကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဘန်ပန်-ဖက်ဟိုင် (ဖက်ခိုင်) ကားလမ်းမပေါ်ရှိ မီးပွိုင့်တစ်ခုတွင် မတ်လ ၂ရက် နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပြီး ထားဝယ်ဒေသခံတစ်ဦး သေဆုံးကာ နောက်တစ်ဦးဖြစ်သည့် ကိုဇင်ကိုကိုဟိန်းမှာ ဦးနှောက်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။ “ဆေးရုံမှာ သုံးရက်ကြာပြီး အခုမနက် ဆယ်နာရီမှာပဲ ဆုံးသွားပါတယ်။ အခုညနေ အလောင်းထုတ်လာခဲ့ပြီးပါပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ကိုဇင်ကိုကိုဟိန်း၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဖြိုးမှာမူ မတ်လ ၂ ရက် ယာဥ်တိုက်မှုဖြစ်သည့်နေ့ကတည်းက သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။ အလုပ် ထမင်းစားနားချိန်၌ ဆိုင်ကယ်ဖြင့် အပြင်ထွက်စဥ် ၁၈ ဘီးတွဲကားနှင့် တိုက်မိခဲ့ကြောင်း […]