BREAKING
April 2, 2025

သတင်း

ထားဝယ်ထောင်တွင် ထောင်ဝင်စာပို့ပစ္စည်းများ X-ray စက်ဖြင့် စတင်စစ်ဆေး

Dawei Watch

March 31, 2025

ထားဝယ်အကျဥ်းထောင်တွင် မိသားစုများက အကျဥ်းသားများထံပို့သည့် ထောင်ဝင်စာပစ္စည်းများကို X-ray (ပုံရိပ်ဖမ်းစက်)ဖြင့် ဖြတ်သန်းစစ်ဆေးပြီးမှသာ ခွင့်ပြုတော့ကြောင်း ထောင်ဝင်စာသွားပို့သည့် အကျဥ်းသား မိသားစုများထံမှသိရသည်။ ပြီးခဲ့သည့် အပတ်တွင် ထောင်ဝန်ထမ်းများအား X-ray စက် အသုံးပြုနည်း သင်တန်းပေးခဲ့ပြီး မတ်လ ၂၈ ရက်မှစကာ စတင်အသုံးပြုရန် စီစဥ်ထားကြောင်း ထားဝယ်အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကဆိုသည် ။ “သောကြာနေ့(မတ် ၂၈) က စက် စစမ်းတယ်။ အဲဒီနေ့က စက်သုံးရတာ အဆင်မပြေသေးလို့ နားလိုက်ပြီး လူနဲ့ပဲစစ်ဆေးတယ်။ တနင်္လာနေ့(ဒီနေ့) မှာတော့ စက်ကို စသုံးနေပြီ ” ဟု ယနေ့ (မတ် ၃၁) တွင် ထောင်ဝင်စာသွားပို့ခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည် ။ X-ray စက်ဖြင့် စစ်ဆေးသည်ဆိုသော်လည်း စက်အသုံးပြုသည့် ဝန်ထမ်းများ […]

ဆေးရုံပိတ်ခံထားရသည်ကို မသိဘဲလာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်ကားပေါ် ကလေးမွေး

Dawei Watch

March 31, 2025

ထားဝယ်တွင် ပုဂ္ဂလိကဆေးရုံအချို့ ပိတ်ခံထားရချိန် ရက်ချိန်းလာပြသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ယနေ့(မတ် ၃၁ ) နံနက်စောစောတွင် အရေးပေါ်ကားပေါ် ၌ ကလေးမွေးဖွားလိုက်ရကြောင်း ရင်ခုန်သံ သွေးနှင့်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှသိရသည်။ အဆိုပါ အမျိုးသမီးမှာ မယ်ဒီလန်းဆေးရုံတွင် ကိုယ်ဝန်ပြရန်အတွက် ထားဝယ်သို့ ရောက်လာခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှသိရသည်။ ထားဝယ်သို့ ရောက်လာချိန် မယ်ဒီလန်းဆေးရုံမှာ အပိတ်ခံထားရသည့်အတွက် အခြားဆေးရုံတစ်ရုံကို ပြောင်းပြရန် အိမ်ရှေ့ပြင် ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်လိုက်ရသည်ဟု ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောဆိုချက်အရသိရသည်ဟု အထက်ပါအသင်းတာဝန်ရှိသူကပြောသည်။ သို့ သော် ယနေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဗိုက်နာလာသည့်အတွက် ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ချိန် အရေးပေါ်ကားပေါ် ၌ ကလေးထွက်လာသည့်အတွက် ရင်ခုန်သံ အရေးပေါ် အဖွဲ့ ၏ စေတနာဝန်ထမ်းများက […]

စီစဉ်ထားပြီးဖြစ်သည့်သင်္ကြန်ပွဲတော် မကျင်းပတော့ဟု ရန်ကုန်ရှိ ထိုင်းသံရုံး ကြေညာ

Dawei Watch

March 31, 2025

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသော ၂၀၂၅ ခုနှစ် ဆုန်ကရန်-သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်ရှိ ထိုင်းသံရုံးက ယနေ့တွင် ကြေညာသည်။ မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးရသူများနှင့် ပျက်စီးဆုံးရှုံးမှုများခဲ့သဖြင့် မိသားစုများနှင့်အတူ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြသည်။ ထို့ကြောင့် ထိုင်းသံရုံးထဲ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းသံရုံးအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပါအဝင် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ကူညီထောက်ပံ့နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ကလည်း မြန်မာပြည်တွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စိတ်မကောင်းဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံရုံးဘက်က ထုတ်ပြန်သည်။ လက်ရှိတွင် ထိုင်းတပ်မတော်က မြန်မာပြည်တွင်းရှိ ငလျင်ဒဏ်သင့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး […]

မြိတ်ဘက်မှ တနင်္သာရီသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်တန်းကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

March 31, 2025

မြိတ်မြို့ဘက်မှ တနင်္သာရီဘက်သို့ ရိက္ခာလာပို့ပြီး ပြန်လာသည့် စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးတပ်များက တစ်ရက်အတွင်း နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများကို ရိက္ခာပို့ရန် မြိတ်ဘက်မှ လာသည့် ကား ၄ စီးပါ ယာဉ်တန်းကို မတ်လ ၂၉ ရက် နံနက် ၇နာရီခွဲအချိန်တွင် ရမ်းဖိုကျေးရွာတွင် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဆိုသည်။ အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ခမရ ၅၅၆ တပ်ရင်း ၊အမှတ် ၃၀၆ အမြောက်တပ်နှင့် ခမရ ၅၅၇ တပ်များကို ရိက္ခာလာဖြည့်သည့် ကားများဖြစ်ကြောင်း အသက် ၄၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ”ဘိတ်က တက်လာတုန်းကတော့ ကား ၇ စီးဖြစ်တယ်။ ဇဝဲတပ်ထဲမှာ […]

အလှူလုပ်ရန် ဆန် ၄ အိတ်ဝယ်လာသည့် ဘန်းလမွတ်ဒေသခံကို PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး

Dawei Watch

March 31, 2025

အလှူလုပ်ရန် မြိတ်မြို့မှ ဆန်အိတ်များဝယ်ပြီး သယ်ဆောင်လာသည့် တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးကို PDF ထောက်ပို့ဟု စစ်ကောင်စီက စွပ်စွဲပြီး ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြိတ်မြို့မှ ပြန်လာသည့် ကား(ကုန်ပါတင်သည့် ကားအသေး) ပေါ်တွင် ဆန် ၄ အိတ်တင်ဆောင်လာစဉ် ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခံခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသက် ၂၉ နှစ်ဝန်းကျင်အရွယ် ကိုနိုင်လင်းသည် ဇဝဲကျေးရွာဘုရားပွဲတွင် အလှူလုပ်ရန် ဆန်အိတ်အပါအဝင် ပစ္စည်းဝယ်ပြီးအပြန်တွင် ဆန် ၄ အိတ်ပါသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဆန်အိတ် ၄ အိတ်ပါလို့ မင်းလားကွ ထောက်ပို့ဆိုပြီး […]

ဂရိတ်ဝေါ(လ်)ဟိုတယ်တွင် ပိတ်မိသူများကို တရုတ်နှင့် ရုရှားအဖွဲ့တို့ ရှာဖွေနေပြီး ကိုယ်ဝန်ဆောင်တစ်ဦးကို ကယ်ထုတ်

Dawei Watch

March 31, 2025

မန္တလေးမြို့ ဂရိတ်ဝေါ(လ်) ဟိုတယ်အဆောက်အအုံတွင် ပိတ်မိနေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ယနေ့ မတ်လ ၃၁ ရက်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ရုပ်အလောင်း လေးလောင်းလည်း တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများကိုတွေ့ရှိပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ ဟိုတယ်တွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်း ဖြစ်သည်။ မန္တလေး Sky Villa ကွန်ဒိုတွင်လည်း အမျိုးသမီးနှစ်ဦးကို ယနေ့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းလည်း တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါကွန်ဒိုတို့တွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်သည်။ Eleven Media Group ၏ သတင်းတစ်ရပ်တွင်မူ Sky Villa ကွန်ဒိုတွင် […]

မလေးရှား ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းသို့ရောက်

Dawei Watch

March 31, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်၏ ဗဟိုချက်ဖြစ်ခဲ့ပြီး ပျက်စီးထိခိုက်မှု အလွန်များပြားသည့် စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မလေးရှားနိုင်ငံကအဖွဲ့ ရောက်ရှိနေကြောင်း အဆိုပါအဖွဲ့က ယနေ့ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။ မလေးရှားနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့စေလွှတ်ထားသည့်အနက် ပထဆုံးရောက်ရှိလာသည့် MAS-01 အဖွဲ့ စစ်ကိုင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာငလျင်ဘေးကို ကူညီကယ်ဆယ်ရန် မလေးရှားနိုင်ငံက အဖွဲ့ ၁၀ဦးပါဝင်သည့် အဖွဲ့နှင့် အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို စေလွှတ်ထားခြင်းဖြစ်သည်။ စစ်ကိုင်းမြို့တွင် ပျောက်ဆုံးနေသူများစွာရှိနေသေးပြီး ရှာဖွေကယ်ဆယ်ရေး မလုပ်နိုင်သေးသည့် နေရာများစွာရှိနေသေးကြောင်း စစ်ကိုင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကူညီရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၃၀ရက် ညနေပိုင်းတွင် Dawei Watch သို့ ပြောဆိုထားသည်။ စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသည့် […]

ဘန်ကောက်တွင် နောက်ဆက်တွဲ ငလျင်ကြောင့် အဆောက်အအုံအချို့ရှိ ပြည်သူများ ထပ်မံထွက်ပြေး

Dawei Watch

March 31, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ ၉ နာရီခွဲအချိန်ခန့်က နောက်ဆက်တွဲ ငလျင်အသေးစား လှုပ်ခတ်မှုခံစားရသဖြင့် အဆောက်အအုံတချို့ရှိ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်း လှုပ်ခတ်နေသော နောက်ဆက်တွဲငလျင်ငယ်များကြောင့် ဘန်ကောက်မြို့တွင် တုန်ခါမှုကို ခံစားရခြင်းဖြစ်သည်ဟု ထိုင်းမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ တုန်ခါမှုကြောင့် အသံမြည်လာပြီး အက်ကွဲရာများ ရှိလာသဖြင့် Government Complex Buliding A အတွင်းရှိ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အပြင်သို့ အမြန်ထွက်ပြေးခဲ့ရကြောင်း‌ ဖော်ပြသည်။ ဘန်ကောက်မြို့ထဲက မှုခင်းတရားရုံးတွင် ရွေးကောက်ပွဲကိစ္စနှင့်ပက်သက်၍ တရားစီရင်ချက်ချနေချိန် လှုပ်ခတ်မှုကြောင့် သတိပေးသံမြည်လာသဖြင့် ပြည်သူများ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ဒင်းဒယ်ဒေသရှိ အလုပ်သမားရုံးထဲကလည်း တုန်ခါမှုကို ခံစားရသဖြင့် ဝန်ထမ်းများကို အိမ်ပြန်စေခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ လက်ရှိတွင် […]