BREAKING
April 22, 2025

သတင်း

နှစ်ထပ်ကွမ်း ဂရင်းနစ်စံချိန်ရှင် အချိန်အကြာဆုံး နမ်းနိုင်သော ထိုင်းစုံတွဲကွာရှင်း

Dawei Watch

March 6, 2025

ကမ္ဘာ့ဂရင်းနစ်စံချိန်တင် အချိန်အကြာဆုံး နမ်းနိုင်ကြသူများဖြစ်သော ထိုင်းစုံတွဲသည် နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့နှစ်ဦးသည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး နမ်းနိုင်သူများအဖြစ် ဆယ်စုနစ်တစ်ခုကြာအောင် စံချိန်တင်ထားသူများဖြစ်သည်။ အေကချိုင်နှင့်လက်စနတို့နှစ်ဦးသည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်က ပတ္တယားတွင် ကျင်းပခဲ့သော မာရသွန်အနမ်းပွဲတွင် နှုတ်ခမ်းချင်း ၅၈ နာရီ ၃၅ မိနစ်ကြာအောင် နမ်းနိုင်ခဲ့ပြီး ကမ္ဘာ့ဂရင်းနစ်စံချိန်ကို ထပ်မံတင်ထားနိုင်သူများဖြစ်သည်။ ၂၀၁၁ ခုနှစ်က အချိန် ၄၆ နာရီ ၂၄ မိနစ်ကြာအောင် နမ်းနိုင်သော ၎င်းတို့၏ စံချိန်ကိုပင် ထပ်မံချိုးဖျက်ထားခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးသား ကွာရှင်းလိုက်ပြီဖြစ်ကြောင်း အေကချိုင်က ပြီးခဲ့သောဖေဖော်ဝါရီလက အတည်ပြုလိုက်သည်။ ၎င်းတို့နှစ်ဦးသည် အချိန်ကြာကြာ အတူတူဖြုန်းခဲ့ကြပြီး ဘဝတွင် တစ်ကြိမ်သာရရှိခဲ့သော အတွေ့အကြုံအတွက် ဂုဏ်ယူမိကြောင်း အေကချိုင်က […]

အဏုမြူလက်နက်ဖြင့် ဥရောပတိုက်ကို ရုရှားရန်မှကာကွယ်နိုင်ရေး ပြင်သစ်ကြိုးပမ်း

Dawei Watch

March 6, 2025

ပြင်သစ်ပိုင် အဏုမြူလက်နက်များ အသုံးပြုကာ ဥရောပတိုက်ကို ရုရှားရန်မှ ကာကွယ်ရေးအတွက် ဖြစ်နိုင်ခြေကို ဥရောပမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများတွင် ပြင်သစ်နိုင်ငံတစ်ခုတည်းကသာ အဏုမြူလက်နက် ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ဥရောပလုံခြုံရေးအတွက် အမေရိကန်၏ ပူးပေါင်းပါဝင်မှု မရှိတော့မည့်အရေး စိုးရိမ်မှုများ မြင့်တက်လာချိန် ပြင်သစ်သမ္မတက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲတွင် ပြင်သစ်သမ္မတက ရုရှားသည် “ပြင်သစ်နှင့် ဥရောပအတွက် ခြိမ်းခြောက်မှုတစ်ခု” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော်တို့ရဲ့ အဏုမြူလက်နက်အကာအကွယ်နဲ့ ဥရောပတိုက်က ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ကာကွယ်ဖို့အရေး မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီ” ဟုလည်း ပြောဆိုလိုက်သည်။ အဏုမြူလက်နက်အသုံးပြုခွင့်ကို ပြင်သစ်သမ္မတ၏ လက်မှာသာ ထားရှိမည်ဟု မက်ခရွန်က ဆိုသည်။ […]

တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ရက်ဆက်ဗုံးကြဲ

Dawei Watch

March 6, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ကော့ကရိတ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား မတ်လဆန်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသည့် အစွန်း၊ ကော့နွဲ့နှင့် ရွာသစ်ကုန်းကျေးရွာဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲက ရွာထဲမှာဖြစ်နေတာ မဟုတ်ပေမယ့် အခု လေယာဉ်နဲ့ ဗုံးလာကြဲနေတာက ရွာထဲမှာဖြစ်နေတယ်။ လေယာဉ်နဲ့က တစ်နေ့ ၃/၄ ကြိမ်လောက် လာနေတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိတော့ဘူး။ လူတွေလည်း ထွက်ပြေးကုန်ပြီ။ ရွာမှာဆိုတော့ အိမ်တွေ ထိတယ်။ လူတွေလည်း ထိတယ်” ဟု […]

ထိုင်းတွင် ချစ်သူနှင့်စကားများထားသည့် မြန်မာအမျိုးသားတစ်ဦး ရထားအတိုက်ခံကာ သေဆုံး

Dawei Watch

March 6, 2025

ချစ်သူနှင့်စကားများထားသည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှာ ရထားအတိုက်ခံကာ မိမိကိုယ်ကို အဆုံးစီရင်မှု ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချွန်ဘူရီခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၄ ရက်နေ့က အသက် ၂၂ နှစ်အရွယ် မြန်မာလူငယ်သည် ချစ်သူနှင့် ဗီဒီယိုဖုန်းခေါ်ဆိုခဲ့ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူသည် ချွန်ဘူရီခရိုင်တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ အမှိုက်သိမ်းအလုပ်သမားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။ အခင်းဖြစ်သောနေ့က မြန်မာလူငယ်သည် အသက် ၂၀ နှစ်အရွယ် ချစ်သူနှင့် ရထားလမ်းပေါ် စကားများ ရန်ဖြစ်ခဲ့ကြောင်း မြန်မာအမျိုးသမီးက ရဲတပ်ဖွဲ့သို့ ဖြေကြားခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၈ လကြာ ချစ်သူအဖြစ် အတူနေသူများဖြစ်ပြီး မြန်မာလူငယ်က အလုပ်ထွက်၍ မြန်မာနိုင်ငံရှိ အိမ်သို့ ပြန်၍ နေထိုင်ချင်နေသူတစ်ဦးဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အိမ်ပြန်လိုက်ရန် ခေါ်သောအခါ အမျိုးသမီးက […]

အိမ်မွေးတိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်မည့် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း စတင်မိတ်ဆက်

Dawei Watch

March 6, 2025

စပိန်နိုင်ငံ ၊ ဘာစီလိုနာမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့မိုဘိုင်းဖုန်းညီလာခံ(MWC)တွင် အိမ်မွေးတိရစ္ဆာန်များအတွက် အထူးစီမံထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုက မိတ်ဆက်ပြသလိုက်သည်။ PetPhone ဟု အမည်ပေးထားသည့် အဆိုပါ စမတ်ဖုန်းကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် GlocalMe က ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ယင်းစမတ်ဖုန်းတွင် အိမ်မွေးတိရစ္ဆာန်များ၏ စိတ်အခြေအနေကို နားလည်စေနိုင်မည့် PawTalk ဟု အမည်ပေးထားသော စွမ်းဆောင်ရည်ကို ထည့်သွင်းထားသည့်အပြင် ပိုင်ရှင်များအနေဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်မည့် အသံစနစ်လည်း ပါဝင်သည်။ အိမ်မွေးတိရစ္ဆာန်များအတွက် စိတ်အပန်းပြေစေနိုင်မည့် သီချင်းများလည်း ဖွင့်ပေးနိုင်သည်။ GPS၊ AGPS ၊ LBS ၊ Wi-fi ၊ Bluetooth နည်းပညာတို့ဖြင့် မိမိအိမ်မွေးတိရစ္ဆာန်ရောက်ရှိနေသည့် တည်နေရာကို ခြေရာခံနိုင်သည့်စနစ်လည်း ပါဝင်သည်။ အစာကျွေးခြင်းနှင့် လေ့ကျင့်ခန်း အချိန်ဇယား အပါအဝင် အိမ်မွေးတိရစ္ဆာန်များ၏ […]

အမေရိကအပေါ်ချထားသည့် ကုန်သွယ်ခွန်နှုန်း မြင့်မားနေဟု တောင်ကိုရီးယားကို ထရမ့်ဝေဖန်

Dawei Watch

March 6, 2025

အမေရိကအတွက် တောင်ကိုရီးယားက သတ်မှတ်ထားသည့် ကုန်သွယ်စည်းကြပ်ခွန်မှာ မြင့်မားနေပြီး တရုတ်ထက်ပင် ပိုဆိုးရွားနေသည်ဟု သမ္မတထရမ့်က ကွန်ဂရက်လွှတ်တော်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ တရုတ်၏ ကုန်သွယ်စည်းကြပ်ခွန်နှုန်းထားက အမေရိကန်ထက် နှစ်ဆပိုမြင့်နေသော်လည်း တောင်ကိုရီးယား၏ ပျမ်းမျှကုန်သွယ်စည်းကြပ်ခွန်နှုန်းထားမှာ အမေရိကန်ထက် လေးဆ ပိုမြင့်နေသည်ဟု ထရမ့်က ဆိုသည်။ “ကျွန်တော်တို့က တောင်ကိုရီးယားကို စစ်ရေးနဲ့ အခြားအကူအညီတွေ အများကြီး ထောက်ပံ့ပေးတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့အပေါ် ဒီလို လုပ်တယ်”ဟု ၎င်းက ပြောသည်။ ထရမ့်က ယင်းသို့ ပြောသော်လည်း အမေရိကန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (FTA) အရ နှစ်နိုင်ငံကြား ကုန်သွယ်မှု ၉၈ ရာခိုင်နှုန်းနီးပါးမှာ ကုန်သွယ်စည်းကြပ်ခွန် မရှိသလောက်နီးပါးဖြင့် လွတ်လပ်စွာ ကုန်သွယ်နေကြခြင်းဖြစ်သည်။ “တောင်ကိုရီးယားမှာ အမေရိကန်တပ်တွေ ထားရှိဖို့ အပါအဝင် အမေရိကန်ရဲ့ […]

စစ်ကောင်စီတပ် ဖမ်းထားသည့် တနင်္သာရီ သိန်ခွန်းရွာက စစ်ရှောင် ၁၈ဦး အဆက်အသွယ်မရသေး

Dawei Watch

March 6, 2025

တနင်္သာရီမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် သိန်ခွန်းရွာက စစ်ဘေးရှောင်ပြည်သူ ၁၈ဦးမှာ တစ်ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီနေသူများ ထံမှ သိရသည်။ သိန်ခွန်းရွာမှာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိသည်။ ဒီဇင်ဘာလ ၁၈ ရက်မှ စတင်ကာ စစ်ကြောင်းထိုးမှုများနှင့် တိုက်ပွဲများကြောင့် သိန်ခွန်းရွာသားများမှာ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူများဖြစ်သည်။ ယင်းသို့ တိမ်းရှောင်နေကြရာမှ ဖေဖော်ဝါရီလ ၂၈ရက် မွန်းလွဲ ၁နာရီခန့်က စစ်ရှောင်ပြည်သူ ၁၈ ဦးမှာ သိန်ခွန်းရွာအနီးရှိ ဥယျာဉ်ခြံအတွင်း ကွမ်းသီး သွားခူးချိန် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တွေ့ကာ ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ ”အခုအချိန်ထိတော့ သူတို့နဲ့ ဆက်သွယ်လို့မရဘူး။ စစ်ကြောင်းလှုပ်ရှားနေတဲ့ သိန်ခွန်းနယ်မြေမှာ သူတို့ (စကစ) သွားတဲ့နောက် ခေါ်ဆောင်နေတယ်လို့တော့ သိရတယ်” […]

ပုလော ဆင်ထိုးကြီးရွာတွင် စစ်ဘေးရှောင်ရွာသားများကို ပြန်နေထိုင်ခွင့်ပြုဟု KNLA ပြော

Dawei Watch

March 5, 2025

ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာက စစ်ဘေးရှောင်ဒေသခံများကို ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့် ပြုထားပြီ ဖြစ် ကြောင်း KNU တပ်မဟာ (၄)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၂ တပ်ရင်းမှူးက ပြောသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ အင်းမ၊ ဆင်ထိုးကြီး၊ ဘုရင့်တောင်ရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ သဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လ ၁ရက်ကစပြီး နိုဝင်ဘာလနောက်ဆုံးအပတ်အထိ စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိတွေ့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်း၊ ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများရှိသဖြင့် နေရပ်ပြန် နေမည့်ကိစ္စကို တားမြစ်ထားခဲ့ကြောင်း KNLA တပ်ရင်း ၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဒါးဒါးက ပြောသည်။ “အခုတော့ ပြန်နေခိုင်းပါပြီ။ အခုလ ၃ ရက်နေ့က ပြောထားပြီးပြီ” ၎င်းက ပြောဆိုသည်။ […]