BREAKING
April 22, 2025

သတင်း

ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်

Dawei Watch

March 7, 2025

ထားဝယ်မြစ်၏အရှေ့ဘက် ရေဖြူမြို့ပေါ်ရှိ ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။ “လက်နက်ကြီးတွေရောပဲ၊ မိနစ်သုံးဆယ်လောက်ကြာမယ်၊ အပြန်အလှန်ပစ်‌ကြတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ က တံတားအရှေ့ဘက်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။ ရေဖြူတံတားစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၁ ရက်ကလည်း တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ကျောက်ကညာအခြေစိုက် အမြောက်တပ်က ပစ်ကူ‌ပေးသည့် လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့သည်။ သို့သော် ယနေ့ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်နှင့် ထိခိုက်မှု […]

ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အကြမ်း ဈေးကျ

Dawei Watch

March 7, 2025

ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အကြမ်း ဈေးကျကြောင်း ငှက်သိုက်မွေးမြူသူများနှင့် ဈေးကွက်အတွင်းမှ သိရသည်။ ယမန်နှစ်က ငှက်သိုက်အကြမ်း တစ်ပိဿာလျှင် ငွေကျပ် သိန်း ၃ဝကျော် ဈေးပေါက်ခဲ့ပြီး လက်ရှိအချိန်တွင် သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ‌ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်ရောင်းဝယ်သူအချို့က ဆိုသည်။ ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အများစုကို မြိတ်မြို့ရှိ ကုန်သည်များက အဓိကဝယ်ယူကြပြီး လက်ရှိတွင် ငှက်သိုက် အကြမ်းထက် သန့်စင်ပြီး ငှက်သိုက်ကိုသာ ဝယ်ယူကြသဖြင့် ငှက်သိုက်အကြမ်း ဈေးကျလာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်မွေးမြူနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “ငှက်သိုက်ကုန်ကြမ်းတွေကို အကုန်ပြန်သန့်စင်အောင် လုပ်ရတယ်။ ဒါမှဈေးကောင်းရတယ်။ အဲဒီလိုမလုပ်ရင် ဘိတ်(မြိတ်)ကတောင် မဝယ်ဘူး” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ငှက်သိုက်အတွင်းပါရှိသည့် ငှက်သွေးစများနှင့် အမွှေးများကို ပြန်လည်သန့်စင်ကာ ငှက်သိုက်အသန့်အဖြစ် ပြုပြင်ရောင်းချလာကြကြောင်း […]

ကာကွယ်ရေး အသုံးစရိတ် တဟုန်ထိုး မြှင့်တင့်ရန် ဥရောပဆုံးဖြတ်

Dawei Watch

March 7, 2025

ဥရောပကော်မရှင်ထိပ်သီးအစည်းအဝေးတွင် ဥရောပလုံခြုံရေးအတွက် ကာကွယ်ရေးအသုံးစရိတ် တဟုန်ထိုး မြှင့်တင်ရန် သဘောတူခဲ့ကြပြီး ယူကရိန်းအတွက် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံ အားပေးမှုကို ပြသနိုင်ခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တက်လာပြီးနောက် အမေရိကန်၏ ကာလရှည်မဟာမိတ်ဖြစ်သည့် ဥရောပနှင့် ဆက်ဆံရေးပြိုကွဲလာချိန် ၊ ရုရှား၏ ပိုမိုရဲတင်းလာသည့် ခြိမ်းခြောက်မှုများကြောင့် ဥရောပခေါင်းဆောင်များက ယင်းသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပကော်မရှင်ထိပ်သီးဆွေးနွေးပွဲတွင် ယူကရိန်း၏ လွတ်လပ်ခွင့်၊ လွတ်လပ်ရေးနှင့် နယ်နိမိတ်ကို ကာကွယ်သည့် ကြေညာချက်တစ်စောင်ကို ဥရောပခေါင်းဆောင် ၂၆ ဦးက လက်မှတ်ရေးထိုးခဲ့သည်။ ရုရှားနှင့် နီးစပ်သည့် ဟန်ဂေရီတစ်နိုင်ငံတည်းကသာ ယင်းဆုံးဖြတ်ချက်ကို ကြားနေမဲ ပေးခဲ့သည်။ ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရန်အတွက် ယူရို ၁၅၀ ဘီလီယံအထိ ထုတ်ချေးပေးမည့် ဥရောပကော်မရှင်ဥက္ကဋ္ဌ၏ အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ […]

ထားဝယ်အရှေ့တောဒေသတွင် ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းမီးရှို့ခံရ

Dawei Watch

March 7, 2025

ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ရေဝိုင်းရွာမှ ပကာရီရွာဘက်သို့ အင်အားရာနှင့်ချီသုံးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာ၊ ရမ္မဇူရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းနှစ်ကြောင်း၊ ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်သို့ စစ်ကြောင်း နှစ်ကြောင်း ဖြန့်ကျက်ထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မတ်လ ၇ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် စခန်းကို မီးရှို့ဖျက်ဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ်ကတည်းက T1 စခန်းက တပ်ဖွဲ့ဝင်များ အခြားသို့ရွှေ့ထားသဖြင့် […]

နှစ်နိုင်ငံ လုံခြုံရေးသဘောတူစာချုပ်ကြောင့် ဂျပန်ကသာ အကျိုးအမြတ်ရနေဟု ထရမ့်ဆို

Dawei Watch

March 7, 2025

အမေရိကန်က ယခင်သဘောတူထားသည့် ဂျပန်-အမေရိကန် လုံခြုံရေးစာချုပ်မှ ဂျပန်နိုင်ငံက အကျိုးအမြတ်များစွာရနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က စောဒကတက်ပြောဆိုလိုက်သည်။ ယင်းစာချုပ်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးရန် မလိုအပ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ နေတိုးအဖွဲ့ထဲရှိ ဥရောပနိုင်ငံများ၏ အသုံးစရိတ်နှင့် ပတ်သက်၍ သတင်းထောက်များကို ပြောကြားနေချိန်တွင် သမ္မတထရမ့်က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ သမ္မတထရမ့်က ၎င်းအနေဖြင့် ဂျပန်နိုင်ငံကို နှစ်သက်သဘောကျကြောင်း ၊ ဂျပန်နှင့် အမေရိကန်အကြား ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သို့သော်လည်း နှစ်နိုင်ငံအကြား စိတ်ဝင်စားစရာကောင်းသော သဘောတူညီချက် တစ်ခုရှိပြီး ယင်းသဘောတူညီချက်အရ အမေရိကန်က ဂျပန်ကို ကာကွယ်ပေးရမည် ဖြစ်သော်လည်း ဂျပန်က အမေရိကန်ကို ကာကွယ်ပေးစရာမလိုကြောင်း ထရမ့်က ထောက်ပြဝေဖန်သည်။ “ဒီသဘောတူညီချက်ကို […]

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး မျက်စိလှူဒါန်း

Dawei Watch

March 7, 2025

ထိုင်းနိုင်ငံ မဟာချိုင်ဒေသက စမွန်စခွန်ဆေးရုံကြီးတွင် ဆေးကုသနေသော မြန်မာအလုပ်သမားတစ်ဦး၏ မျက်စိတစ်စုံကို လိုအပ်သည့် လူနာများ ကုသနိုင်ရန် မတ်လ ၆ ရက်နေ့က ဇနီးဖြစ်သူက ပေးလှူခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့နှင့် စမွတ်စခွန်ဆေးရုံကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ အသက် ၄၂ နှစ်အရွယ် ကိုသက်ချိုသည် မဟာချိုင်ဒေသရှိ စက်ရုံတွင် ဇနီးနှင့်အတူ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့က ရေးသားသည်။ ပြီးခဲ့သော မတ်လ ၃ ရက်နေ့က အပြင်ထွက်စဉ် ၁၈ ဘီးတပ် ကုန်တင်ကားနှင့် တိုက်မိကြောင်း ဖော်ပြသည်။ မတော်တဆဖြစ်ပြီး စမွတ်စခွန်ဆေးရုံကြီးတွင် အရေးပေါ်ကုသမှု ခံယူနေစဉ် လူနာသည် မတ်လ ၆ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ဆေးရုံကြီးက ထုတ်ပြန်သည်။ လူနာမသေဆုံးမီ ဆေးရုံအတွင်းရှိ အမြင်အာရုံကုသရန် လိုအပ်နေသော […]

ယူကရိန်းတွင် ဥရောပတပ်များထားမည့်ကိစ္စမျိုး ခွင့်မပြုဟု ရုရှားသတိပေး

Dawei Watch

March 7, 2025

ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ယူကရိန်းတွင် ထားရှိသွားမည်ဆိုပါက စစ်ပွဲတွင် နေတိုးအဖွဲ့၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟု မှတ်ယူပြီး ယင်းကို ရုရှားဘက်က ခွင့်ပြုသွားမည်မဟုတ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က ကြာသပတေးနေ့က သတိပေးပြောဆိုလိုက်သည်။ ရုရှားရန်မှ ဥရောပကို ကာကွယ်ရေးအတွက် အဏုမြူလက်နက် အသုံးပြုရေး အလားအလာကို ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်က အဆိုပြုလာသည့်အပေါ် ၎င်းက ယင်းသို့ဝေဖန်ပြောဆိုခဲ့သည်။ ပြင်သစ်သမ္မတ၏ အဆိုပြုချက်မှာ အန္တရာယ်များပြီး လက်ရှိတင်းမာမှုများကို ပိုမိုဆိုးရွား သွားစေလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ နှစ်ဘက်စလုံး၏ သဘောတူညီချက်ရပြီးမှသာ ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ ထားခွင့်ရှိမည်ဟု ၎င်းက ပြောသည်။ ယူကရိန်းစစ်အပစ်ရပ်ရေး သဘောတူညီချက်ရပြီးလျှင် ယူကရိန်းတွင် ဥရောငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များကို ထားရှိသွားရန် ဥရောပခေါင်းဆောင်အချို့က အဆိုပြုလိုက်ပြီးနောက်တွင် ရုရှားဘက်က ယင်းသို့ တုံ့ပြန်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်၏ ထောက်လှမ်းရေးအကူအညီသာ […]

စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ ထပ်မံ ဘက်ပြောင်းခိုလှုံ

Dawei Watch

March 7, 2025

စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၁ နှင့် အပတ်စဥ် ၆ သင်တန်းဆင်း တပ်သားနှစ်ဦး မွန်နှင့် တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်းထံသို့ ထပ်မံ၍ ဘက်ပြောင်းခိုလှုံကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးမြို့နယ်အတွင်း လမ်းကင်းဆောင်ရွက်နေစဉ် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒေသခံများအား ဆက်သွယ်မေးမြန်း၍ ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ ထံသို့ မတ်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေါနတပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ရန်ကုန်နှင့် ပဲခူးဒေသခံများဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရခဲ့သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၊ အမှတ် ၁ အရာခံနှင့်တပ်ကြပ်ကြီးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး […]