ဥရောပလက်နက်ကုမ္ပဏီများ ထုတ်လုပ်အားမြှင့်တင်ရန် နေတိုးအတွင်းရေးမှူးချုပ် တိုက်တွန်း
Dawei Watch
March 9, 2025ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ခြင်းသည် ဥရောပတိုက်ကို ကာကွယ်ရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး ဥရောပလက်နက်ကုမ္ပဏီများအနေဖြင့် လက်နက်များများ ထုတ်လုပ်ပေးပြီး တာဝန်ကျေကြဖို့ လိုကြောင်း နေတိုးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ Mark Rutte က တိုက်တွန်းပြောဆိုလိုက်သည်။ ဥရောပတွင် လက်နက်ပစ္စည်း မဆိုစလောက်သာ ထုတ်လုပ်နေခဲ့သည်မှာ အချိန်များစွာကြာခဲ့ပြီဟု ၎င်းက ဆိုသည်။ ဂျာမဏီကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများကို ၎င်းက ချီးမွမ်းခဲ့သော်လည်း ဥရောပအတွက် လိုအပ်သလောက် မထုတ်လုပ်နိုင်သေးကြောင်း မှတ်ချက်ပေးခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကိုလည်း လျင်လျင်မြန်မြန် တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ လက်နက်ခဲယမ်း ၊ တင့်ကား ၊ ဂျက်လေယာဉ် ၊ ဂြိုဟ်တုနဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်”ဟု ၎င်းကပြောသည်။ အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်သည့် နေတိုးအဖွဲ့၏ အခန်းကဏ္ဍကို […]