ဆီးရီးယားတွင် သုံးရက်ကြာ တိုက်ပွဲကြောင့် ၁၃၀၀ ကျော် သေဆုံး
Dawei Watch
March 10, 2025ဆီးရီးယားအစိုးရသစ်၏ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အာဆတ်ကို သစ္စာခံသည့် အလာဝိုက်လူနည်းစု လက်နက်ကိုင်များအကြား သုံးရက်ကြာ ပြင်းထန်တိုက်ပွဲများကြောင့် ၁၃၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံ၊ မြေထဲပင်လယ် ကမ်းရိုးတန်းဒေသများတွင် စတင်ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အာဆတ်အစိုးရ ပြုတ်ကျသွားပြီးနောက် ပေါ်ပေါက်လာသည့် အဆိုးရွားဆုံး သွေးထွက်သံယို အကြမ်းဖက်မှု ဖြစ်သည်ဟု သတ်မှတ်ခံထားရသည်။ ယင်းမှာ ဆီးရီးယားအစိုးရသစ် အာဏာရလာပြီးကတည်းက အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်သည်။ သုံးရက်ကြာ တိုက်ပွဲအတွင်း အရပ်သား ၈၃၀ ဦး သေဆုံးခဲ့ပြီး ဆီးရီးယားအစိုးရသစ်ဘက်မှ ၂၃၁ ဦးနှင့် အာဆတ်အစိုးရဟောင်းကို သစ္စာခံသည့် လူနည်းစုအလာဝိုက် စစ်သွေးကြွ လက်နက်ကိုင်များဘက်မှ ၂၅၀ […]