တနင်္သာရီဒေသရှိ ပြည်သူ့အခြေပြုကျောင်းများအတွက် ပညာမီးအိမ်ကမ်ပိန်းပြုလုပ်
Dawei Watch
March 11, 2025တနင်္သာရီဒေသရှိ ပြည်သူ့အခြေပြုကျောင်းများတွင် အခြေခံပညာသင်ယူပြီးနောက် အဆင်မြင့်ပညာရေးသင်ယူနိုင်ရန် အကူအညီလိုအပ်နေသော ကျောင်းသား၊ ကျောင်းသူများအတွက်ရည်ရွယ်၍ “ပညာမီးအိမ်” အမည်ဖြင့် ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းကို မတ်လ ၉ ရက်က စတင်ပြုလုပ်နေကြောင်း ကမ်ပိန်းဦးဆောင်သူများထံမှ သိရသည်။ ပညာမီးအိမ်ကမ်ပိန်းကို Spring Edu Garden သင်ကြားရေးစင်တာနှင့် တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသ) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ကမ်ပိန်းကာလကို မတ်လ ၉ ရက်မှ ဧပြီလ ၁၂ ရက်အထိ ရက်သတ္တပတ် ငါးပတ်ကြာပြုလုပ်မည်ဖြစ်ပြီး ရန်ပုံငွေ ကျပ်သိန်းငါးရာခန့် ရရှိနိုင်ရန်လျာထားကြောင်း ကမ်ပိန်းဆောင်ရွက်သူများက ပြောသည်။ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ၏ လူမှုကွန်ရက်စာမျက်နှာမှ တိုက်ရိုက်ဆက်သွယ်၍ ကံစမ်းမဲ တစ်စောင်လျှင် မြန်မာကျပ်ငွေ ၅၀၀၀ ကျပ် သို့မဟုတ် ထိုင်းဘတ်ငွေ […]