မြိတ်၊ ကြေးနန်းတိုင်တံတားဂိတ်တွင် ဖမ်းဆီးခံရသည့်ကားသမားနှစ်ဦး တစ်ပတ်နီးပါးကြာအထိ အဆက်အသွယ်မရ
Dawei Watch
March 12, 2025မြိတ်မြို့နယ် ကြေးနန်းတိုင်တံတားစစ်ကောင်စီတပ် စစ်ရေးဂိတ်တွင် ဖမ်းဆီးခံရသည့် ကားသမားနှစ်ဦးကို သီတင်းပတ် တစ်ပတ်နီးပါးအကြာ မတ်လ ၁၂ ရက်အထိ အဆက်အသွယ် မရသေးကြောင်း ကားသမားများ၊ နီးစပ်သူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၇ ရက်က အဆိုပါဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ဆေးပြီးနောက် ကုန်ကားမောင်သူနှင့် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း နီးစပ်သူအချို့က ပြောသည်။ အဆိုပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် မော်တုန်းရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည် ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ မတ်လ ၇ရက်တွင် မြိတ်မြို့ဘက်မှ မော်တုန်းရွာဘက်သို့သွားချိန် ကြေးနန်းတိုင်တံတားစစ်ဆေးဂိတ်တွင် အသက် ၅၀ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၂၆ နှစ်အရွယ် ကားနောက်လိုက်တို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ”ကုန်ကားဆိုတော့ အစုံတင်တာပေါ့။ စကစဘက်က […]