BREAKING
April 21, 2025

သတင်း

တနင်္သာရီ လယ်သစ်ရွာတွင် ဒီတိုနေတာ ပေါက်ကွဲပြီး ကလေးတစ်ဦးအပါအဝင် မိသားစုဝင် သုံးဦးဒဏ်ရာရ

Dawei Watch

March 12, 2025

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ(Detonator)ကို ဘက်ထရီဖြင့် စမ်းသပ်ဆက်သွယ်ရာက ပေါက်ကွဲမှုဖြစ်ပြီး မိသားစုဝင် သုံးဦးဒဏ်ရာရသွားကြောင်း ဒေသခံအချို့နှင့်တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။ မတ်လ ၁၀ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လယ်သစ်ရွာကျေးရွာအနီးရှိ ဥယျာဥ်ခြံအတွင်းက ကောက်လာသည့် ဒီတိုနေတာ ဒေသအခေါ် ကစ်သီးကို နေအိမ်ရှိ ဘက်ထရီနှင့်ဆက်သွယ်ကြည့်ရာက ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အသက် ၄၄ နှစ်အရွယ် ဒေသခံအမျိုးသမီး တစ်ဦးက ဆိုသည်။ ဒီတိုနေတာ ဆိုသည်မှာ ပေါက်ကွဲစေတတ်သည့် ပစ္စည်းဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများတွင် စနက်တံအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိကာ ဘက်ထရီနှင့်တွဲသုံးရသည်မျိုးရှိသလို မီးရှို့သုံးရသည်မျိုးလည်းရှိသည်။ ထိုသို့ ပေါက်ကွဲချိန်တွင် နေအိမ်အတွင်း မိသားစုဝင်ငါးဦးရှိနေရာက အသက် ၄၃ နှစ်နှင့် ၃၀ နှစ်အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦးတို့ […]

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင် ရှင်ဆံတော်ဘုရားပွဲ ပြန်ကျင်းပ

Dawei Watch

March 12, 2025

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ဆံတော်(ခ)ဆံတော်ရှင် ဘုရား၏ တပေါင်းလ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ဇာတ်ပွဲထည့်သွင်း၍ ပြန်လည်ကျင်းပနေကြောင်း ဘုရားဂေါပကအဖွဲ့ထံကသိရသည်။ ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းမှု ကာလအတွင်း ရှင်ဆံတော်ဘုရားပွဲကို ဇာတ်ပွဲထည့်သွင်း ကျင်းပခြင်းမရှိဘဲ ဘုရားအနေကဇာတင်ပွဲနှင့် ငွေဆွမ်းလောင်းပွဲသာ နှစ်စဥ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဇာတ်ပွဲထည့်သွင်းကာ ကျင်းပခြင်းဖြစ်သည်။ “အစဥ်အလာတစ်ခုကို ပြန်လည်ဖော်ထုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ မြို့ခံတွေရဲ့ တောင်းဆိုတဲ့ ဆန္ဒအရ ယခုနှစ်မှာ ညတစ်ဝက်(ည၁၂နာရီအထိ) ဇာတ်ပွဲထည့်ပြီး ပြန်ကျင်းပတာပါ ” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဘုရားပွဲကို တပေါင်းလဆန်း ၁၃ ရက်မှ တပေါင်းလပြည့်နေ့အထိ(မတ်လ ၁၁ ရက် မှ ၁၃ ရက်အထိ) သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး တပေါင်းလပြည့် နံနက်တွင် သံဃာအပါးငါးဆယ်ဖြင့် ဘုရားအနေကဇာတင်ခြင်း […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

March 12, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် တနင်္သာရီတိုင်းစစ်ကောင်စီ ကြိုပြင်၊ ထိုင်း-ဂျပန်တို့နှင့် ပူးပေါင်းမှုကို ဖျက်သိမ်း

Dawei Watch

March 12, 2025

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားနိုင်ငံတို့ စာချုပ်ချုပ်ဆိုပြီးနောက် တနင်္သာရီတိုင်း စစ်ကောင်စီဘက်ကလည် ယင်းစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေသည်။ ထားဝယ်မြို့ရှိ စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၁၁ရက်က အစည်းအဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ် စလုံးတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ကြိုတင်ပြင်ဆင်ထားရမည့်ကိစ္စရပ်များကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက ညွှန်ကြားခဲ့သည်။ ထိုနေ့က ကျင်းပသည့် ပထမ အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည်။ ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်လည်ပတ်လာပါက ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း စသည်တို့နှင့် ဆက်စပ်ပတ်သက်သည့် အုပ်ချုပ်ရေးကိစ္စများ အများအပြားထွက်ပေါ်လာမည်ဖြစ်ပြီး ထိုအုပ်ချုပ်ရေး ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်ထားရန် ဦးမြတ်ကိုက ၎င်းလက်အောက်ရှိ ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။ အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့လည်း များပြားလာနိုင်ကြောင်း ဦးမြတ်ကို ထိုအစည်းအဝေးတွင်ပြောဆိုခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဒုတိယ […]

ထားဝယ်ဆေးရုံကြီးကို ညဘက်ဝင်ခွင့်ပိတ်၊ လူနာလာလျှင် ဖုန်းဆက်ဝင်ခွင့်တောင်းရမည့်အပေါ် မြို့ခံများဝေဖန်

Dawei Watch

March 12, 2025

ထားဝယ်ပြည်သူ့ဆေးရုံကြီးကို ညဘက် ဝင်ခွင့်ပိတ်ထားပြီး ညဘက် ဆေးကုသရန် လူနာလာမည်ဆိုလျှင် ဖုန်းဆက်ပြီး ဝင်ခွင့်တောင်းရမည်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ ထားဝယ်ဆေးရုံကြီး၌ အဝင်အထွက်တံခါးပေါက် နှစ်ပေါက်ရှိရာတွင် အာဏာသိမ်းပြီးနောက် နေ့ည ၂၄ နာရီ ဖွင့်ထားသည့် သူနာပြုသင်တန်းကျောင်းဘက် ဝင်ပေါက်ကို မတ်လ ၉ ရက်က စပြီး ညဘက်ဝင်ခွင့် ပိတ်လိုက်ကြောင်း ၎င်းတို့က ပြောသည်။ ဆေးရုံတာဝန်ရှိသူတို့၏ ညွှန်ကြားချက်အရဟုဆိုကာ နံနက် ၅ နာရီမှ ည ၁၀ နာရီအထိသာ ဖွင့်ပေးတော့ကြောင်း ဆေးရုံ ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ “ဆေးရုံကတော့ ညဘက်ပိတ်တာတော့ မဟုတ်ပါဘူး။ ညဘက် ၁၀ နာရီဆိုရင် တံခါးသော့ခတ်လိုက်တယ်။ တံခါးမှာ ဖုန်းနံပါတ်တွေ စာရွက်မှာ ရေးပြီး ချိတ်ပေးထားတယ်။ လူနာလာလို့ ဖုန်းဆက်ရင် သက်ဆိုင်ရာ […]

ထိုင်းတောင်ပိုင်း ကော့စမွေကျွန်းက မြန်မာကုန်စုံဆိုင် ဖမ်းဆီးခံရ

Dawei Watch

March 12, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းပေါ်ရှိ မြန်မာကုန်စုံဆိုင်ကို ထိုင်းဌာနဆိုင်ရာအဖွဲ့က မတ်လ ၁၁ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘိုဖွတ်ဒေသထဲက ဘုရားကြီးအနီးတွင် နိုင်ငံခြားသားများ ဆိုင် တရားမဝင် ဖွင့်လှစ်ရောင်းချနေကြောင်း တိုင်ကြားမှု ရရှိသဖြင့် ဌာနဆိုင်ရာ အာဏာပိုင်အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ဆိုင်တွင် အရောင်းဝန်ထမ်း အသက် ၃၅နှစ်အရွယ် မလှဝင်းချို မြန်မာကုန်ပစ္စည်းများကို ရောင်းချနေသည်ကို တွေ့ရပြီး ဆိုင်ပိုင်ရှင်ကိုမူ မတွေ့ရကြောင်း ဆိုသည်။ မြန်မာဝန်ထမ်းအမျိုးသမီးမှာ အဆိုပါဆိုင်တွင် လုပ်ကိုင်နေသည်မှာ ခုနစ်လကြာပြီဖြစ်ပြီး အလုပ်လုပ်ခွင့် မရှိသော အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှုနှင့် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချမှုတို့ဖြင့် ၎င်းကို အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။ အဆိုပါဝန်ထမ်းကို ဘိုဖွတ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဆိုင်ထဲ ရောင်းချနေသော မြန်မာပစ္စည်း […]

မြိတ်မြို့တွင် တစ်ညတည်း ဆိုင်ကယ်တိုက်မှုသုံးကြိမ်ဖြစ်ပြီး အမျိုးသားလေးဦးဒဏ်ရာရ

Dawei Watch

March 12, 2025

မြိတ်မြို့၊ ကမ်းနားလမ်းနှင့် ထားဝယ်ကမ်းရပ်တွင် မတ်လ ၁၁ရက် ညပိုင်းက ဆိုင်ကယ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦး ဒဏ်ရာရကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ ကမ်းနားလမ်းတွင် ည ၉ နာရီဝန်းကျင်၌ ဆိုင်ကယ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကြောင်း ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။ ညနေ ၆ နာရီဝန်းကျင်တွင်လည်း မြိတ်မြို့ ထားဝယ်ကမ်းရပ် မီးပွိုင့်တွင် ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ခဲ့ပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသေးကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့တွင် ယခုမတ်လဆန်းတွင် ယာဥ်တိုက်မှု အဖြစ်များလာပြီး ယာဥ်တိုက်မှု အများစုသည် ကမ်းနားလမ်းတွင် ဖြစ်ကာ ညဘက်တွင်အဖြစ်များလေ့ရှိကြောင်း မြိတ်မြို့အခြေစိုက် လူနာတင်ယာဥ်မောင်းသူတစ်ဦးက ပြောဆိုသည်။ “ကမ်းနားလမ်းမှာက ညဘက်ဆို ဘီယာဆိုင်ကပြန်၊ ဘားက […]

တနင်္သာရီတွင် စစ်ရှောင်များရှိသည့်နေရာကို စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ပြီး ဒရုန်းဖြင့်ပါဗုံးချ

Dawei Watch

March 12, 2025

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာက စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သလို ဒရုန်းဖြင့်လည်း ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၃၀၆ အမြောက်တပ်ရင်း က ၁၂၀ မမ လက်နက်ကြီးဖြင့် ခြောက်လုံးပစ်ခတ်ခဲ့ကြောင်း အနောက်မော်တုန်းရွာနေ ဒေသခံများက ပြောသည်။ ထို့အပြင် ညနေ ၄နာရီခွဲဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်က အနောက်မော်တုန်းကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ ရွာက အရပ်သားအများစုရှိတဲ့နေရာတွေကို ကျတာ။ တော်သေးတာက ရှောင်ဖို့ အချိန်ရလိုက်ပြီး ကပ်သီလေးလွဲသွားလို့။ မဟုတ်ရင် ရွာကသူတွေ တော်တော်များများ ထိခိုက်ကြမှာ” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က […]