BREAKING
January 9, 2025

သတင်း

ထားဝယ်အထူးစီးပွားရေးဇုန်ရှိ မူးဒူးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်၊ ရွာခံနှစ်ဦးဖမ်းဆီးခံရ

Dawei Watch

November 9, 2024

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ မူးဒူးရွာကို ယနေ့ နိုဝင်ဘာလ ၉ရက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာပြီး ရွာခံအမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ အင်အားတစ်ရာခန့်ရှိသည် စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ရွာမှ ယနေ့ နံနက်၁၁ နာရီခွဲခန့်တွင် မူးဒူးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ဆိုသည်။ စစ်ကြောင်းနှင့် တိုက်ရိုက်တိုးသည့် မူးဒူးရွာသူ အသက် ၄၀ ကျော်အရွယ် ဒေါ်ဝါဝါခိုင်နှင့် အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါဒေသခံနှစ်ဦးမှာ မူးဒူးရွာဘက်စစ်ကြောင်းဝင်သည့် နိုဝင်ဘာလ ၇ ရက်ကစပြီး တိမ်းရှောင်နေသည့် စစ်ဘေးရှောင် ရွာသားနှစ်ဦးဖြစ်ကြောင်း မူးဒူရွာခံအချို့က ဆိုသည်။ “သူတို့က စားစရာပြန်တက်ယူတာ။ ရွာမှာ အဲဒီမှာ စစ်ကြောင်းနဲ့တိုးပြီး […]

ပုလဲ၊ ပုဇွန်၊ ရော်ဘာလုပ်ငန်းများကို လာလေ့လာရန် တနင်္သာရီဝန်ကြီးချုပ်က တရုတ်ကို ဖိတ်ခေါ်

Dawei Watch

November 9, 2024

တနင်္သာရီတိုင်းရှိ ပုလဲလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းနှင့် ရော်ဘာလုပ်ငန်းများကို လာရောက်လေ့လာရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို စစ်ကောင်စီခန့် တနင်္သာရီဝန်ကြီးချုပ်က ဖိတ်ခေါ်‌‌ခဲ့သည်ဟု ထုတ်ပြန်ချက်အရသိရသည်။ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်သို့ လိုက်ပါသွားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုက တရုတ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဦးမြတ်ကိုအပါအဝင် စစ်ခေါင်းဆောင်များသည် နိုဝင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ဖိတ်‌ခေါ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် စာစောင်တစ်ခုဖြစ်သော ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြထားသည်။ တနင်္သာရီတိုင်းတွင် ပုလဲ‌မွေးမြူရေးလုပ်ငန်း ၇ ခုဖြင့် ရောင်းတန်းဝင်ပုလဲများထုတ်လုပ်နေကြောင်း၊ပုဇွန်မွေးမြူရေးလုပ်ငန်းများလည်း လုပ်ကိုင်နေကြောင်း၊ ရော်ဘာဧက ၂ သိန်းခွဲကိုလည်း စိုက်ပျိုးထားသဖြင့် လာရောက်လေ့လာရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုဦးမြတ်ကိုက ဖိတ်ခေါ်ခဲ့သည်ဟု ယင်းဂျာနယ်တွင် ဖော်ပြထားသည်။ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် MAGGA Initiative အဖွဲ့၏ ထုတ်ပြန်ချက်အရ ပုလဲလုပ်ငန်းမှ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

November 9, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ စပိန်ရေဘေးကြောင့် သေဆုံးသူ ၂၀၀ ကျော်လာ စပိန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ရေကြီးရေလျှံဖြစ်လာခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့အထိဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၉ ဦးအထိ ရှိလာခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းက ဗလန်စီယာဒေသ တစ်ခုထဲမှာတင် သေဆုံးသူ ၂၀၀ ကျော်ခဲ့တာပါ။ ပျောက်ဆုံးနေသူတွေလည်း ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ဝင်ရောက်တဲ့ မုန်တိုင်းကြောင့် ပျက်စီးမှုတွေကနေ စပိန်နိုင်ငံမှာ လူသေဆုံးမှုတွေအထိ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာလည်း မော်တော်ကားတွေ၊ အပျက်အစီးတွေ ပုံနေခဲ့တာပါ။ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး သောက်သုံးရေ မရတဲ့အပြင် ဖုန်း အဆက်အသွယ်လည်း […]

ထားဝယ်မြို့ပေါ်တွင် ကထိန်ပဒေသာပင် အရောင်းသွက်

Dawei Watch

November 9, 2024

ယခုနှစ် ကထိန်ရာသီတွင် ထားဝယ်မြို့ပေါ်ရှိ နိဗ္ဗာန်ကုန်ဆိုင်များတွင် ကထိန်ပဒေသာပင်များ ယမန်နှစ်ကထက်ပို၍ အရောင်းသွက်သည်ဟု နိဗ္ဗာန်ကုန်လုပ်ငန်းရှင်များထံက သိရသည်။ နယ်ဘက်တွင် ပဋိပက္ခများကြောင့် အလှူလုပ်ရန်ခက်သဖြင့် ကထိန်ခင်းအလှူပွဲများကို မြို့ပေါ်သို့ ရွှေ့ပြောင်းပြုလုပ်သူများလာသဖြင့် မြို့ပေါ်ရှိကထိန်များအတွက် ပဒေသာပင် ပိုရောင်းရသည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည် ။ ယင်းအပြင် တန်ဆောင်တိုင်ကာလအကြို မြို့တွင်းရပ်ကွက်များ၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားပူဇော်ခံသည့်နေရာများလည်း ယခင်နှစ်ကထက် ပိုစည်ကားလာပြီး ကိုဗစ်မတိုင်မီကဲ့သို့ ပဒေသာပင်လှူဒါန်းသူများ ပြန်ရှိလာသဖြင့် ပဒေသာပင် အရောင်းသွက်နေခြင်းဖြစ်ကြောင်း နိဗ္ဗာန်ကုန်ရောင်းသူတို့ကဆိုသည်။ ပုံနှိပ်စက်ဖြင့်ထုတ်သည့် စက္ကူပဒေသာပင် ၊ ပန်းချီရေး စက္ကူပဒေသာပင်နှင့် အရုပ်ပုံပဒေသာပင် ဟူ၍ စျေးကွက်အတွင်း ဖြန့်ချိပြီး ယခုနှစ်တွင် သုံးမျိုးစလုံးအရောင်းသွက်သည်ဟု ဆိုကြသည်။ “ပဒေသာပင်လှူတာက အစဥ်အလာတစ်ခုဖြစ်နေတော့ အစဥ်အလာမပျက်လှူကြတယ်။ ဆိုင်မှာဆို အခုကထိန်ရာသီတောက်လျှောက် မနက်ကနေ ညအထိပဒေသာပင်ပဲ လုပ်နေရတယ်။ အခုနှစ်က […]

မြိတ်-ဘုတ်ပြင်းလမ်းမှ စစ်ကောင်စီဂိတ်များ အစစ်အဆေးများပြီး ပိုက်ဆံအတောင်းကြမ်းနေ

Dawei Watch

November 9, 2024

စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ပေါင်းများစွာရှိနေသည့် မြိတ်-ဘုတ်ပြင်းလမ်းတွင် ခရီးသည်တင်ဆောင်လာပါက အစစ်အဆေးကြမ်းပြီး ပိုက်ဆံအတောင်း ကြမ်းနေကြောင်း ယာဉ်မောင်းအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လဝန်းကျင်မှစကာ ထိုကဲ့သို့ အစစ်အဆေးတင်းကျပ်ပြီး ငွေကြေးတောင်းခံမှုများနေ၍ ကားသမားများက ခရီးသည်မတင်လိုဘဲ ကုန်ပစ္စည်းများသာ တင်လိုကြောင်း ကားသမားတစ်ဦးက ပြောသည်။ “ခရီးသည်ပါရင် ရစ်လို့မပြီးတော့ဘူး။ ဂိတ်ကြေးကလည်း အရင်ကထက် ပိုပေးရတယ်။ ခရီးသည်တွေကိုလည်း ဟိုမေးဒီမေးနဲ့ မပြီးနိုင်တော့ဘူး။ ခရီးအချိန်လည်း ကြန့်ကြာတယ်‌ ရောက်ရမယ့်အချိန် မရောက်ဘူး”ဟု ပြည်ကြီးမဏ္ဏိုင်မြို့နေ ကားသမားတစ်ဦးက ပြောသည်။ ကားပေါ်တွင် ခရီးသည်မပါက စစ်ဆေးရေးဂိတ်တစ်ခုလျှင် ကျပ်ငါးထောင်ခန့်သာပေးရပြီး ခရီးသည်ပါက ခရီးသည်အရေအတွက်အပေါ်မူတည်ကာ ကျပ်သောင်းချီ ပေးနေရကြောင်း ကားမောင်းသမားအချို့က ဆိုသည်။ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်များကို ပေးရသည့်ငွေပမာဏမှာ ပုံမှန်မရှိဘဲ တာဝန်ကျစစ်ကောင်စီတပ်သားနှင့် ဆက်ဆံရေးပြေလည်မှုအပေါ် မူတည်ကာ ကွာခြားလေ့ရှိကြောင်း ၎င်းတို့က ပြောသည်။ ကားသမားများမှာ […]

ဂျာမနီ၏ မီးပွိုင့်ညွန့်ပေါင်းအစိုးရ ပြိုကွဲ

Dawei Watch

November 8, 2024

အားနည်းနေသည့် နိုင်ငံ့စီးပွားရေး ပြန်လည်ထူမတ်ရေး မူဝါဒချည်းကပ်ပုံ အငြင်းပွားမှုများကြောင့် ဂျာမနီ၏ အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ သက်တမ်းရှည် အဓိပဓိ အန်ဂျလာမာကဲလ် အနားယူပြီးနောက် တက်လာသည့် ဆိုရှယ်ဒီမိုကရက်ပါတီဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရသည် အနီ၊ အဝါ၊ အစိမ်း အရောင်သုံးရောင်နှင့် ပါတီသုံးခုကို စုစည်းထားခြင်းကြောင့် ‘မီးပွိုင့်’ညွန့်ပေါင်းအစိုးရဟု နာမည်ကျော်သည်။ အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်၍ လပေါင်းများစွာ သဘောထားကွဲလွဲတင်းမာနေခဲ့ရာမှ ယခုအပတ် ဗုဒ္ဓဟူးနေ့တွင် ဂျာမန်အဓိပတိ Olaf Scholz က ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ LInder ကို အစိုးရအဖွဲ့အတွင်းမှ ထုတ်ပယ်လိုက်သည်။ ယင်းနောက် ဘဏ္ဍာရေးဝန်ကြီး Linder ၏ လွတ်လပ်သော ဒီမိုကရက်ပါတီ (FDP) ကပါ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်သွားခဲ့သည်။ ယင်းကြောင့် ဂျာမန်အဓိပတိ Olaf Scholz ၏ […]

တနင်္သာရီက ကျေးရွာအချို့ကို စစ်ကောင်စီတပ် စစ်ကြောင်းဆက်ထိုး၊ ဒရုန်း ရက်ဆက်ပျံသန်း

Dawei Watch

November 8, 2024

တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ဖြင့် စစ်ကြောင်းဆက်ထိုးနေပြီး အရပ်သားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်တွင် မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက အင်အား ၆၀ ခန့်ဖြင့် စထွက်လာပြီး အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ ထို့နောက် အခြားနေရာက စစ်ကောင်စီတပ်သားများ အင်အားထပ်ဖြည့်လာပြီး လက်ရှိတွင် စုစုပေါင်းအင်အား တစ်ရာကျော်ဖြင့် အနီးဝန်းကျင်ကျေးရွာများဘက်ကို စစ်ကြောင်းဆက်ထိုးနေကာ နိုဝင်ဘာလ ၇ ရက်တွင် ဇလုံးတောင်အနီး ရောက်လာကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “တဖြည်းဖြည်းတိုးချဲ့လာတာ အခု (အင်အား) တစ်ရာကျော်သွားပြီ။ အရှေ့မော်တုန်းအုပ်စုထဲက ဇလုံး၊ ထုံနွယ်၊ အရှေ့မော်တုန်းက ရွာသားတွေတော့ စိုးရိမ်ပြီး ထွက်ပြေးနေကြတာပေါ့” ဟု ၎င်းက […]

သံဖြူဇရပ်-ဘုရားသုံးဆူလမ်းတွင် တိုက်ပွဲပြင်းထန်

Dawei Watch

November 8, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ အင်အား ၁၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၅ ရက်က သံဖြူဇရပ်-ဘုရားသုံးဆူလမ်း အတိုင်း စစ်ကောင်စီတပ်ဗျူဟာရှိသည့် အနန်းကွင်းဘက်သို့ စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စခန်းကြီးကျေးရွာအနီးနားတစ်ဝိုက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။ နှစ်ဖက်တိုက်ပွဲသည် နိုဝင်ဘာလ ၈ ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် စစ်ကြောင်း ရှေ့ဆက်မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်ကျေးရွာတစ်ဝိုက်တွင် ရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲက နေ့တိုင်းဖြစ်နေတော့ စစ်ကြောင်းက ဆက်သွားလို့မရဘဲ စခန်းကြီး၊ ဇီးနှစ်ပင်အနီးတစ်ဝိုက်မှာပဲ […]