BREAKING
January 9, 2025

သတင်း

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ဘုရားပို့နေ့မြင်ကွင်းများ

Dawei Watch

November 10, 2024

ထားဝယ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ပင့်ဆောင်ထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများနှင့် ကိုယ်စားတော်၊ ရုပ်ပွားတော်များကို ယနေ့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းကစ၍ ထားဝယ်ဘုရားကြီး အတွင်းသို့ ပြန်လည်ပို့ဆောင်နေသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကို ထားဝယ်ဘုရားကြီးတွင် ယနေ့ ညမှစ၍ လေးညတာ အပူဇော်ခံပြီးနောက် နိုဝင်ဘာလ ၁၄ ရက် တန်ဆောင်တိုင် အဖိတ်နေ့ နေ့ခင်းဘက်တွင် ထားဝယ်မြို့တွင်းလှည့်လည်မည်ဖြစ်သည်။ သီတင်းကျွတ်ကာလပြီးနောက် ထားဝယ်မြို့တွင် စစ်ကောင်စီက ညမထွက်ရအမိန့်နှင့် လူငါးဦးထက်ပိုမစုရအမိန့်တို့ကို ထပ်မံထုတ်ပြန်ထားသော်လည်း ယနေ့ဘုရားပို့ရာတွင် ဘုရားကြီးအနီးနှင့် လမ်းများတွင် စစ်ကောင်စီတပ်သာများ လုံခြုံရေး ယူထားခြင်းမရှိကြောင်း ဘုရားပို့လိုက်ပါသူများကပြောသည်။ ကိုဗစ်မတိုင်မီက ဘုရားပို့နေ့တွင် ရပ်ကွက်အသီးသီး၌ ဘုရားများကို ညလုံးပေါက်လှည့်လည်အပူဇော်ခံပြီး၍ မနက်အရုဏ်တက်ခါနီးမှသာ ဘုရားကြီးအတွင်းသို့ ပို့ဆောင်လေ့ရှိခဲ့သည်။ […]

နှစ်တစ်ရာကျော် ပုလွေရှောင်ဘုရားလှည့်ပွဲ

Dawei Watch

November 10, 2024

ထားဝယ်မြို့နယ် ၊ ရှမ္မတွင်း အုပ်စု ၊ ပုလွေရှောင်ရွာ တွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် ကျင်းပသည့် ၁၀၁ နှစ်မြောက် ဘုရားလှည့်ပွဲ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ယခင်ကဲ့သို့ ပြည်ထောင်စုကားလမ်းပေါ်ရှိ ကျောက်ရပ် ၊ ဝမော် ရွာများဘက်အထိ လာရောက်လှည့်လည်ခြင်းမဟုတ်ဘဲ ရိုးရာမပျက်စေရန် ပုလွေရှောင်ရွာအတွင်း၌သာ နေ့ဘက်လှည့်လည်ခြင်းဖြစ်သည်။ ပုလွေရှောင်ဘုရားပွဲသည် ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲပြီးလျှင် ထားဝယ်ခရိုင်အတွင်း၌ သက်တမ်းအရှည်ဆုံး ဘုရားလှည့်ပွဲဖြစ်သည်။ နှစ်စဥ် ထားဝယ်ဘုရားပွဲ မကျင်းပမှီ ၄ ရက်ကြိုတင်၍ တန်ဆောင်မုန်းလဆန်း ဆယ်ရက်တွင် လှည့်လည်ကျင်းပလေ့ရှိသည်။

မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော အဖြစ်များနေ

Dawei Watch

November 10, 2024

မြိတ်မြို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွါးမှုများနေပြီး လူသေဆုံးမှုပါရှိလာကြောင်းမြိတ်ပြည်သူ့ဆေးရုံကြီးက အမည်မဖော်လိုသည့် ကျန်းမာရေးသတင်းအရင်းအမြစ်များနှင့် ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ပေါ်တွင် အောက်တိုဘာလ နောက်ဆုံးအပတ်မှစကာ ဝမ်းပျက်ဝမ်းလျှောဖြစ်သူများ စတွေ့လာရပြီး နိုဝင်ဘာလ လဆန်းတွင် ဖြစ်ပွားမှုနှုန်း ပိုများလာကြောင်း မြိတ်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှ သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။ လက်ရှိဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ လှေလုပ်သားများတွင် အဖြစ်များနေပြီး မြို့ပေါ်တွင်လည်း လူကြီးအပြင် ကလေးများပါ ဖြစ်ပွားနေကြောင်း ၎င်းကပြောသည်။ လတ်တလောအခြေအနေ၌ ဝမ်းပျက်ဝမ်းလျှောလက္ခဏာဖြင့် တစ်ရက်လျှင် ပျမ်းမျှလူ ၃၀ ခန့် ဆေးရုံတက်နေရပြီး ကာလဝမ်းရောဂါပိုး သံသယရှိသူ ၇ ဦးကို သီးသန့်ထား စောင့်ကြည့်နေကြောင်း မြိတ်ဆေးရုံကြီးက နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ “လာတဲ့လူနာတွေက သွေးပေါင်တိုင်းမရဘူး။ ပုလင်းကြီး လေးလုံးလောက်ချိတ်မှ သွေးပေါင်ပြန်တိုင်းလို့ရတယ်။ ရက်ကြာတဲ့လူနာတွေက ပုလင်းကြီး အများကြီးဝင်မှ […]

လောင်းလုံး၊ တောမိုးတောင်တွင် အလှူလာသည့်ကား သစ်ပင်ဝင်တိုက်မိပြီး ၁၄ ဦး ဒဏ်ရာရ

Dawei Watch

November 10, 2024

လောင်းလုံးမြို့နယ်၊ တောရှည်ရွာရှိ တောမိုးတောင်အဆင်းတွင် အလှူလာသည့်ကားတစ်စီး မတော်တဆမှုဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး ဒဏ်ရာရသွားကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါဟိုင်းလပ်ကားမှာ ကထိန်အလှုပြီး၍ ယနေ့ (နိုဝင်ဘာ ၁၀) နံနက် ၁၁ နာရီခွဲခန့်တွင် တောင်ပေါ်မှ ပြန်ဆင်းချိန် အကွေ့၌အရှိန်လွန်ကာ လမ်းနံဘေးရှိ ချိုင့်ထဲဆင်းသွားရာမှ သစ်ပင်ကိုတိုက်မိသွားခြင်း ဖြစ်ကြောင်း ယာဉ်ပေါ်ပါသူများထံမှသိရသည်။ အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသမီး ၁၁ ဦး၊ အမျိုသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။ “ကားက ပထမအကွေ့မှာ အရှိန်လွန်ပြီး လမ်းဘေးချိုင့်ထဲဆင်းသွားတာ၊ သစ်ပင်ကို တိုက်ပြီးတော့ ရပ်သွားတယ်လို့သိရတယ်။ စိုးရိမ်ရသူကတော့ အမျိုးသားတစ်ဦးရှိတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့ခံလူမှုကယ်ဆယ်ရေး […]

ပုလောတွင် စစ်ကြောင်းပြန်ထွက်သွား၍ စစ်ရှောင်များက စုပေါင်းဘုံကထိန်ကျင်းပ

Dawei Watch

November 10, 2024

ရက်ရှည်တိုက်ပွဲ ပြင်းထန်နေသည့် ပုလောမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားချိန် ဒေသခံစစ်ဘေးရှောင်များက စု‌ပေါင်းဘုံကထိန် ကျင်းပခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကထိန်အလှူပွဲလုပ်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီတပ်သား အင်အားရာချီ အသုံးပြုကာ စစ်ကြောင်းထိုးလာသဖြင့် အလှူရက်ကို နောက်ဆုတ်လိုက်ရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ ပုလောမြို့နယ်အတွင်း ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲရွာ၊တပိုရွာ၊ ဇရပ်ဆိပ်ရွာ၊ ဘိုင်းပြင်၊မင်းပြင် စသည့် ကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် ရက်ရှည်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင်မူ ဇရပ်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထား‌သည့် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဆုတ်သွားသည့်အတွက် အလှူပွဲကို အားချင်းပြန်လည်စီစဉ်ပြီး အကျဉ်းရုံးကျင်းပခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။ ဇရပ်ဆိပ်ကျေးရွာအုပ်စု တပိုရွာဘုန်းကြီးကျောင်း၌ပင် ဘုန်းကြီး ၇ ပါး […]

ဇီဝဇိုးငှက်ချေး ဈေးကောင်းရ

Dawei Watch

November 10, 2024

ဘုတ်ပြင်းမြို့နယ်အတွင်း မွေးမြူမှုများသည့် ဇီဝဇိုးငှက်၏ မစင် (ချေး) တစ်ပုံးလျှင် စျေးနှစ်ဆကျော် မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ဇီဝဇိုးငှက် ခေါ် ငှက်သိုက်ငှက်ချေး သံပုံး (၁၀ ပိဿာဝန်းကျင်) တစ်ပုံးလျှင် ကျပ်ငါးထောင်ဈေးပေါက်နေပြီး ပြီးခဲ့သည့် နှစ်လခန့်ကမူ ကျပ်နှစ်ထောင်ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဒေသခံများက ဆိုသည်။ ဇီဝဇိုးငှက်ချေးကို ကွမ်းသီးပင်၊ ဒူရင်းပင်စိုက်ခင်းဥယျာဉ်များတွင် အော်ဂဲနစ်မြေဩဇာအဖြစ် အများဆုံးအသုံးပြုလေ့ရှိသည်။ လက်ရှိတွင် မြိတ်ဘက်ရှိ တောင်သူများက လာရောက်ဝယ်ယူကြသည့်အတွက် ဈေးတက်လာခြင်းဖြစ်ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့ မနိုးရုံးကျေးရွာအုပ်စုတွင် နေထိုင်သည့် ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “စိုက်ပျိုးရေးသုံး မြေဩဇာတွေဈေးကြီးလို့ ငှက်ချေးကိုဈေးကောင်းပေးပြီး လာဝယ်ကြတယ်။ တချို့အိမ်တွေဆို ဈေးဘယ်လောက်ပေးပေး မရောင်းကြဘူး။ သူတို့ခြံတွေမှာသုံးဖို့ ထားတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ငှက်ချေးရောင်းဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦးကလည်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

November 9, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဘာတွေထူးခြားလဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ မဟာမဲခေါင်ဒေသခွဲအစည်းအဝေး၊ ဧရာဝတီ- ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ နိုဝင်ဘာလ ၅ရက်မှာ ကူမင်းမြို့ကို သွားရောက်ခဲ့တာပါ။ ခရီးစဉ်မှာ တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းနဲ့တွေ့ဆုံခဲ့ပြီး ရှမ်းမြောက်အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့အနေနဲ့ ငြိမ်းချမ်းရေးလိုလားကြောင်း ရှင်းလင်းပြတ်သားတဲ့ လုပ်ဆောင်ချက်ပြနိုင်မှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။ ဘယ်လို […]

ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး အသတ်ခံရမှု စုံစမ်းနေဟု ကျွန်းစု ပကဖပြော

Dawei Watch

November 9, 2024

ကျွန်းစုမြို့နယ် ကျောက်ပိတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ဇော်နှင့် ဘုတ်ပြင်းမြို့နယ်ရွှေဂဲညိုရွာသား ဦးကြောင်ခေါင်း အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ရန် ကြိုးစားနေကြောင်း ကျွန်းစု ပကဖက ပြောဆိုလိုက်သည်။ ၎င်းတို့နှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ပြည်သူများ၏ သတင်းပေးပို့မှုနှင့်အတူ စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်နေကြောင်း ကျွန်းစုပကဖ ပြန်ကြားရေးတာဝန်ခံ ကိုငမန်းက ဆိုသည်။ ကျွန်းစုမြို့နယ် ကော်ဇယာကျေးရွာအုပ်စုရှိ ကျောက်ပိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်နှင့် ဦးကြောင်ခေါင်းကို ကျောက်ပိတ်ရွာရှိ နာရေးအိမ်တွင်ရှိနေချိန် အမည်မသိလက်နက်ကိုင်လူတစ်စုက အောက်တိုဘာလ ၂၆ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုနောက် ဦးအောင်ဇော်ကို ကျောက်ပိတ်ကျေးရွာ တံတားတွင် သေနတ်ဖြင့် ၁၄ ချက်တိတိ ပစ်သတ်ပြီး ထားခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ၏ထုတ်ပြန်ချက်အရ သိရသည်။ နောက်တစ်ဦးဖြစ်သည့် ဦးကြောင်ခေါင်း၏ အလောင်းကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့တွင် မဲတောကျေးရွာရေပိုင်နက်တွင် ပြန်လည်တွေ့ရှိကြောင်း […]