ရဝမ်ဒါက ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေး ရပ်စဲ
Dawei Watch
March 18, 2025ဘယ်လ်ဂျီယမ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရပ်စဲလိုက်ပြီဟု ရဝမ်ဒါအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီး ရဝမ်ဒါရှိ ဘယ်လ်ဂျီယမ်သံတမန်များအားလုံး ၄၈ နာရီအတွင်း နိုင်ငံမှ ထွက်ခွာသွားရန် အမိန့်ထုတ်လိုက်သည်။ လက်ရှိဖြစ်ပွားနေသည့် ကွန်ဂိုလက်နက်ကိုင်ပဋိပက္ခအရေးနှင့် ပတ်သက်၍ ရဝမ်ဒါနိုင်ငံ ထိခိုက်စေမည့် အရာကို ဘယ်လ်ဂျီယမ်အစိုးရက အစဉ်တစိုက် လုပ်ဆောင်လျက်ရှိသည်ဟု ရဝမ်ဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ ဘယ်လ်ဂျီယမ်အစိုးရကလည်း ရဝမ်ဒါသံတမန်များကို နိုင်ငံအတွင်း လက်ခံတော့မည် မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဘယ်လ်ဂျီယမ်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပြီး သံတမန်များကို လက်မခံတော့ကြောင်း ရဝမ်ဒါ၏ ဆုံးဖြတ်ချက်အပေါ် ဝမ်းနည်းကြောင်း ဘယ်လ်ဂျီယမ်နိုင်ငံခြားရေးဝန်ကြီး Maxime Prevot က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခအရေးတွင် ရဝမ်ဒါအစိုးရအပေါ် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဘယ်လ်ဂျီယမ်က အားပေးလှုံ့ဆော်နေသည်ဟု ရဝမ်ဒါသမ္မတက […]