ကန့်ကွက်မှုများရှိနေသော်လည်း ထိုင်းက မြန်မာ ၂၅၀ ကို နေရပ်ထပ်ပို့
Dawei Watch
March 19, 2025စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေသဖြင့် နေရပ်ပြန်ပို့မှုကို ကန့်ကွက်နေကြသော်လည်း ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၂၅၀ ဦးကို ယနေ့ (မတ်လ ၁၉ ရက်) ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်သည်။ ယနေ့ နံနက် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၂၅၀ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလဝကက ဖော်ပြသည်။ နေရပ်ပြန်ပို့စဉ် ရနောင်းအာဏာပိုင်များနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသားများကို ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ဟု ဖော်ပြထားချက်အရသိရသည်။ နေရပ်ပြန်ပို့ခံရသော မြန်မာနိုင်ငံသား ၂၅၀ ဦးတွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့ထဲတွင် အလုပ်သမားများ၏ ကလေးငယ် […]