BREAKING
April 20, 2025

သတင်း

အမေရိကန် သမ္မတထရမ့်က ပညာရေးဌာန ပိတ်သိမ်းကြောင်းအမိန့် လက်မှတ်ထိုး

Dawei Watch

March 21, 2025

ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ပညာရေးဌာနကို ဖျက်သိမ်းရန် သမ္မတအမိန့်အာဏာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ ပညာရေးဌာနပိတ်သိမ်းရေး လိုအပ်သည့် အဆင့်အားလုံး ဆောင်ရွက်ရန် ၊ ပညာရေးကဏ္ဍလုပ်ပိုင်ခွင့် အာဏာကို ပြည်နယ်နှင့် ဒေသန္တရအစိုးရများထံ လွှဲပြောင်းပေးရန် ပညာရေးဌာနအကြီးအကဲဖြစ်သူ Linda McMahon အား ထရမ့်၏ သမ္မတအမိန့်အာဏာက ညွှန်ကြားထားသည်။ ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားချက်များကိုမူ မဖော်ပြထားပေ။ ပညာရေးဌာန၏ အရေးပါသည့် လုပ်ငန်းအချို့ကိုမူ ဆက်လက်လည်ပတ် ဆောင်ရွက်နေဦးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ထရမ့်သည် ပညာရေးဌာနကို မကြာခဏ ဝေဖန်ခဲ့သူ ဖြစ်သည်။ ပညာရေးဌာနသည် ငွေကြေးအပြုန်းအတီးများပြီး လစ်ဘရယ်အယူအဆများ လွှမ်းမိုးခံနေရသည်ဟုလည်း ၎င်းက ဆိုသည်။ ပညာရေးဌာနသည် ငွေလိမ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး အမေရိကန်ပညာရေး အရည်အသွေး ကျဆင်းရသည်မှာ ပညာရေးဌာနကြောင့် ဖြစ်သည်ဟု ထရမ့်က […]

ထားဝယ်တွင် ဈေးဆိုင်များ အလစ်သုတ်ခံရမှုဆက်တိုက်ဖြစ်

Dawei Watch

March 20, 2025

ထားဝယ်မြို့တွင် လမ်းဘေးဈေးဆိုင်များ အလစ်သုတ်ခံရမှု ဆက်တိုက်ဖြစ်လာကြောင်း အလစ်သုတ်ခံရသူများထံမှ စုံစမ်းသိရသည်။ မတ်လ ၁၉ ရက်က ထားဝယ်မြို့ တလိုင်းမရပ်ကွက်ရှိ အသုပ်ဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သူဟန်ဆောင်ပြီး စျေးရောင်းသူ အလစ်တွင် ပိုက်ဆံအိတ်အတွင်းမှ ငါးထောင်တန် ငွေစက္ကူများကို နှိုက်ယူသွားကြောင် စျေးဆိုင်နှင့်နီးစပ်သူက လူမှူကွန်ရက်တွင် မျှဝေထားသည်။ အလစ်သုတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း စျေးသည်က Dawei Watch မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ပြီး ဆိုင်တွင် စျေးဝယ်သူများ ရှိနေသည့်အပြင် ဖြစ်စဉ်အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသေးပေ။ ပြီးခဲ့သည့် တစ်ပတ်ခန့်ကလည်း လောင်းလုံးမြို့နယ် သောကြာပြင်ဈေးရှိ စျေးဆိုင်တစ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင် နှစ်ဆိုင်တွင် အလစ်သုတ်ခံရကြောင်း ကိုယ်တိုင်ကြုံရသည့် ဈေးသည် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “ဆိုင်ထဲဝင်လာတယ်၊ ပစ္စည်းတွေ ကြည့်ပြီး အများကြီးယူမယ်လိုလိုနဲ့ ဟိုပစ္စည်းယူပေး၊ ဒီပစ္စည်းယူပေးလို့ ပြောတယ်။ အဲဒီပစ္စည်းသွားယူပေးနေတုန်းမှာပဲ […]

ထား၀ယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီး ပျောက်ဆုံးပြီးခြောက်ရက်ကြာအထိ ရှာမတွေ့

Dawei Watch

March 20, 2025

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေပြီး ခြောက်ရက်အကြာ ယနေ့ မတ်လ ၂၀ရက်အထိ ပြန်လည်ရှာမတွေ့သေးကြောင်း သမီးဖြစ်သူက ပြောသည်။ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ ရွှေဂူတံတားအနီးနေထိုင်သည့် အသက် ၄၀ကျော်အရွယ် ဒေါ်တင်တင်ထွေးသည် မတ်လ ၁၅ရက်တွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်မ (မတ်လ) ၁၄ ရက်နေ့မှာ ထမင်းသွားပို့သေးတယ်။ နောက်နေ့ မရှိတော့ဘူး။ အခုဆိုရင် တစ်ပတ်လောက်ရှိနေပြီ” ဟု သမီးဖြစ်သူက ပြောဆိုသည်။ ဒေါ်တင်တင်ထွေးသည် စိတ်ဝေဒနာခံစားနေရသည်မှာ ၁၈ နှစ်ခန့်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မိသားစုနှင့်အတူ နေထိုင်ရန် ခေါ်၍မရသောကြောင့် ရွှေဂူတံတားအနီးတွင် တစ်ယောက်တည်းနေထိုင်သူဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။ လက်ရှိတွင် မိသားစုဝင်များက လိုက်လံရှာဖွေနေရာ ယခင်က သွားလေ့ရှိသည့် ဆွေမျိုးများထံသို့လည်း မရောက်ဘဲ ရှာမတွေ့ ဖြစ်နေကြောင်း […]

မွန်တွင် စစ်ဘေးရှောင် နှစ်သောင်းခန့်အကူအညီလို

Dawei Watch

March 20, 2025

မွန်ပြည်နယ်တွင် စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူနှစ်သောင်းခန့်ရှိနေပြီး အစားအသောက်နှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နယ် ခြောက်ခုထက် မနည်းတွင် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူ ကျိုက်ထိုမြို့နယ်တွင် ၉၀၀ ကျော်၊ ဘီးလင်းမြို့နယ်တွင် ၅၅၀၀ ကျော်၊ သထုံမြို့နယ်တွင် ၂၀၀၀ ကျော်၊ ကျိုက်မရောမြို့နယ်တွင် ၁၀၀၀ ကျော်၊ သံဖြူဇရပ်မြို့နယ်တွင် ၃၃၀၀ ကျော်နှင့် ရေးမြို့နယ်တွင် ၄၅၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ် လူသားချင်းစာနာမှုကွန်ရက်၏အချက်အလက်များအရ သိရသည်။ ထွက်ပြေးတိမ်းရှောက်နေရသူအများစုသည် နယ်မြေအခြေအနေ မတည်ငြိမ်မှုကြောင့် နေရပ်သို့ ပြန်လာနိုင်ခြင်းမရှိသလို ဒေသအချို့တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသော်လည်း ဒေသတွင်း စစ်ကောင်စီတပ်က […]

ပြစ်မှုဟောင်းဖြင့် နေရပ်ပြန်ပို့ခံရဖူးသောမြန်မာတစ်ဦး ပန်းရောင်ကတ်လုပ်ချိန် ပြန်ဖမ်းဆီးခံရ

Dawei Watch

March 20, 2025

ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီးနောက် နေရပ်ပြန်ပို့ခံရဖူးသော မြန်မာနိုင်ငံသားတစ်ဦးသည် နေထိုင်အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ရန် လဝကတွင် လက်ဗွေနှိပ်ချိန် ပြစ်မှုဟောင်း ပြန်ပေါ်လာသဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၃၇နှစ်အရွယ် ကိုမင်းထွန်းသည် စမွတ်စာခွန်ခရိုင် လဝကရုံးတွင် လက်ဗွေနှိပ်စဉ် ပြီးခဲ့သော ၂၀၂၂ ခုနှစ်က ခိုးမှုကျူးလွန်ဖူးသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) လျှောက်ထားသည့် ရွှေ့ပြောင်းအလုပ်သမားများ သည် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း၊ လဝကတွင် ဇီဝ အချက်အလက်ပေးသွင်းရန် လက်ဗွေနှိပ် မျက်လုံးစကင်ဖတ် ခြင်းများ ပြုလုပ်ရသည်။ ကိုမင်းထွန်းသည် အမည်ပြောင်းလဲကာ ပန်းရောင်ကတ်လျှောက်ထားခဲ့ခြင်းဖြစ်သော်လည်း လက်ဗွေနှိပ်ချိန်တွင် ယခင်ပြစ်မှုမှတ်တမ်းဟောင်း ပြန်ပေါ်လာကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုမင်းထွန်းကို ယခင်ပြစ်မှုကြောင့် နေရပ်ပြန်ပို့ထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေအရ […]

ဂါဇာကို လေကြောင်းတိုက်ခိုက်မှု အစ္စရေးပြည်သူများ ကန့်ကွက်ဆန္ဒပြ

Dawei Watch

March 20, 2025

ဂါဇာအပေါ် စစ်ပွဲဆင်နွှဲနေသည်ကို ရပ်တန့်ပေးရေးနှင့် အစ္စရေးဓားစာခံများ ပြန်လွတ်လာရေးအတွက် အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တွင် ဗုဒ္ဓဟူးနေ့က လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဂါဇာတွင် အထိန်းသိမ်းခံထားရဆဲ အစ္စရေးဓားစာခံ ၅၉ ဦး ကျန်ရှိနေသေးသည့်အချိန်တွင် အစ္စရေးဝန်ကြီးချုပ်က ဂါဇာစစ်ပွဲကို ပြန်လည်စတင်လိုက်ပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲပြီးနောက် နှစ်လနီးပါးရှိလာချိန်တွင် အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသကို အင်္ဂါနေ့က လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီကတည်းက ယင်းဆန္ဒပြပွဲများ ပြုလုပ်ရန် ကြိုတင်စီစဉ်ထားခဲ့သော်လည်း အင်္ဂါနေ့ညမှာပင် ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်လာခဲ့သည်။ အစ္စရေးနိုင်ငံ ရှင်းဘက်ပြည်တွင်းထောက်လှမ်းရေးဌာန၏ အကြီးအကဲဖြစ်သူ ရိုနန်ဘားအား အယုံအကြည်မရှိတော့ဟု ဆိုကာ ဝန်ကြီးချုပ်က ၎င်းအား ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင်လည်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုသည် အစ္စရေးဒီမိုကရေစီကို ထိခိုက်အောင် လုပ်ဆောင်နေသည်ဟု ဆန္ဒပြသူများက […]

ယူကရိန်းနှင့် ရုရှားအကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု လုပ်ဆောင်

Dawei Watch

March 20, 2025

ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံအကြား နှစ်ဘက်စလုံးမှ အကျဉ်းသား ၁၇၅ ဦးစီ ဗုဒ္ဓဟူးနေ့က အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ စုစုပေါင်းအကျဉ်းသား ၃၅၀ လဲလှယ်မှုသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်သည်။ “တပ်သားတွေ ၊ တပ်ကြပ်တွေနဲ့ အရာရှိတွေ ၊ လက်နက်ကိုင်တပ် ၊ ရေတပ် ၊ အမျိုးသားလုံခြုံရေးတပ် ၊ နယ်မြေကာကွယ်ရေးတပ်နဲ့ နယ်စပ်လုံခြုံရေးတပ်စတဲ့ စစ်တပ်ရဲ့ ရာထူးအဆင့်ဆင့်မှာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကို ကျွန်တော်တို့ ပြန်ခေါ်လာနေပါတယ်” ဟု ယူကရိန်းသမ္မတဗလော်ဒီမာဇလန်းစကီးက ဆိုသည်။ အဖမ်းခံခဲ့ရသည့် အရပ်သားများအပါအဝင် စစ်သုံ့ပန်းများ အပြန်အလှန် လဲလှယ်မှုက ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း ၊ ယင်းသည် နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရာတွင် […]

၅ မိနစ်အားသွင်းပြီး ၂၄၉ မိုင်မောင်းနိုင်သည့် နည်းပညာသစ်ကြောင့် တရုတ်ကုမ္ပဏီ ရှယ်ယာစျေး စံချိန်တင်တက်

Dawei Watch

March 20, 2025

ကီလိုမီတာ ၄၀၀ ( ၂၄၉ မိုင်) ခရီးအတွက် ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်သည့် နည်းပညာသစ်ကြောင့် တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD ၏ ရှယ်ယာဈေးနှုန်းများ စံချိန်တင်မြင့်တက်သွားခဲ့သည်။ BYD ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးမှာ အင်္ဂါနေ့တွင် ၆ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး ကုမ္ပဏီ၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံနီးပါးအထိ မြင့်တက်သွားသည်။ BYD လျှပ်စစ်ကားကုမ္ပဏီသည် တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်တွင် ထိပ်သီးကုမ္ပဏီ ဖြစ်ပြီး ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ထားသည်။ အားသွင်းနှုန်း အင်မတန် မြန်ဆန်သည့် နောက်ဆုံးပေါ်နည်းပညာဖြင့် BYD လျှပ်စစ်ကားသစ်များကို ယခုနှစ် ဧပြီလမှ စတင်၍ ဈေးကွက်တွင် ဖြန့်ချိသွားတော့မည် ဖြစ်ကြောင်း သိရသည်။ နောင်ထုတ်လုပ်မည့် BYD လျှပ်စစ်ကားသစ်များအားလုံးတွင် အဆိုပါ […]