ပုလော၊ ဆင်ထိုးကြီးရွာက အမျိုးသမီးတစ်ဦး မြေမြှုမိုင်းနင်းမိပြီး ဘယ်ခြေပြတ်တောက်
Dawei Watch
March 22, 2025ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာက အမျိုးသမီးကြီးတစ်ဦး ယနေ့ မတ်လ ၂၂ ရက် နံနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေ ပြတ်တောက်သွားကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၅၆နှစ်အရွယ် ဒေါ်စန်းရီမှာ ယနေ့ နံနက် ၁၁နာရီခန့်တွင် ရွာနှင့် နှစ်ဖာလုံခန့်အကွာ၌ မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ခြေ အပြင် ညာဘက်ခြေတွင်လည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကဒက်ဥ သွားတူးရင်း မိုင်းနင်းမိတာ။ အခုမှ စစ်ဘေးရှောင်ရာကနေ ရွာမှာပြန်လာနေကြတာဆိုတော့ စားစရာမရှိလို့ ကဒက်ဥလေး ဘာလေး သွားတူးစားကြတာပေါ့။ ဟင်းသီးဟင်းရွက်လေးဘာလေး ခူးစားရအောင် သားမိသားဖသုံးဦး ဝင်သွားကြတာ။ အမျိုးသမီးတစ်ယောက်ပဲ ထိတယ်၊ ကျန်လူတွေ ဘာမှမဖြစ်ဘူး” ဟု ၎င်းက ပြောဆိုသည်။ မတ်လ ၁၅ ရက်ကလည်း ဆင်ထိုးကြီးရွာရှိ နေအိမ်ခြံဝင်းအတွင်း […]