ထရမ့်အစိုးရကိုဝေဖန်၍ ပြင်သစ်တစ်ဦးကို အမေရိကန်လေဆိပ်က ပြည်ဝင်ခွင့်မပြု
Dawei Watch
March 23, 2025အမေရိကန်လေဆိပ်တွင် ပြင်သစ်နိုင်ငံသား သိပ္ပံသုတေသီတစ်ဦး၏ ဖုန်းထဲတွင် ထရမ့်အစိုးရ၏ သုတေသနမူဝါဒများအပေါ် ဝေဖန်ပြောဆိုထားသည့် မက်ဆေ့များတွေ့ရှိမှုကြောင့် ပြည်ဝင်ခွင့် ငြင်းပယ်ပြီးနှင်ထုတ်ခဲ့ကြောင်း ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးက ယခုအပတ် ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။ အဆိုပါ နှင်ထုတ်မှုမှာ ယခုနှစ် မတ်လ ၈ ရက်နေ့က အမေရိကန်လေဆိပ်တစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြထားသည်။ “အမေရိကန်နိုင်ငံ ၊ ဟွန်စတန်မြို့က ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့အတွက် ရောက်လာတဲ့ ပြင်သစ်အမျိုးသားသိပ္ပံသုတေသနဌာန(CNRS) က သုတေသီတစ်ယောက်ကို အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့် ငြင်းဆန်ပြီး ပြန်နှင်ထုတ်လိုက်တဲ့အကြောင်း စိတ်မကောင်းစွာနဲ့ ကြားသိရပါတယ်” ဟု ပြင်သစ်နိုင်ငံ အဆင့်မြင့်ပညာရေးနှင့် သုတေသနဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Philippe Baptiste က ဆိုသည်။ […]