BREAKING
April 20, 2025

သတင်း

တနင်္သာရီ ချောင်းလမုရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် တောမီးရက်ဆက်လောင်

Dawei Watch

March 24, 2025

တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှ တောမီး ရက်ဆက်လောင်ကျွမ်းနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ် ၂၁ ရက် ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး ချောင်းလမုရွာအပြင်ရှိ ဝါးရုံတောအတွင်း ကျရောက်ပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် အနီးဝန်းကျင်ရှိ သီဟိုဠ်ခြံများ၊ ရော်ဘာခြံများနှင့် ကွမ်းသီးခြံများ ဆက်လက်လောင်ကျွမ်းနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”တောမီးလောင်တာ ညရောက်မှ သိတယ်။ ကျွန်တော်တို့က လင်း (နောက်တစ်ရက် မနက်စောစော) မှ သွားငြှိမ်း လိုက်တယ်။ အိမ်နဲ့နီးတဲ့ တောစပ်တွေပဲ ငြှိမ်းသတ်နိုင်တယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ မီးလောင်သည့်နေရာမှာ စစ်ကောင်စီတပ်သားများနှင့် နီးနေသည့်အတွက် သွားရောက်ငြှိမ်းသတ်နိုင်ခြင်းမရှိဘဲ မတ်လ ၂၄ […]

ရေဖြူတွင် တိုက်ပွဲပြင်းထန်၊ လေယာဉ်ဝဲသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

March 24, 2025

ရေဖြူမြို့နယ်၊ ကျောက်ကညာနှင့် ညင်းထွေးရွာကြားတွင် ယနေ့နံနက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် လေယာဉ်ဝဲနေသဖြင့် စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ကျောက်ကညာနှင့် ညင်းထွေးရွာကြားရှိ ကားလမ်းမတစ်ဝိုက်နှင့် ကားလမ်းမ အရှေ့ဘက်ခြမ်းတို့တွင် ယနေ့ မတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်ကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုထိ ပစ်နေကြတုန်း၊ လေယာဉ်လည်း လာဝဲနေတယ်” ဟု ၎င်းက နံနက် ၁၁နာရီဝန်းကျင်တွင် ပြောဆိုသည်။ နံနက် ၁၁ နာရီဝန်းကျင်အထိ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင်တပ်၏ လေယာဉ်မှာ ကျောက်ကညာရွာနှင့် ညင်းထွေးရွာ၏တို့တွင် ပျံဝဲနေပြီး လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက […]

တနင်္သာရီ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

Dawei Watch

March 24, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က မတ်လ ၂၂ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနေ့ နံနက်ပိုင်းတွင် အသက် ၃၈ နှစ်အရွယ် ဦးသိန်းဇော်ထွေး (ခေါ်) ဦးနောင်ပြဲအပါအဝင် လမ်းသွားလမ်းလာများကို ဘန်းလမွတ်ရွာလမ်းဆုံတွင် စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူ အားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့သော်လည်း ဦးနောင်ပြဲကိုမူ မတ်လ ၂၃ ရက် ညနေအထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “ဘာကြောင့်ဖမ်းလဲ။ ဘယ်မှာဖမ်းထားလဲဆိုတာကို မသိရသေးဘူး။ မိသားစုဝင်တွေကလည်း လိုက်စုံစမ်းနေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ လက်ရှိတွင် ဖမ်းဆီးခံထားရသည့် ဦးနောင်ဗြဲကို စစ်ကောင်စီတပ်က ဇဝဲရွာဘက်ကို ခေါ်ဆောင်သွားကြောင်း ဘန်းလမွတ်ရွာ ဒေသခံတစ်ဦးက ပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ မတ်လ […]

ထားဝယ်မြို့ပေါ်တွင် ယနေ့တစ်ရက်တည်း မီး ၂ ကြိမ်လောင်

Dawei Watch

March 23, 2025

ထားဝယ်မြို့ပေါ်တွင် ယနေ့(မတ် ၂၃) တစ်ရက်တည်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ ယနေ့ ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်၊ ကျောင်းသစ်လမ်းတွင် မီးလောင်မှုကြောင့် လူနေအိမ်တစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “မီးလောင်တဲ့အချိန်မှ အိမ်မှာ လူရှိမနေဘူးလို့ ပြောတယ်။ အိမ်ကတော့ အားလုံးပျက်စီးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ယင်းအပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန် ငါးဈေးအနီး ထားဝယ်မြစ်ထဲ ရပ်နားထားသည့် ဆီတင်သင်္ဘော မီးလောင်မှုဖြစ်ခဲ့ကြောင်း မြို့ခံများကပြောသည်။ ယင်းမီးလောင်မှုများကို ထားဝယ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ဝန်ထမ်းများနှင့် မြို့ခံများ ပူပေါင်းငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုများ ဖြစ်ပွားရသည့် အကြောင်းကိုမူ အသေးစိတ်မသိရသေးပေ။ ယမန်နေ့ (မတ် ၂၂) နံနက်ပိုင်းတွင်လည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် […]

ဘန်ကောက်တွင်ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်တက်မည်

Dawei Watch

March 23, 2025

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အဖွဲ့၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တက်ရောက်မည်ဖြစ်ကြောင်း Thai PBS သတင်းဌာနက ဖော်ပြထားသည်။ ယင်းခရီးစဉ်မှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်၏ ပထမဆုံး ဘန်ကောက်ခရီးစဉ်လည်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရာက ပထမဆုံး ဦးဆောင်ကျင်းပမည့် နိုင်ငံ့ခေါင်းဆောင်အဆင့် ထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးကို ကနဦးတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးသို့ BIMSTEC အဖွဲ့ဝင်နိုင်ငံများအားလုံး ပါဝင်တက်ရောက်သွားမည် ဖြစ်သည်။ အဆိုပါ […]

တနင်္သာရီ-ထုံခါ-မောတောင်လမ်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ၍ တံတားကျိုးကျ

Dawei Watch

March 23, 2025

တနင်္သာရီ–ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းနှစ်ပေါက်တံတား ပြိုကျပျက်စီးသွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာနနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။ ယနေ့(မတ် ၂၃) နေ့လယ် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က ချောင်းနှစ်ပေါက်တံတား ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ- Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကျယ် ပေ ၂၀၊ အလျား ၂၄၀ ပေအရှည်ရှိသည့် ကွန်ကရစ်တံတား ပြိုကျပျက်စီးသွားပြီး လမ်းပိုင်းပြတ်တောက်သွားပြီဖြစ်ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း ၎င်းကဆိုသည်။ “တိုက်ပွဲကတော့ ဒီတစ်ပတ်လုံးတောက်လျောက်ဖြစ်နေတာ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ဒီချောင်းနှစ်ပေါက်တံတားအနီးမှာ ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်တယ်။ စစ်ခွေးတွေဘက်လည်း ထိခိုက်သေဆုံးမှုများတယ်။ […]

စူရတ်ဌာနီတွင် လောင်းကစားဝိုင်းဝင်ဖမ်း၊ မြန်မာ ၂၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

March 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ထဲက လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာတွင် မြန်မာနိုင်ငံသား ၂၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၂ ရက်နေ့ညက ခီရီရတ်နီခွန်ဒေသရှိ နွားခြံအဟောင်းထဲက လောင်းကစားဝိုင်းကို ထိုင်းအာဏာပိုင်များအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လောင်းကစားဝိုင်းတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၂၁ ဦးနှင့် ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လောင်းကစားဝိုင်းထဲရှိ ဘတ် ၂၈၅၅၀ ဘတ်နှင့် ဖဲထုပ် ၃၅ ထုပ်ကိုလည်း သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူများကို ခီရီရတ်နီခွန်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ခွင့်မပြုထားသော လောင်းကစားလုပ်မှု (ရှမ်းကိုးမီး) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းတွင် ဖော်ပြသည်။ Ref: Khaosod English, หม่อนไหม สุราษฎร์ […]

ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပ

Dawei Watch

March 23, 2025

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်း တွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ တွာပေ့ကုန်းဘိုးဘိုးကို ဘုရားကျောင်းမှ ပင့်ဆောင်ပြီး ညောင်ပင်ကြီးလမ်းဆုံ ၊ တောင်ခွလမ်းဆုံ ၊ ဘုရားရှစ်မြှောင့်လမ်းဆုံ ၊ ဗိုလ်ချုပ်လမ်းဆုံ စသည့် လမ်းကြောင်း အတိုင်း လှည့်လည်ပြီး ဘုရားကျောင်းသို့ ပြန်လည်ပင့်ဆောင်ခဲ့ကြသည်။