နွေဈေးကွက်တွင် အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် မန်ယူစီစဉ်
Dawei Watch
March 25, 2025မန်ယူအသင်းသည် လက်ရှိအချိန်၌ အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် ပြင်ဆင်ထားပြီဖြစ်ပြီး မန်ယူ ရောင်းထုတ်မည့်ကစားသမားများအနက်တွင် ရတ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးနှင့် ဆန်ချိုတို့လည်း ပါဝင်ကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူနည်းပြ အေမိုရင် သည် လာမည့်နွေဈေးကွက်တွင် ကစားသမားသစ် ၅ ဦးခန့် ခေါ်ယူလိုလျက်ရှိပြီး လက်ရှိတွင် အသင်းရင်းနှီးမြှုပ်နှံသူသစ် INEOS စီးပွားရေးလုပ်ငန်းစုက ကစားသမားသစ် ခေါ်ယူလိုပါက မလိုအပ်တော့သည့်ကစားသမားများကို ရောင်းထုတ်ရမည်ဟု နည်းပြ အေမိုရင်ကို သတိပေးထားပြီဖြစ်သည်။ အေမိုရင်သည် လူငယ်သွေးသစ်ကစားသမားများကို အဓိကထား ခေါ်ယူလိုလျက်ရှိပြီး နွေဈေးကွက်တွင် ကစားသမားသစ် ဝယ်ယူရန်အတွက် အေမိုရင်ကို အသင်းဘက်က အသုံးစရိတ်ပမာဏ ပေါင်သန်း ၂၀၀ ဝန်းကျင်သာ ထုတ်ပေးဖွယ်ရှိနေသည်။ မန်ယူသည် အငှားချထားသော အန်တိုနီနှင့် ရတ်ရှ်ဖို့ဒ်တို့ကို အပြီးအပြတ် […]