ဖူးခက်တွင် မြန်မာဆိုင်ထဲ ဓားပြဝင်တိုက်သည်ဆိုကာ မြန်မာ ၂ ဦးကိုဖမ်းဆီး
Dawei Watch
March 27, 2025ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် မြန်မာကုန်စုံဆိုင်ထဲ ဓားပြဝင်တိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မတ်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ဖူးခက်မြို့ ထန်လန်ဒေသက မြန်မာအမျိုးသမီး၏ ဆိုင်ထဲသို့ အမည်မသိသူ ၄ ဦး ဝင်လာပြီး ဘတ် ၄၇၀,၀၀၀ ကျော်တန်ဖိုးရှိ ရွှေနှင့်ငွေများကို ဓါးပြတိုက်ယူဆောင်သွားကြောင်း သတင်းတွင် ပါရှိသည်။ ဓားပြတိုက်သူများသည် ဓါးနှစ်ချောင်းကိုင်၍ ဆိုင်ကယ်စီးလာပြီး ဆိုင်ကယ်ဦးထုပ် အပြည့်ဆောင်းထားသည်ကို CCTV မှတ်တမ်းများအရ တွေ့ရသည်။ ထန်လန်ရဲစခန်းက တိုင်ချက်ရရှိပြီးနောက် CCTV မှတ်တမ်းများကတစ်ဆင့် စုံစမ်းစစ်ဆေးခဲ့ပြီး ဓါးပြတိုက်ရာတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ မြန်မာနိုင်ငံသား ၄ ဦးကို တရားရုံးတွင် ဝရမ်းထုတ်ယူခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။ ၎င်းတို့အနက် မတ်လ ၂၆ ရက်နေ့ […]