ရေဖြူတွင် ငလျင်လှုပ်ပြီးချိန် တိုက်ပွဲထပ်ဖြစ်၍ ဒေသခံများ ထိတ်လန့်
Dawei Watch
March 28, 2025ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်ထိတ်လန့်နေသော်လည်း ငလျင်လှုပ်ပြီး မိနစ်ပိုင်းအကြာ (ယနေ့ မွန်းလွဲ ၁ နာရီအချိန်)တွင် ရေဖြူမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ပိုမိုထိတ်လန့် ကြောက်ရွံ့နေကြကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့သည်။ ယင်းသို့ လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရေဖြူမြို့ ရှိ ထားဝယ်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားရာ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။ ငလျင်ကြောင့် လမ်းပေါ်ထွက်ပြေးနေရချိန် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီး များ ကျရောက်လာသည့်အတွက် ပိုမိုစိုးရိမ်ထိတ်လန့်လျက်ရှိကြကြောင်း […]