BREAKING
December 28, 2024

သတင်း

ထားဝယ်မြို့ပေါ် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

November 18, 2024

ထားဝယ်မြို့ပေါ် တွင် ယနေ့ နိုဝင်ဘာလ ၁၈ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံများက ပြောသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားရှိ လမ်းပိုင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားကို တော်လှန်ရေးတပ်ဖွဲ့ များက ကြားဖြတ်တိုက်ခိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “ဖြစ်တာက လေယာဉ်ကွင်းထိပ်၊ အရင်က အရက်ချက်စက်ရုံဟောင်းနားမှာဖြစ်တယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများ၏ ပြောကြားချက်အရသိရသည်။ ထိုပစ်မှုခတ်မှုတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိ၊ မြို့ခံများထိခိုက်မှု ရှိမရှိ အခြေအနေတို့ကို အသေးစိတ်မသိရသေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်မြို့ ဝင်ထွက်ဂိတ်ဖြစ်သည့် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း မြို့ခံများ၏ပြောကြားချက်အရသိရသည်။

လောင်းလုံးတွင် သန်းခေါင်စာရင်းကောက်အဖွဲ့တွင်ပါသဖြင့် ဖမ်းဆီးခံရသည့် ဝန်ထမ်းများပြန်လွတ်

Dawei Watch

November 18, 2024

လောင်းလုံးမြို့နယ်၌ သန်းခေါင်စာရင်းကောက်သည့်အဖွဲ့တွင် ပါဝင်သဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးထားသည့် ဝန်ထမ်းကိုးဦး ပြန်လွတ်လာပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၁၇ ညနေပိုင်းတွင် အဆိုပါဝန်ထမ်းကိုးဦး နေအိမ်သို့ အသီးသီးပြန်ရောက်လာကြပြီဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေသည်ဟုဆိုကာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒေသတွင်းရှိ ကျောင်းဆရာမများအပါအဝင် ဝန်ထမ်း ကိုးဦးကို အောက်တိုဘာလ ၇ ရက်က ဖမ်းဆီးထားခြင်းဖြစ်သည်။ ဖမ်းဆီးပြီးနောက် အဆိုပါဝန်ထမ်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးသွားစဉ်က စစ်ဆေးမေးမြန်းရန်ရှိသဖြင့် ခေတ္တလိုက်ခဲ့ရန် ခေါ်ဆောင်သွားခြင်းဖြစ်သော်လည်း ၎င်းဝန်ထမ်းများကို ၄၂ ရက်ကြာ ဖမ်းဆီးထားပြီးမှ ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ “နောက်တစ်ခါဆိုရင် စစ်‌တပ်နဲ့ပေါင်းပြီး မလုပ်ဖို့၊ ရှင်းရှင်းပြောရရင်တော့ CDM လုပ်မယ်ဆိုပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တာ” ဟု […]

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် သားအဖနှစ်ဦး မိုင်းထိ၊ သားဖြစ်သူ သေဆုံး

Dawei Watch

November 17, 2024

မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် မြိတ်မြို့နယ် တုံးဗျောရွာဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇နာရီခန့်တွင် တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ခဲ့ရာ ဆိုင်ကယ်ဖြင့်လာသည့် သားအဖနှစ်ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် သားဖြစ်သူ အမျိုးသားသေဆုံးပြီး အသက် ၆၀ ဝန်းကျင်အရွယ် ၎င်း၏ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဒဏ်ရာရသွားသည့် ဖခင်ဖြစ်သူကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေရကြောင်း ၎င်းက ပြောဆိုသည်။ “ဖြစ်တာက လမ်းမကြီးပေါ်မှာပဲ မိုင်းကွဲပြီး သေတာပေါ့။ လက်နက်ကြီး မဟုတ်ပါဘူး။ စကစ ထောင်ထားတဲ့မိုင်းလို့ ပြောနေကြတာ။ စကစက လှုပ်ရှားနေတဲ့ နေရာလည်းဖြစ်တယ်ဆိုတော့” ဟု […]

ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရသည့် မောင်မယ်ရှောင်တွင် ရှင်ဓာတ်ဝဲဘုရားနှင့် ရှင်ဥပဂုတ္တပူဇော်ပွဲ အကျဥ်းချုံ့ကျင်းပ

Dawei Watch

November 17, 2024

ထားဝယ်မြို့ နယ်၊ မောင်မယ်ရှောင်ရွာတွင် ရှင်ဓာတ်ဝဲဘုရားကြီးကိုယ်စားတော်နှင့် ရှင်ဥပဂုတ္တရဟန္တာရုပ်ပွားတော်တို့အား ပင့်ဆောင်ပူဇော်ပွဲကိုယနေ့ နိုဝင်ဘာလ ၁၇ရက် နေ့လယ်ပိုင်းက အကျဉ်းချုံ့ကျင်းပကြောင်း ပွဲသို့သွားရောက်သူများက ပြောသည်။ အဆိုပါပူဇော်ပွဲကို အစဉ်အလာမပျက် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ရောက်တိုင်း ကျင်းပလေ့ရှိပြီး နှစ် ၇၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။ သို့သော်ယခုနှစ်တွင် ဒေသခံများ စစ်ဘေးရှောင်နေရသဖြင့် ဘုရားလှည့်ပွဲအစား ရှင်ဓာတ်ဝဲဘုရားကိုယ်စားတော်စေတီနှင့် ရှင်ဥပဂုတ္တတို့ကို ကျေးရွာအတွင်း ခေတ္တပင့်ဆောင်၍ အစဥ်အလာမပျက်စေရန် အပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “အကွက် ၁ (မနှဲကုန်း) ကို ဘုရားပင့်သွားပြီး ပရိတ်တရားနာကြပါတယ်။ မြို့မှာ (တိမ်းရှောင်) နေကြတဲ့သူတွေ နည်းနည်း တက်ကြတယ်။ ရွာမှာကျန်နေတဲ့အချို့နဲ့ ပေါင်းပြီး ရေစက်ချတရားနာလိုက်တယ်။ အပူဇော်ခံပွဲပြီးသွားပါပြီ” ဟု မောင်မယ်ရှောင်ရွာသားတစ်ဦးက ပြောသည် ။ ပုံမှန်အားဖြင့်ဆိုလျှင် […]

မြန်မာ‌တွေဦးဆောင်တဲ့ ထိုင်းတောင်ပိုင်း ရနောင်းမြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲ

Dawei Watch

November 17, 2024

ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ (ယနေ့) ကျင်းပ‌နေပါတယ်။ မြန်မာတွေဦးဆောင်တဲ့ အဲဒီဘုရားလှည့်ပွဲဟာ ၃ ကြိမ်မြောက်ရှိပြီဖြစ်ပြီး အဝတ်ဖြူဝတ်အမျိုးသားတွေနဲ့ ယောဂီဝတ်အမျိုးသမီးတွေက လိုက်ပါခဲ့ပါတယ်။ ရနောင်းမြို့ရှိ စက်ရုံ၊အလုပ်ရုံ၊ ငါးဂိုဒေါင်တွေနဲ့ ငါးဖမ်းလှေတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေက မြန်မာ့ဟန် ထုလုပ်ပူ‌ဇော်ထားတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို လှည့်လည်ပူဇော်ခဲ့တာပါ။ ရနောင်းမြို့အတွင်း ဘုရားလှည့်ပွဲမှာ ထိုင်းရဲတပ်ဖွဲ့ဝင်အချို့နဲ့ ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က လမ်းရှင်းပေးပြီးကာ လိုက်ပါကူညီခဲ့ပါတယ်။

လွိုင်ကထုန်ညက ဖူးခက်တွင် မြန်မာတစ်ဦးအကြွေစေ့ဆယ်စဉ် ရေနစ်သေဆုံး

Dawei Watch

November 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လွိုင်ကထုန် ဆီမီးမျှောပွဲညက ရေကန်ထဲရှိ ကထုန်ဆီမီးခွက်များပေါ်က အကြွေစေ့များကို လိုက်ဆယ်ယူနေသော မြန်မာနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထန်လန်ရေကန်ကြီးတွင် နိုဝင်ဘာလ ၁၅ ရက်ညက လွိုင်ကထုန်မီးမျှောပွဲ ပြုလုပ်ပြီးနောက် ကထုန်မီးခွက်များပေါ်က အကြွေစေ့များကို ရှာဖွေဆယ်ယူနေသော မြန်မာနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခြင်းဖြစ်သည်။ လွိုင်ကထုန် ဆီမီးမျှောပွဲတော်ကို ထိုင်းနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်ညတွင် ကျင်းပလေ့ရှိပြီး ထားဝယ်ဒေသက သပိတ်မျှောပွဲကဲ့သို့ ကထုန်မီးခွက်များပေါ်တွင် တစ်ဘတ်၊ နှစ်ဘတ်၊ ငါးဘတ်၊ ၁၀ ဘတ်တန်များထည့်၍ ဆီမီး၊ ပန်းများနှင့်အတူ မျှောလေ့ရှိကြသည်။ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားသည် ရေကန်၏ ဘေးတွင် ဖိနပ်နှင့် ဖုန်းကို ထား၍ ရေထဲက ဆီမီးခွက်များပေါ်တွင် အကြွေစေ့များကို လိုက်လံဆယ်ယူနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်ဟု […]

ပျူစောထီးများ ဖုန်းတာဝါတိုင်ဘတ္ထရီဖြုတ်ရောင်းသဖြင့် ဘုတ်ပြင်းက ရွာအချို့တွင် ဖုန်းလိုင်းလချီပြတ်

Dawei Watch

November 17, 2024

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာရှိ Mytel ဖုန်းတာဝါတိုင်က ဘတ္ထရီများကို ပျူစောထီးများက ဖြုတ်ယူရောင်းစားသဖြင့် ကျေးရွာအတွင်း ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ ခြောက်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာရှိ ဖုန်းတာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် ဘတ္ထရီများကို ပျူစောထီးများက ပြီးခဲ့သည့် ဧပြီလကတည်းက ဖြုတ်ယူရောင်းချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါ ဖုန်းတာဝါတိုင်ကို ဒေသခံပျူစောထီးများက တာဝန်ယူစောင့်ကြပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ ဖုန်းတာဝါတိုင်စောင့်ဝန်ထမ်းအဖြစ် ကျေးရွာအတွင်းနေထိုင်သည့် ပြည်သူတစ်ဦးကို ခန့်ထားရာက နောက်ပိုင်းတွင် ဒေသခံပျူစောထီးများက တာဝန်ယူခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ တောင်ငယ်ကျေးရွာရှိ တာဝါတိုင်တွင် အသုံးပြုသည့် လျှပ်စစ်စွမ်းအင်မရှိတော့သည့်အတွက် အဆိုပါကျေးရွာအပြင် အနီးအနားရှိ ကော့ဘော့ရွာတွင်လည်း ဖုန်းလိုင်းပြတ်တောက်သွားကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါကျေးရွာများတွင် အခြားဖုန်းအော်ပရေတာများ၏ ဆက်သွယ်ရေးကွန်ရက်က လိုင်းအားမကောင်း သဖြင့် Mytel […]

ပုလော မီးလောင်ချောင်းရွာကို စစ်ကောင်စီတပ်စစ်ကူရောက်ပြီး‌နောက် အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုး

Dawei Watch

November 17, 2024

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်သားများ နိုဝင်ဘာလ ၁၅ရက်က စစ်ကူရောက်လာပြီးနောက် အနီးဝန်းကျင်ရှိ ဇရပ်ဆိပ်ကျေးရွာအုပ်စုကို မွှေနှောက်ရှာဖွေကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့ဘက်မှ ကားသုံးစီးဖြင့် စစ်ကူရောက်လာပြီးနောက် အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ရက် နံနက် ၆နာရီခန့် တွင် ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ တပိုကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးကာ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပို‌ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာအတွင်းရှိ အရပ်သားများကို ဖမ်းဆီးခြင်း၊‌ မွေးမြူထားသည့် ကြက်များကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ထို့အပြင် ဒေသခံအချို့၏ ဆိုင်ကယ်နှင့် ငွေကြေးများလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ တပိုကျေးရွာအတွင်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အသက် ၅၀ နှစ်အရွယ် ဦးထွန်းကို နေအိမ်တွင်ပင် […]