BREAKING
April 20, 2025

သတင်း

ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိလာ

Dawei Watch

March 29, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ တစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း စစ်ကောင်စီစာရင်းများအရသိရသည်။ သေဆုံးသူ ၁၀၀၂ ဦးအထိရှိလာပြီး ဒဏ်ရာရရှိသူ ၂၃၇၆ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၃၀ ကျော်ရှိနေသည်။ ယင်းအပြင် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံး စာရင်းအသေးစိတ်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဆိုသည်။ မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေပြီး ကုလသမဂ္ဂကလည်း ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ပြေ ဆိုထားသည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။ အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ် […]

ကျွန်းစု ဝန်တောင်ရွာတွင် တိုက်ပွဲဖြစ်ပြီး ဖုန်းတာဝါတိုင်ပျက်စီး

Dawei Watch

March 29, 2025

ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာတွင် မတ်လ ၂၆ရက်က စစ်သင်္ဘောများဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝန်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ Mytel ဖုန်းတာဝါတိုင် ထိမှန်ပျက်စီးသွားပြီး ရွာသားများမူ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ပင်လယ်ပြင်ရှိ စစ်‌သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး ကျေးရွာရှိ ပြည်သူများမှာ လှေဖြင့်ထွက်ပြေး တိမ်းရှောင်ကြသလို ဥယျာဉ်ခြံများအတွင်း ထွက်ပြေးသူများလည်းရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “တစ်ရွာလုံး ပြောင်းခိုင်းထားတယ်လို့ ပြောနေကြတယ်။ လက်နက်ကြီးပစ်တာနဲ့ လေယာဉ်ဗုံးလာကြဲမှာပဲ ကြောက်တယ်။ ရွာမှာတော့လူ မရှိကြတော့ဘူး” ဟု အဆိုပါ ၎င်းက ပြောဆိုသည်။ မတ်လ ၁၃ ရက်ကလည်း ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးကြောင်း ကျွန်းစုပကဖ၏ […]

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းရှိ ကြေးနန်းတိုင်တံတားဂိတ်တွင် ကုန်ကားတစ်စီးကို စစ်ကောင်စီထပ်ဖမ်း

Dawei Watch

March 29, 2025

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ်ရှိ ကြေးနန်းတိုင်တံတားစစ်ရေးဂိတ်တွင် ကုန်တင်ကားတစ်စီးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၊ ကားပိုင်ရှင်နှင့်နီးစပ်သူထံမှ သိရသည်။ မတ်လ ၂၇ရက် ညနေ ၃နာရီခန့်တွင် တနင်္သာရီမြို့နယ် ပဝရွာဘက်သို့ သွားမည့် ကုန်တင်ကားတစ်စီးကို မြိတ်မြို့နယ် အတွင်းရှိ အထက်ပါကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ကြောင်း ကားပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါကုန်တင်ကားပေါ်တွင် ပဝရွာဘက်သို့ပို့မည့် ကုန်ပစ္စည်းများတင်လာသည်ဟုဆိုကာ စစ်ဆေးပြီး ကားပေါ်ပါလာသည့် အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦး၊ ၃၉ နှစ်အရွယ် ကုန်ကားမောင်းသူနှင့် ၃၆ နှစ်ဝန်းကျင်အရွယ် ကားနောက်လိုက်တို့ကို ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။ အထက်ပါကုန်ကားမှာ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ် ဇဝဲရွာအနီးဝန်းကျင်ရှိ ကျေးရွာများကို ကုန်စည်ပို့ဆောင်နေသည့် ကားဖြစ်ကြောင်း ဇဝဲရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။ ”ပဝရွာဘက်ပို့ဖို့ ကုန်ပစ္စည်းတွေ တင်နေတာဆိုပြီး အဲဒီရွာက […]

လောင်းလုံးရဲစခန်းရှေ့တွင် အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံး

Dawei Watch

March 29, 2025

‌လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကြားရှိ ကားလမ်းပေါ်တွင် မတ်လ ၂၈ ရက်က အသက်ကြီးပိုင်း အမျိုးသားတစ်ဦး သုံးဘီးပေါ်က ပြုတ်ကျသေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ စမ်းလှမ်းကျေးရွာဇာတိဖြစ်ပြီး လောင်းလုံးမြို့ပေါ်တွင်နေထိုင်သူ သုံးဘီးမောင်းသမား အသက် ၆၀ ဝန်းကျင် အရွယ် ဦးတင်စိုးဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အဆိုပါအမျိုးသားသည် ထားဝယ်မြို့မှ သုံးဘီးဖြင့် ခရီးသည်တင်ဆောင်လာစဉ် ရဲစခန်းအရှေ့အရောက်‌ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မူးဝေပြီး သုံးဘီးပေါ်က ပြုတ်ကျသွားခဲ့ကြောင်း ဆိုသည်။ “(ရာသီဥတုက) ပူကလည်းပူဆို‌တော့ ခေါင်းမူးပြီး ပြုတ်ကျသွားတာဖြစ်မယ်။ သုံးဘီးကတော့ ရဲစခန်းအရှေ့က ဘယ်ရီဂိတ်ကို ဝင်တိုက်နေတယ်။ လူကတော့ ကတ္တရာလမ်းနဲ့ရိုက်မိပြီး ခေါင်းမှာသွေးအများကြီးထွက်လာလို့ ဆရာမဒါ်မူမူသန်း ဆေးခန်းကို ခေါ်သွားသေးတယ်။ ဆေးခန်းရောက်တဲ့အချိန်ဆို လူကသေနေပြီ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ […]

မြန်မာ့ငလျင်ဘေး မလေးရှား ကူညီမည်

Dawei Watch

March 29, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများကို အရေးပေါ်ကူညီရန် မလေးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ကယ်ဆယ်ရေးအဖွဲ့နှစ်ခုကို နှစ်သုတ်ခွဲ၍ စေလွှတ်သွားမည် ဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သည့် ကူညီကယ်ဆယ်ရေးကနဦးလေ့လာမှုအဖွဲ့သည် ရန်ကုန်မြို့သို့ ဒီကနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဖွဲ့ဝင် ၄၀ ဦးပါဝင်သည့် နောက်ထပ်ကယ်ဆယ်ရေးအဖွဲ့ကို တနင်္ဂနွေနေ့တွင် မလေးရှားနိုင်ငံမှ ထပ်မံစေလွှတ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ပထမစေလွှတ်ထားသည့် ကနဦးမြေပြင်လေ့လာရေးအဖွဲ့က ဦးစားပေးဧရိယာအဖြစ် သတ်မှတ်ထားသည့် ဒေသများတွင် အရေးပေါ် အကူအညီပေးရန် အဖွဲ့ဝင် ၄၀ ဦး ပါဝင်သည့် ကူညီကယ်ဆယ်ရေးဒုတိယအဖွဲ့ကို တနင်္ဂနွေနေ့တွင် ထပ်မံစေလွှတ်သွားမည် ဖြစ်သည်။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ငလျင်ဘေးသင့်မြန်မာပြည်သူများအတွက် ဝမ်းနည်းကြောင်း သောကြာနေ့က ထုတ်ပြန်ခဲ့သည်။ အာဆီယံအဖွဲ့ဝင်အိမ်နီးချင်းနိုင်ငံများနှင့်အတူ […]

ငလျင်ကြောင့် မန္တလေးတွင် သေဆုံးသူ ခုနစ်ရာနီးပါး၊ ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိလာ

Dawei Watch

March 29, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသေဆုံးမှု များပြားခဲ့သည့် ဒေသများအနက် မန္တလေးတစ်ခုတည်းတွင် သေဆုံးသူ ၆၉၄ဦး၊ ဒဏ်ရာရသူ ၁၆၇၀ရှိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ မန္တလေးသို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက်ပြီးနောက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြသည်။ လက်ရှိတွင် ပျောက်ဆုံးသူ ၆၈ဦးရှိနေပြီး သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးမှု အသေးစိတ် စာရင်းကို ဆက်လက်ကောက်ယူနေဆဲဖြစ်ကြောင်း ဖော်ပြသည်။ မတ်လ ၂၈ ရက်ညတွင် စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်တွင် သေဆုံးသူ ၉၆ ဦး၊ စစ်ကိုင်းမြို့တွင် သေဆုံးသူ ၁၈ဦးရှိခဲ့သည်ဆိုသဖြင့် သေဆုံးသူ စုစုပေါင်း ၈၀၈ ဦးအထိ ရှိလာပြီဖြစ်သည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်အထိ […]

တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

Dawei Watch

March 29, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများအား အရေးပေါ်ကူညီရန် တရုတ်နိုင်ငံ​၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦးပါ အဖွဲ့သည် ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။ ငလျင်လှုပ်ခတ်ပြီးနောက် ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ အစောဆုံးရောက်လာသည့် ပြည်ပမှ အကူအညီပေးရေးအဖွဲ့လည်း ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ ထောက်လှမ်းရှာဖွေရေး ကိရိယာများ ၊ ငလျင်ကြိုတင်သတိပေးစနစ်များ ၊ ခရီးဆောင်ဂြိုဟ်တုများနှင့် ဒရုန်းများအပါအဝင် အရေးပေါ်ကယ်ဆယ်ရေးကိရိယာများ သယ်ဆောင်ပြီး တရုတ်နိုင်ငံ ၊ ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညတွင်းချင်း ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် ပျက်စီးဆုံးရှုံးမှုများသည့် နေပြည်တော်သို့ အမြန်သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဟုလည်း တရုတ်သံရုံးက […]

နေပြည်တော်အနီး ငလျင်ထပ်လှုပ်၊ နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ်လှုပ်

Dawei Watch

March 29, 2025

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မြောက်-အရှေ့မြောက်ဘက် ၅မိုင်အကွာတွင် ယနေ့ မတ်လ ၂၉ရက် နံနက် ၆နာရီ နီးပါးတွင် အင်အားရစ်(ခ်)တာစကေး ၅အဆင့်ရှိ အင်အားအသင့်အတင့်ရှိမြေငလျင် လှုပ်ခတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီခန့်တွင် လှုပ်ခတ်သည့် ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ၁၁ မိနစ်အကြာတွင် ရစ်(ခ်)တာစကေး ၇ဒသမ ၅အဆင့်ရှိ ငလျင်အပါအဝင် နောက်ဆက်တွဲ ငလျင် ၁၃ ကြိမ် လှုပ်ခတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့နှင့် နေပြည်တော်၊ ရှမ်းအရှေ့မြောက်တို့တွင် ထိခိုက်သေဆုံးမှု ပျက်စီးဆုံးရှုံးမှု များသည်။ ပြိုကျနေသည့် အဆောက်အအုံများတွင် ပိတ်မိနေသည့် ရဟန်းသံဃာများ၊ […]