BREAKING
April 19, 2025

သတင်း

ထားဝယ်မှ ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့ မန္တလေးသို့ သွားရောက်ကူညီမည်

Dawei Watch

March 29, 2025

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အခြေစိုက် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ငလျင်ဘေးသင့်သူများကို ကူညီရန် မနက်ဖြန်(မတ် ၃၀) နံနက် ၄ နာရီတွင် ထားဝယ်မြို့မှ မန္တလေးမြို့သို့ စတင်ထွက်ခွာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ ထံမှသိရသည်။ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့တွင် ထားဝယ်ဒေသအခြေစိုက် အရေးပေါ် လူနာတင်ယာဉ်အသင်း လေးသင်းမှ အဖွဲ့ ဝင် ၃၈ ဦးပါဝင်မည်ဖြစ်ပြီး လူနာတင်ယာဉ် ၄ စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီးနှင့် အထောက်အကူပြုယာဉ် ၁ စီး စုစုပေါင်းယာဉ် ၆ စီးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင် သယ်ဆာင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်ကပြောသည်။ “မန္တလေးရောက်ရင်တော့ သက်ဆိုင်ရာ မန္တလေးတိုင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ […]

ဒဏ်ရာရစစ်ကောင်စီတပ်သားများ သယ်လာသည့် ယာဉ်တန်းကို ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

March 29, 2025

တိုက်ပွဲရက်ရှည်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်ကောင်စီတပ်သားများကို မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်သည့် ယာဉ်တန်းကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မတ်လ ၂၈ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သယ်ဆောင်လာသည့် ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းသည် အမှတ် ၃၀၆ အမြောက်တပ်မှ မြိတ်ဘက်သို့မောင်းနှင်လာချိန် တနင်္သာရီမြို့နယ် ရမ်းဖိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ရမ်းဖိုရွာရှိ ဆီအုန်းကုန်းတွင် ဗိုလ်ခရင်းတပ်ဖွဲ့ ၊တောကြီးမြွေဟောက်တပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့ နှင့် ပကဖဇုန်(၃)တို့က မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ကားတစ်စီး ပျက်စီးသွားကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။ တစ်နာရီခန့်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်မှုရှိနိုင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကမူ […]

မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ စပါးနှင့် ဘရန့်ဖို့ဒ်တို့က ငလျင်ဒဏ်သင့် မြန်မာနှင့် ထိုင်းအတွက် ဆုတောင်းပေး

Dawei Watch

March 29, 2025

နာမည်ကျော် ဘောလုံးကလပ်အသင်းများဖြစ်ကြသော မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွက် ၎င်းတို့အသင်းပိုင် ဝက်ဘ်ဆိုက်များကတဆင့် ဆုတောင်းစကားများ ပြောကြားထားသည်။ မန်ယူ၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ စပါးနှင့် ပီအက်စ်ဂျီတို့သည် အင်အားပြင်းငလျင်ဒဏ်ကို ရင်ဆိုင်ကြုံဆုံခဲ့ရသော မြန်မာနှင့် ထိုင်းနိုင်ငံတို့အတွက် အားပေးစကားများပြောကြားပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း လွှင့်တင်ဖော်ပြထားကြသည်။ ONE Championship သည်လည်း သောကြာည၌ ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကို ရပ်နားရွှေ့ဆိုင်းပစ်ခဲ့ပြီး ONE ၏ CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင် တို့ကလည်း ငလျင်ဘေးသင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရပါကြောင်း ရေးသားအသိပေးခဲ့ကြသည်။ အင်အားပြင်းငလျင်သည် မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ငလျင်၏စွမ်းအားသည် […]

ONE CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့က ငလျင်သင့်ပြည်သူများအတွက် ဆုတောင်းပေး

Dawei Watch

March 29, 2025

ONE Championship CEO ချတ်ထရီနှင့် ဖိလစ်ပိုင်ဖိုက်တာမလေး ဘိုမိုဂေါင်တို့သည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝမ်းနည်းစိတ်ထိခိုက်ရကြောင်းနှင့် နှစ်သိမ့်အားပေးသည့် ဆုတောင်းစကားများ ပြောကြားပေးခဲ့ကြောင်းကို ONE Championship က ဖော်ပြထားသည်။ ONE Championship သည် ယမန်ညက ကျင်းပရန် စီစဉ်ထားခဲ့သော ONE Friday Fights 102 ပြိုင်ပွဲကြီးကိုလည်း မကျင်းပတော့ဘဲ ရွှေ့ဆိုင်းပစ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သော ငလျင်ကြောင့် ထိခိုက်နစ်နာသွားခဲ့သူများကို စာနာဖေးကူရေးမှာ ယခုအချိန်တွင် အရေးအကြီးဆုံးဖြစ်ကြောင်းလည်း ONE Championship က အသိပေးထားသည်။ ထိုင်းဝန်ကြီးချုပ် ပေထုံတန် သည် ငလျင်ဒဏ်သင့်ပြည်သူများကို ကယ်ဆယ်ရေးများ အရှိန်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်သူအားလုံး ပူးပေါင်းကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားပြီး အစိုးရဘက်ကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးရန်အတွက် အချိန်မလပ် အသင့်ပြင်ထားမည်ဖြစ်ကြောင်း […]

စင်ကာပူကယ်ဆယ်ရေးအဖွဲ့ မြန်မာ့ငလျင်ဘေး ကူညီမည်

Dawei Watch

March 29, 2025

စင်္ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်မှ Operation Lionheart( OLH) ဟု အမည်ပေးထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ အဖွဲ့ဝင်ဦးရေ ၈၀ ဦး ပါဝင်သည့် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည် စင်္ကာပူနိုင်ငံ ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေးလေးကောင်လည်း လိုက်ပါလာမည် ဖြစ်သည်။ ၎င်းတို့နှင့်အတူ အသက်ရှင်သူရှာဖွေရေးကိရိယာများ ၊ […]

ငလျင်ကြောင့် မင်းကွန်းဒေသရှိ သမိုင်းဝင် မြသိန်းတန်စေတီနှင့် ပုထိုးတော်ကြီး ပျက်စီး

Dawei Watch

March 29, 2025

အင်အားပြင်းထန်လွန်းသော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီ ထိပ်ပိုင်းကျိုးကျပျက်စီးပြီး မင်းကွန်းပုထိုးတော်ကြီးလည်း ထိခိုက်ပျက်စီးကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့် ဒေသတွင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။ ယင်းအပြင် မင်းကွန်းဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနှင့် သာသနိက အဆောက်အဦများ ပြိုကျ ပျက်စီးခဲ့ကြောင်း Mandalay Free Press – MFP သတင်းတစ်ရပ်တွင် ဖော်ပြသည်။ လူ ကိုးဦးထက် မနည်းသေဆုံးပြီး ပြိုကျနေသည် ကျောင်းဆောင်တွေ၊ တည်းခိုခန်းတွေ၊ လူနေတိုက်တွေမှာ ပိတ်မိနေသူများ ရှိနေကြောင်း ဆိုသည်။ အင်အား ရ(ခ်)တာ စကေး ၇ဒသမ၇ အဆင့်ရှိ ငလျင်သည် စစ်ကိုင်းမြို့နှင့် ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး မတ်လ ၂၈ […]

မန္တလေးမှ ထားဝယ်သို့ ပြန်လိုသည့် စာသင်သားရဟန်းများအား ကူညီပို့ဆောင်ပေးမည်

Dawei Watch

March 29, 2025

မြေငလျင်ကြောင့် ထိခိုက်မှုများရှိခဲ့သည့် မန္တလေးမြို့မှ ထားဝယ်ဒေသသို့ ပြန်ကြွလိုသည့် ထားဝယ်ဒေသခံ စာသင်သားရဟန်းများကို ထားဝယ်လမင်း ကားဂိတ်က ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယင်းကားဂိတ်ထံမှသိရသည်။ “မန္တလေး – ထားဝယ်လမ်းကြောင်းက ညအိပ်ရမယ့် လမ်းကြောင်းလည်းဖြစ်နေတယ်။ ခရီးလည်းဝေးတယ်။ စာသင်သား သံဃာတွေ အခက်အခဲဖြစ်နေတာလည်း ကြားသိရတဲ့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးတာပါ” ဟု မန္တလေး – ထားဝယ် ပြေးဆွဲနေသည့် ထားဝယ်လမင်း ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောသည် ။ ထားဝယ်ပြန်မည့် စာသင်သားရဟန်းများအား ကြိုမည့် ကားသည် ယနေ့ မတ်လ ၂၉ ရက် ညနေ ၄ နာရီတွင် မစိုးရိမ်တိုက်သစ်သို့ စုရပ်အဖြစ်ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထားဝယ်ဒေသသို့ပြန်လည်ကြွရန်ဆန္ဒရှိသည့် စာသင်သားရဟန်းများအနေဖြင့် ဖုန်းနံပါတ် 09444840994 နှင့် 09788741187 သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်လမင်းကားဂိတ်ထံမှ […]

မြန်မာ့ငလျင်ဘေး သေဆုံးသူ တစ်သောင်းမှ တစ်သိန်းအထိရှိနိုင်ဟု USGS ပြော

Dawei Watch

March 29, 2025

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့် မြန်မာပြည်သူ တစ်သောင်းကျော်မှ တစ်သိန်းအထိ သေဆုံးနိုင်ခြေရှိကြောင်း အမေရိကန်နိုင်ငံ၊ ဘူမိဗေဒ သုတေသနအေဂျင်စီ (USGS ) က ယနေ့ မတ်လ ၂၉ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။ သေဆုံးသူ အရေအတွက် တစ်သောင်းကျော်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၇၁ ရာခိုင်နှုန်း ရှိပြီး သေဆုံးသူအရေအတွက် တစ်သိန်းကျော်သည့် ဖြစ်နိုင်ခြေမှာ ၃၆ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြသည်။ သေဆုံးသူအရေအတွက် တစ်သောင်းနှင့် တစ်သိန်းအကြား ရှိနိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၅ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။ ငလျင်ဒဏ်ကြောင့် မြန်မာပြည်တွင်း စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု ဒေါ်လာ ၁၀၀ ဘီလီယံထက် ကျော်လွန်နိုင်သည့် ဖြစ်နိုင်ခြေမှာ ၃၃ ရာခိုင်နှုန်းရှိကြောင်း ယင်းအေဂျင်စီ၏ အစီရင်ခံစာက ဖော်ပြသည်။ ဒေါ်လာ ၁၀ […]