BREAKING
April 19, 2025

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 30, 2025

မတ်လ ၂၃ရက်ကနေ မတ်လ ၂၉ရက်အထိ   အင်အားအလွန်ပြင်းတဲ့ ငလျင်ကြီးကြောင့် လူထောင်ချီသေဆုံး ရစ်(ခ်) တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူထောင်နဲ့ချီ ထိခိုက် သေဆုံးဒဏ်ရာရသလို အဆောက်အအုံတွေထဲ ပိတ်မိသူတွေလည်း များစွာ ရှိနေပါတယ်။  စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက် မွန်းလွဲ ၁နာရီလောက်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာ အကွာကနေ လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်းအရှေ့မြောက် တွေမှာ ထိခိုက်သေဆုံးတာ၊ ပျက်စီးဆုံးရှုံးတာ များစွာရှိခဲ့ပါတယ်။ ဒီဒေသတွေကို စစ်ကောင်စီက ငလျင်ဘေးသင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာထားပါတယ်။ မတ်လ ၁၉ ရက် ညနေပိုင်းအထိ […]

တကူကျေးရွာအုပ်စုတွင် တောခုတ်လုပ်သားရှားနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးနေရဟုဆို

Dawei Watch

March 30, 2025

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုရှိရွာများတွင် တောခုတ်အလုပ်သမားရှားပါးနေသည့်အတွက် စရန်ငွေကြိုထုတ်ပေးပြီး ငှားရမ်နေရကြောင်း ဒေသခံများနှင့်ဥယျာဥ်ခြံ လုပ်နေသူများထံမှသိရသည်။ အဆိုပါဒေသတွင် ပြီးခဲ့သည့်နှစ်မှစကာ တောခုတ်အလုပ်သမားရှားပါနေပြီး ယခုနှစ်တွင် စရန်ငွေကြိုတင်ထုတ်ပေးပြီး ငှားရမ်းနေရကြောင်း ဒေသခံတောင်သူများက ဆိုသည်။ တကူကျေးရွာအုပ်စုရှိ ဥယျာဥ်များတွင် ကွမ်းသီးပင်ကို အဓိကစိုက်ပျိုးထားပြီး ငှက်ပျောပင်နှင့် အုန်းပင် အနည်းငယ်ကိုလည်း စိုက်ပျိုးထားကြသည်။ ”အရင်နှစ်တွေက အလုပ်သမားလိုရင် သူတို့နေအိမ်မှာ သွားခေါ်ရတယ်။ အခုက တောခုတ်ချိန်မတိုင်ခင် စရံငွေ ကြိုထုတ်ပေးထားရတဲ့ အခြေအနေတွေဖြစ်လာတယ်”ဟု အသက်၂၆နှစ်ဥယျာဥ်လုပ်နေသူကဆိုသည်။ ပြီးခဲ့သည့်နှစ်က မြက်ခုတ်စက်ဖြင့် တောခုတ်သူတစ်ဦးလျှင် နေ့စားခတစ်ရက် ကျပ်တစ်သောင်းခွဲရှိရာက ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးပေါက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထို့အပြင် ကွမ်းပင်အရင်းတွင် ဓားဖြင့်မြက်ရှင်းသူတစ်ဦးလျှင် နေ့စားခအဖြစ် ၁၂၀၀၀ ကျပ်မှ ကျပ်၁၅၀၀၀ အထိ ဈေးပေါက်နေသည်။ ဥယျာဉ်ခြံ အကျယ်အဝန်းအပေါ်မူတည်ကာ အလုပ်သမားတစ်ဦးလျှင် […]

ကျောက်ဆည်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၀ ခန့်ရှိလာ၊ ကယ်ဆယ်ရေး အကူအညီလို

Dawei Watch

March 30, 2025

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငလျင်ကြောင့် သေဆုံးသူ ၆၀ ခန့်ကို ပြန်လည်ရှာဖွေတွေ့ရှိထားကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ပြိုကျနေသည့် အဆောက်အအုံများတွင် ဆက်လက်ရှာဖွေနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ရန် ပစ္စည်းအင်အားနှင့် လူအင်အား လိုအပ်လျက်ရှိကြောင်း ၎င်းတို့က ပြောသည်။ ကျောက်ဆည်မြို့ရှိ Bright Kids နှင့် လမ်းပြကြယ် မူကြိုကျောင်းနှစ်ခုတွင် ငလျင်ကြောင့် အဆောက်အအုံ ပြိုကျ၍ သေဆုံးသည့် ဆရာမနှင့် ကလေး သုံးဆယ်ကျော်ရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ဆိုသည်။ “သေတာ အတော်များပါတယ်။ အသက်ရှင်လျက်ပြန်တွေ့တာ တစ်ဆယ်လောက်ပါပဲ။ ကျွန်တော်တို့တစ်ရပ်ကွက်တည်းမှာ သေတဲ့ကလေး လေးယောက်ရှိတယ် ။ သေတဲ့ အရေအတွက်က အတိအကျပြောမရသေးဘူး ။ သုံးဆယ်အထက်လို့ပဲ ပြောရသေးတယ်။ လမ်းပြကြယ် မူကြိုမှာကတော့ နှစ်ယောက်အတည်ပြုလို့ရတယ်” ဟု ၎င်းကပြောသည် ။ ယင်းအပြင် […]

တရုတ်၊ အိန္ဒိယနှင့် စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးစတင်

Dawei Watch

March 30, 2025

Dawei Watch၊ မတ် ၃၀ တရုတ်၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံက လာရောက်သည့် ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များသည် ယနေ့ မတ်လ ၃၀ ရက် နံနက် ၇နာရီစမှတင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ မန္တလေးတွင် ငလျင်ကြောင့် ပြိုကျပြီး မြေထဲကျွံဝင်ကာ လူများစွာပိတ်မိနေသည့် Sky Villa ကွန်ဒိုတွင် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ မီးသတ်ဦးစီးဌာနက အဖွဲ့ဝင် ၅၀ ဦးတို့သည် ရှာဖွယ်ကယ်ဆယ်ရေး လုပ်ငန်များ စတင်လုပ်ဆောင်နေကြောင်း ဖော်ပြသည်။ မန္တလေးက Great Wall Hotel ပြိုကျပျက်စီးသည့်နေရာတွင် အိန္ဒိယနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦးတို့ ရှာဖွေကယ်ဆယ်ရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ စင်ကာပူနိုင်ငံက လာရောက်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့သည်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို […]

ငလျင်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာ

Dawei Watch

March 29, 2025

အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၁၆၀၀ ကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မတ်လ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်သည်။ သေဆုံးသူ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၄၀၈ ဦးအထိ ရှိလာကာ ပျောက်ဆုံးသူမှာ ၁၃၉ဦး ရှိနေကြောင်း ဖော်ပြသည်။ မြန်မာသို့ တရုတ်၊ ရုရှား၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်နေရှိနေပြီး ထိုင်းနိုင်ငံက စစ်သားများအပါအဝင် ကယ်ဆယ်ရေးအဖွဲ့လည်း မတ်လ ၃၀ ရက်တွင်လည်း ရောက်ရှိရန် ရှိသည်။ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ ၇အဆင့်ရှိ အင်အားအလွန်းပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ ညနေပိုင်းအထိ နောက်ဆက်တွဲ ငလျင် ၁၄ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်။ […]

ငလျင်ကြောင့် ဘန်ကောက်အဆောက်အအုံ ပြိုကျမှုတွင် မြန်မာအပါအဝင်‌ သေဆုံးသူ ၉ ဦးရှိလာ

Dawei Watch

March 29, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့ (မတ် ၂၈) နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ ပြိုကျမှုဖြစ်ပွားရာတွင် မြန်မာနိုင်ငံသားအပါအဝင် သေဆုံးသူ ၉ ရှိလာပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိထံမှ သိရသည်။ အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသူလည်း ၉ ဦးရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သံအရာရှိက ပြောသည်။ လက်ရှိအချိန်အထိ အဆောက်အအုံထဲ ၈၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးနေကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိက ပြောသည်။ “လက်ရှိကတော့ သေဆုံးသူတွေထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းတွေလဲ ပါနေတယ်ပေါ့နော်။ ကယ်ဆယ်ရေးလုပ်ငန်းတွေရော ထိခိုက်ဒဏ်ရာရရှိသူတွေကိုရော ထိုင်းဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ဆက်တွဲ လျော်ကြေးကိစ္စတွေအထိ […]

မြန်မာ့ငလျင်ဘေး သွားရောက်ကူညီပေးရန် ထိုင်းစစ်တပ်ကို ဝန်ကြီးချုပ်ညွှန်ကြား

Dawei Watch

March 29, 2025

ထိုင်းတပ်မတော် ကယ်ဆယ်ရေးအဖွဲ့များက မြန်မာပြည်တွင်း ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဆောင်ရွက်ရေး မနက်ဖြန် တနင်္ဂနွေနေ့တွင် သွားရောက်ရန် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ညွှန်ကြားလိုက်သည်။ မြန်မာပြည်တွင်းရှိ ငလျင်ဒဏ်သင့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကာကွယ်ရေးဝန်ကြီးကို ထိုင်းဝန်ကြီးချုပ်က ယနေ့တွင် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ရှာဖွေကယ်ဆယ်ရေး ကျွမ်းကျင်သူ စစ်သား ၄၉ ဦးနှင့်အတူ ဆေးဝါးနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်တပ်လေယာဉ်ဖြင့် မနက်ဖြန် သွားရောက်ကူညီရန် စေလွှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာစစ်ကောင်စီ၏ အကူအညီတောင်းခံမှုအရ လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နောက်ထပ်လိုအပ်ချက်များကို အခြေအနေအရ ထပ်မံပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက ဆိုသည်။ လက်ရှိတွင် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူများ […]

မန္တလေး Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်၊ ကိုးဦးသေဆုံး

Dawei Watch

March 29, 2025

မန္တလေးမြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျကာ မြေထဲကျွံဝင်သွားသည့် Sky Villa ကွန်ဒိုတွင် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး သေဆုံးသူ ကိုးဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ အဆိုပါ အဆောက်အအုံတွင် ပိတ်မိနေသူများကို ဗဟိုမီးသတ်သင်တန်းကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ကြောင်း ဖော်ပြသည်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဆိုသည်။ ငလျင်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်၊ ဒဏ်ရာရသူ ၂၃၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။