မြိတ်ထောင်က နိုင်ကျဉ်းနှစ်ဦး အပါအဝင် ၁၇ဦး လွတ်
Dawei Watch
April 18, 2025မြန်မာနှစ်ဆန်းတစ်ရက်တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦး လွတ်မြောက်ပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသားနှစ်ဦးသာပါဝင်ကြောင်း မြိတ်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်အကျဉ်းထောင်က အကျဉ်းသား ၁၄ ဦးနှင့် အကျဉ်းသူ ၃ ဦးလွတ်မြောက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ ယင်းသို့ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးနှင့် အကျဉ်းသူတစ်ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ “နိုင်ကျဉ်းက မြိတ်ဒေသခံ ကျားတစ်ဦးရယ်၊ ပုလောဒေသခံ မတစ်ဦးရယ်ပဲပါတယ်။ ကျန်တဲ့နိုင်ငံရေးပုဒ်မတွေကို အချိုးတောင် (ပြစ်ဒဏ်လျှော့ချ) မပေးဘူး” ဟု မြိတ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာရှိ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းကလည်း အကျဉ်းသား ၁၅ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာကြောင်း စစ်ကောင်စီ၏ […]