ပုလောမြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
Dawei Watch
January 22, 2025ပုလောမြို့ပေါ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး အပါအဝင် အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၀ရက် ညတွင် လာရောက်ဖမ်းဆီးသွားကြောင်း ပုလောမြို့ခံများထံမှ သိရသည်။ NLD အစိုးရလက်ထက်က ရက်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့သည့် အသက် ၅၀ နှစ်အရွယ် ဦးသန်းထွန်းလေးနှင့် ဘေးတွဲမောင်းနေသည့် အသက် ၄၅နှစ်ဝန်းကျင်အရွယ် ဦးသက်ကိုတို့ကို ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ “စစ်ကောင်စီက (တပ်ဖွဲ့ဝင်) အင်အား ၇ယောက်လောက်ပါတယ်။ ကားနဲ့လာပြီး သူ့အိမ်မှာ လာဖမ်းသွားတာ။ အခုချိန်မှာ (ဦးသန်းထွန်းလေး) သူကရိုးရိုးသားသား ရှိတာလေးနဲ့ လုပ်ကိုင်နေထိုင်နေတာ။ စရဖရုံးကို ဝင်စီးခံရတာနဲ့ပတ်သက်ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းတာပဲ” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး လက်ရှိတွင် ပုလောမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း […]