ပိတ်မိနေသူများကို ကယ်ထုတ်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ မြန်မာတစ်ဦး ဒူးထောက် အကူအညီတောင်း
Dawei Watch
March 31, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် ပြိုကျသွားသော အထပ်မြင့်အဆောက်အုံနေရာသို့ ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ် ထပ်ရောက်လာပြီး အပျက်အစီးများအောက် ပိတ်မိနေသော မြန်မာနိုင်ငံသားများကို ကယ်ဆယ်ပေးရန် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဒူးထောက် လက်အုပ်ချီ ကာ အကူအညီတောင်းဆိုခဲ့သည်။ နောက်ဆုံးရရှိသည့် အချက်အလက်အရ အဆောက်အအုံပြိုကျသောနေရာတွင် မြန်မာအပါအဝင် သေဆုံးသူ ၁၁ ဦးရှိလာပြီး အလုပ်သမား ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်နေသော လက္ခဏာများကိုလည်း စစ်ဆေးတွေ့ရှိနေဆဲဖြစ်သဖြင့် မြန်မာအလုပ်သမားများကို ဆက်လက်ရှာဖွေကယ်ဆယ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ငလျင်ဒဏ်ကြောင့် ဘန်ကောက်တွင် သေဆုံးသူဦးရေ စုစုပေါင်း ၁၈ ဦး ရှိလာပြီဖြစ်ပြီး ၃၄ ဦးအထိ ဒဏ်ရာရရှိထားသည်။ အဆောက်အုံပြိုကျမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ၇၂ နာရီအချိန်ကျော်လာသည်အထိ မရပ်မနား ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ […]