မြန်မာ ငလျင်ဘေးသင့်ဒေသများကို အတားအဆီးမရှိ သွားကူညီခွင့်ပေးရန် ကုလတောင်းဆို
Dawei Watch
March 31, 2025မြန်မာနိုင်ငံတွင် ငလျင်ဘေးသင့်ခဲ့သည့် ဒေသများကို အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပေးရန် ကုလသမဂ္ဂက တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံးက ယနေ့ မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။ လူသားချင်းစာနာထောက်ထားရေးယာဉ်တန်းများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အကဲဖြတ်ရေးဆိုင်ရာအဖွဲ့များအား ထိန်းချုပ်မှုမရှိ၊ အတားအဆီးမရှိ သွားရောက်ကူညီခွင့်ပြုရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ မာကိုလူဂျီ ကော်စီက ပြောသည်။ ငလျင်ကြောင့် မြန်မာနုင်ငံတွင် လူမှုအသိုက်အဝန်းတစ်ခုလုံး ပျက်စီးဆုံးရှုံးခဲ့သကဲ့သို့ အရေးပါသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပြီး လူပေါင်းများစွာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ ကုလသမဂ္ဂအဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင် အသက်ကယ် တုံ့ပြန်ဆောင်ရွက်ရန် ကနဦးငွေ ဒေါ်လာ ၁၅ သန်းကို စုပေါင်းထည့်ဝင်ထားခဲ့ပြီး အရေးပေါ်သုံးပစ္စည်းများကို စုစည်းထားကြောင်း မစ္စတာ မာကိုလူဂျီ ကော်စီက ပြောဆိုသည်။ အဆိုပါငွေကို […]