BREAKING
January 27, 2025

သတင်း

ဘီးလင်းဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဟု KNU ပြော

Dawei Watch

February 27, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာခံ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ဝင်းတာပန်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ-၄၀၉ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက နောင်ကတုတ်ချောင်းအနီးရှိ ဒေသအခေါ် ပနာ့ကွီးနေရာတွင် ဝင်းတာပန်အထက်ရွာသား အသက် ၃၃ နှစ်အရွယ် စောချဝေါ် ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စောချခေါ်၏ ဘယ်ဘက်လက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန် ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ စောချဝေါ်သည် ဟင်းသီးဟင်းရွက်ခူးရန်၊ ဝါးခုတ်ရန် သွားစဉ် စစ်ကောင်စီတပ်နှင့် တွေ့ရာမှ ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ […]

မင်းပြားမြို့နယ်က မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ

Dawei Watch

February 27, 2024

ရခိုင်ပြည်နယ် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို စစ်ကောင်စီတပ်က ယနေ့ နံနက်တွင် ဂျက်တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးလာကြဲခြင်းဖြစ်သည်ကြောင်း ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများ၊ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လူဦးရေမည်မျှ ဒဏ်ရာရရှိသည်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။ ယင်းဆေးရုံသည် ဖမ်းမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ရုံဖြစ်ကြောင်း AA က ဆိုသည်။ စစ်ကောင်စီတပ် ရခိုင်ပြည်နယ်တွင် တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက် စခန်းများ စွာနှင့် မြို့များ […]

ထားဝယ်တွင်သီဟိုစေ့ ဈေးကောင်းရနေ

Dawei Watch

February 27, 2024

ထားဝယ်တွင် ယခုနှစ် သီဟိုရာသီအစတွင် ဈေးကောင်းရနေကြောင်း သီဟိုစိုက်တောင်သူများထံမှ သိရသည်။ ယမန်နှစ် ဖေဖော်ဝါရီလ သီဟိုရာသီအစတွင် သီဟိုစေ့တစ်ပိဿာလျှင် ၂၅၀၀ကျပ် ဝန်းကျင်ဖြင့် ဈေးဖွင့်၍စတင်ဝယ်ခဲ့သည်။ ယခုနှစ် ရာသီအစတွင် တစ်ပိဿလျှင် ကျပ် ၅၀၀၀ နှင့် ၅၅၀၀ကျပ် ကြား ဈေးရရှိကြောင်း သီ‌ဟိုဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။ “မနှစ်က အထွက်လည်းနည်းတယ်။ ဈေးလည်းသိပ်မရဘူး။ ဒီနှစ်ကျတော့ အထွက်လည်းများတယ်။ ဈေးလည်းပိုရတယ်” ဟု ရေဖြူမြို့နယ်ရှိ သီဟိုစိုက်တောင်သူတစ်ဦးက ပြောသည်။ သီဟိုအထွက်များသော်လည်း ဈေးကွက်ထဲသို့ ဝင်ရောက်မှုမှာ နည်းပါးနေ သေးသောကြောင့် ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း သီဟိုလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။ “ပစ္စည်းပေါလာရင် ဈေးပြန်ကျသွားနိုင်တယ်” ဟု သီဟို လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။ တနင်္သာရီတိုင်းတွင် သီဟိုအထွက်များဆုံးဒေသတွေဖြစ်သည့် ပုလော၊ သရက်ချောင်း၊ ထားဝယ်အရှေ့တော၊‌ ရေဖြူ စသည့် […]

ထားဝယ်အရှေ့တောဒေသကို လေယာဉ်ဖြင့် ယနေ့တစ်ရက်တည်း နှစ်ကြိမ်ဗုံးလာကြဲ

Dawei Watch

February 26, 2024

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က K8W အမျိုး အစား တိုက်လေယာဉ်ဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၆ရက် ညနေ ၄နာရီခွဲခန့်တွင် ထပ်မံဗုံးလာကြဲ ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။ နှစ်ဖက်တိုက်ပွဲဖြစ်များသည့်နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် တောင်သုံးလုံးရွာဒေသခံတစ်ဦးတို့က ဆိုသည်။ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်ကို စစ်‌ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက် နှစ်ရက်ဆက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ ယနေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း တောင်သုံးလုံးကျေးရွာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း KNLA ထံမှ သိရသည်။ […]

အရှေ့တောဒေသတွင် ကော်သူးလေတပ်ဖွဲ့ဝင်အချို့ KNU နှင့်ပူးပေါင်း၍ စစ်ကောင်စီကိုတိုက်ခိုက်

Dawei Watch

February 26, 2024

စစ်ကောင်စီနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် အရှေ့တောဒေသတွင် ကော်သူးလေတပ်မတော်-KTLA မှတပ်ဖွဲ့ဝင်အချို့ KNU နှင့်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေကြောင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ သိရသည်။ ဇန်နဝါရီလ ၂၄ ရက်က KNU တပ်မဟာ(၄) KNLA တပ်ရင်း (၁၂)၊ KNU တပ်မဟာ(၆) KNLA တပ်ရင်း (၂၇)နှင့် PDF ပူးပေါင်းတပ်များက ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ (ဘန်းချောင်းဒေသ)ရှိ စစ်ကောင်စီတပ်၏ ကျောက်ထုစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စခန်းသိမ်းတိုက်ပွဲဖြစ်ပြီးသည့်နောက် KNLA နှင့်လာရောက်ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်လာသည့် KTLA တပ်ဖွဲ့နှစ်ဖွဲ့ခန့်ရှိသည်ဟု တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “ကျွန်တော်တို့ဆီကို တချို့တဝက်ပြန်ရောက်ကုန်ပြီ၊ ဒီအောက်ဘက်ခြမ်းမှာကျတော့ တစ်ဖွဲ့နှစ်ဖွဲ့တော့လာပေါင်းနေပြီပေါ့၊ ကျွန်တော်ကတော့ ဖိတ်ခေါ်ထားတယ်၊ ကြိုဆိုတယ်လေ၊ […]

ထားဝယ်ပန်းချီဆရာများ ရဲ့ ပုဂံပန်းချီပြပွဲ

Dawei Watch

February 26, 2024

ထားဝယ်သားပန်းချီဆရာ လေးယောက်ရဲ့ ပုဂံဒေသ အလှပန်းချီပြပွဲ တတိယရက် မြင်ကွင်းများကို ဖော်ပြ​ပေးလိုက်ပါတယ်။ “ Dawei To Bagan “ အမည်ဖြင့် ရေဆေးပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၂၄ ကနေ မတ်လ၂ ရက်နေ့အထိ ထားဝယ်မြို့၊ဆန်းချီရပ်က လှိုင်းခတ်သံ ပန်းချီပြခန်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ထားဝယ်သားပန်းချီဆရာတွေ ဖြစ်တဲ့ ကရဝိက်ဦးလှရွှေ၊ လီယိုစောအယ်၊ ပန်းချီ သန်းဌေး ၊ ပန်းချီ ဇာနည်စိုးမိုး တို့လေးဦးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပုဂံခရီးစဥ်အတွင်းရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ထားဝယ်မြို့မှာပြပွဲ ပြုလုပ်ခဲ့တာပါ။ ပန်းချီဆရာတစ်ဦး ၁၀ ကား နှုန်းနဲ့ စုစုပေါင်း ပန်းချီကား၄၀ပါဝင်ပြသထားပြီး ပြပွဲတတိယရက်မှာ ၂၅ ရာခိုင်နှုန်း ​ရောင်းထွက်သွားပြီလို့ ပြပွဲမှာပါဝင်တဲ့ ပန်းချီဆရာ​တွေကပြောပါတယ်။

မလေးရှားစက်ရုံ ပေါက်ကွဲမှုတွင် လောင်းလုံးသားတစ်ဦးအပါအဝင် မြန်မာ ၂ ဦး သေဆုံး

Dawei Watch

February 26, 2024

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော စက်ရုံတွင်း ပေါက်ကွဲမှုတစ်ခုတွင် လောင်းလုံးဒေသခံတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၂ ဦးသေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဆယ်လန်ဂေါပြည်နယ် ပူချွန်းအူတာမာစက်မှုဇုန်အတွင်း ဂျလမ်းအူတာမာ ၂/၂၆ ရှိ စက်ရုံထဲတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သံဂဟေဖြတ်ရာတွင် သုံးသော အယ်စီတိုင်လင်းဓါတ်ငွေ့ ပြင်းအားများလာမှုကြောင့် စက်ရုံတစ်ခုလုံး ပျက်စီးသည်အထိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မလေးရှားသတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုကြောင့် လောင်းလုံးဒေသခံ ကိုလာဖြူအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ “အလောင်းနဲ့ ပတ်သက်ပြီး ဘာမှ အဖြေမသိရသေးဘူး။ အာဏာပိုင်တွေ ဆက်သွယ်လာမှ သိရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။ သူသည် လောင်းလုံးမြို့နယ် ကုန်းဇရပ်ရွာဇာတိဖြစ်ပြီး ဇနီးဖြစ်သူနှင့် […]

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုများကို ​စောင့်ကြည့်ထိန်းချုပ်သွားမည်ဟုဆို

Dawei Watch

February 26, 2024

ထိုင်းနိုင်ငံအတွင်း စစ်ကောင်စီကို ဆန့်ကျင်သော လှုပ်ရှားမှုများအား စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောကြားခဲ့သည်ကို Bangkok Post သတင်းဌာနက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဖော်ပြထားသည်။ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်သို့ သွားရောက်စဉ်တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ကြွလှုပ်ရှားသူများကို အခြားရွှေ့ပြောင်းနေထိုင်သူများနှင့် မတူညီဘဲ ကိုင်တွယ်သင့်ကြောင်း ပြောကြားထားသည်။ စစ်ကောက်စီကို ခုခံတိုက်ခိုက်ရန် ရန်ပုံငွေကောက်ခံနေသော မြန်မာ့အရေးလှုပ်ရှားနေသူများကို အနီးကပ် စောင့်ကြည်နေပြီး လတ်တလော စိုးရိမ်စရာမရှိကြောင်း ဝန်ကြီးက ဆိုသည်။ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် ထိုင်းနိုင်ငံသို့ဝင်ရောက်ရန် ဗီဇာလျှောက်ထားသူ စံချိန်တင်များပြားခဲ့ပြီး တရားမဝင် လမ်းကြောင်းများကလည်း ဝင်ရောက်လာမှု များပြားနေကြောင်း ဖော်ပြထားသည်။ ထိုင်းသို့ ထွက်ပြေးလာသော မြန်မာနိုင်ငံသားများ အရေအတွက်များပြားနေသော်လည်း စိုးရိမ်စရာမရှိဘဲ မကြာမီနေရပ်ပြန်သွားကြမည့်သူများဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ နယ်စပ်လုံခြုံရေးကိုလည်း […]