BREAKING
April 19, 2025

သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံထဲ ပိတ်မိနေသော ကြောင်ကို K9 ခွေးက ကယ်တင်

Dawei Watch

April 1, 2025

ဘန်ကောက်တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲက ကြောင်တစ်ကောင်ကို K9 ခွေးက တွေ့ရှိသဖြင့် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြိုကျပြီး ၃ ရက်အကြာ မတ်လ ၃၁ ရက်နေ့တွင် ကြောင်အနက်ကလေးတစ်ကောင်ကို အပျက်အစီးများအောက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက ကြောင်ကို အစာများဖြင့် ဆွဲခေါ်၍ လှောင်အိမ်ထဲ ထည့်ကာ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ တိရိစ္ဆာန်ဆရာဝန်များက ကြောင်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး လမ်းဘေးကြောင်းများ ထားရှိရာ ချင်းမိုင်ရှိ Cat Kingdom သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ လက်ရှိတွင် ပြိုကျအဆောက်အအုံထဲက အလုပ်သမား ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး‌ သေဆုံးသူ ၁၃ ဦးရှိကာ ၇၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း […]

အမေရိကန်နှင့် ကနေဒါ ဆေးပညာရှင်များ မြန်မာငလျင်ဒဏ်သင့်နေရာတွင် ဆေးရုံလာဖွင့်မည်

Dawei Watch

April 1, 2025

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံက ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ပညာရှင်များပါသော ဆေးပညာအဖွဲ့များ မြန်မာငလျင်ဘေးသင့်နေသူများကိုကူညီရန် လာရောက်နေပြီး ယာယီဆေးရုံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ဆေးအဖွဲ့သည် ခရစ်ယာန် Samaritan’s Purse အဖွဲ့ကဖြစ်ကြောင်း ခရစ်ယာန် တရားဟောဆရာကြီး ဖရန်ကလင်းဂရေဟန်က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဆေးအဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသတွင် ခွဲစိတ်ခန်းနှစ်ခန်းပါသော ယာယီဆေးရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ယာယီဆေးရုံထဲတွင် အရေးပေါ် လူနာဆောင်၊ ဓါတ်ခွဲခန်းနှင့် ဆေးပေးခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆေးဝန်ထမ်းအရေအတွက် ၁၃၀ ဦးရေအထိရှိမည်ဖြစ်ပြီး ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးအဖွဲ့များ၊ နည်းပညာရှင်များနှင့် ရေကျွမ်းကျင်ပညာရှင်များလည်း ပါဝင်မည်ဟု ဆိုသည်။ ဆေးအဖွဲ့သည် မူလထားရှိသော ကနေဒါနိုင်ငံက စတင်ထွက်ခွာလာနေပြီဖြစ်ပြီး နောက်ထပ် ဆေးရုံသုံးပစ္စည်းနှင့် အရေးပေါ်ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ နောက်ထပ် စောင်၊ […]

ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း NUG ထုတ်ပြန်

Dawei Watch

April 1, 2025

မြန်မာနိုင်ငံ ငလျင်ဒဏ်သင့်သူ ရှစ်သန်းခွဲကျော်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဧပြီလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ ငလျင်ဘေးဒဏ်သင့်သူ ယနေ့အထိ ရှစ်သန်းခွဲကျော် (၈,၅၆၂,၅၅၅ ဦးခန့်) ရှိပြီး သေဆုံးသူ ၂၄၀၀ နီးပါး (၂,၃၉၅ ဦး) ရှိကြောင်း ဖော်ပြသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုကာ မတ်လ ၂၈ရက်က ရစ်(ခ်)တာစကေး ၇ဒသမ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ ရှမ်းအရှေ့မြောက်ဒေသတို့တွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးခြင်း၊ မြေထဲကျွံဝင်ခြင်း၊ တံတားများ ကျိုးကျခြင်း၊ လမ်းများ မြေအက်ကွဲကြောင်းကြီးများ စသည်တို့ ဖြစ်ပေါ်ခဲ့သည်။ ယနေ့ ဧပြီလ ၁ ရက်အထိ နောက်ဆက်တွဲငလျင်များ ဆက်လက် […]

အမေရိကန်ကူညီရေးအဖွဲ့များ မြန်မာနိုင်ငံလာပြီဟု ထုတ်ပြန်

Dawei Watch

April 1, 2025

အမေရိကန်ပြည်ထောင်စုက မြန်မာငလျင်ဒဏ်သင့်ဒေသများကို ကူညီရန် ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးထားပြီး ကူညီဆောင်ရွက်ပေးမည့် USAID ပညာရှင်များလည်း မြန်မာနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ကြောင်း အစိုးရက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်သည်။ အထူးသဖြင့် အစားအသောက်၊ ဆေးဝါးနှင့် ရေရရှိမှုကို အဓိကကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တန်မီဘရုစ် ကပြောသည်။ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လည်း အမေရိကန်အစိုးရက ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရသူများနှင့်အတူ ဝမ်းနည်းကြောင်း ဆိုသည်။ လက်ရှိတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလို ထပ်မံပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဆိုသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံထဲသို့ ရုရှား၊ တရုတ်နှင့် အခြားအာဆီယံနိုင်ငံတချို့ ဝင်ရောက်ကူညီနေပြီဖြစ်သဖြင့် အမေရိကန်အကူအညီ နှောင့်နှေးနေသည့်အပေါ် မေးခွန်းထုတ်မှု ပိုများလာနေသည်။

မန္တလေးတွင် လူ လေးရာကျော်ကို အသက်ရှင်လျက်ကယ်ထုတ်၊ ၂၆၀ နီးပါး သေဆုံး

Dawei Watch

April 1, 2025

ငလျပ်လှုပ်ပြီး ၄ရက်မြောက်ဖြစ်သည့် မတ်လ ၃၁ ရက်အထိ မန္တလေးတွင် လူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်ထားနိုင်ပြီး ၂၅၉ ဦး၏ ရုပ်အလောင်းများကို သယ်ထုတ်ထားနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းတွင် ပြိုကျပျက်စီးသည့် အဆောက်အအုံများတွင် ပိတ်မိနေသူများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းရှာဖွေရာ မတ်လ ၃၁ရက်တွင် အမျိုးသမီးငါးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးသူ အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၅ ဦး၏ ရုပ်အလောင်းများကိုလည်း ထုတ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ […]

ငလျင် ၅ရက်မြောက်နေ့ နေပြည်တော်တွင် အမျိုးသမီးကြီးတစ်ဦး အသက်ရှင်လျက်ကယ်ထုတ်

Dawei Watch

April 1, 2025

ငလျင်လှုပ်ပြီး ၅ရက်မြောက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် တိုက်အမှတ် ၃၃၆၉ တွင် အမျိုးသမီးကြီးတစ်ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အသက် ၆၃နှစ်အရွယ် အမျိုးသမီးကို ယနေ့ နံနက် ၉နာရီ ၁၅ မိနစ်ခန့်တွင် ကယ်ထုတ်နိုင်ပြီး ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ အမျိုးသမီးမှာ ဒဏ်ရာများရရှိထားကြောင်း ရုပ်သံမှတ်တမ်းအရ သိရသည်။

ငလျင်ဒဏ်သင့် မန္တလေးမဟာမြတ်မုနိ

Dawei Watch

April 1, 2025

မန္တလေးမြို့ ရှိ မဟာမြတ်မုနိဘုရားကြီးသည် မတ်လ ၂၈ ရက် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် မြင်ကွင်းများအား ဖော်ပြလိုက်ပါသည်။ မြင်တွေ့ရသည့် မှတ်တမ်းဓာတ်ပုံများတွင် မဟာမြတ်မုနိ ဘုရားကြီး၏ ဦးခေါင်းမကိုဋ်တွင် ကျိုးနေပြီး ဂန္ဓာကုဋီကျောင်းဆောင်နှင့် ပြတိုက်တွင်လည်း ပြိုကျပျက်စီးနေမှုများကိုတွေ့ရသည်။ မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ် အဆောက်အအုံ ၁၃၅ လုံး ပျက်စီးသွားသည်ကို မတ်လ ၃၁ ရက်အထိ အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း ရှေးဟောင်းယဥ်ကျေးမှု မှတ်တမ်းများအား သုတေသန လုပ်နေသည့် ကိုဇေမျိုးလင်းက ၎င်း၏လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

ဦးလှသိန်းဗိမာန်တွင် ပိတ်မိနေသည့် စာဖြေရဟန်း ၈၅ ပါးကယ်ဆယ်နိုင်ခဲ့ပြီး အဆောက်အအုံရှင်းလင်းရေးစလုပ်

Dawei Watch

April 1, 2025

မန္တလေးမြို့ ၊ ဦးလှသိန်းဗိမာန် ၌ စာမေးပွဲဖြေနေစဥ် မတ်လ ၂၈ ရက်မြေငလျင်ကြောင့်ပြိုကျ၍ ပိတ်မိနေသည့် စာဖြေရဟန်း အပါးတစ်ရာကျော်အနက် ၈၅ ပါးကို အသက်ရှင်လျက် ပြန်ကယ်ထုတ်နိုင်ခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထံမှသိရသည်။ အဆောက်အအုံပိမိ၍ ပျံလွန်တော်မူသော ရဟန်းများ၏ ရုပ်ကလာပ်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး အရေအတွက်နှင့် အမည်စာရင်းကို အတည်မပြုနိုင်ကြသေးကြောင်း မှတ်တမ်းယူနေသည့် ဆရာတော်တစ်ပါးကမိန့်သည်။ “အလောင်းတွေက ထပ်ထွက်လာနေတယ်။ မနေ့ကအထိ သုံးဆယ်ကျော်ထပ်ထွက်လာတယ်။ နောက်ဆုံးလက်လျှော့ပြီး ကရိန်းသုံးနေပါပြီ။ အဆောက်အအုံ ရှင်းလင်းရေးစလုပ်နေပြီ “ဟု ယင်းဆရာတော်ကမိန့်သည်။ ဦးလှသိန်း ဗိမာန် ပြိုကျမှုတွင် မစိုးရိမ်တိုက်သစ် ကျောင်းတိုက်တစ်ခုတည်းမှ ပျံလွန်တော်မူသည့် စာဖြေရဟန်း ၂၁ ပါးရှိသည်ဟု ယင်းကျောင်းတိုက်မှ မှတ်တမ်းတင်ထားသည့် စာရင်းအရသိရသည်။ အခြားကျောင်းတိုက်များမှ ပျံလွန်တော်မူ သည့် စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ […]