BREAKING
February 24, 2025

သတင်း

ဆင်းရဲသည့်နိုင်ငံများဆီသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေး ပေးဝေမှုများကို ရပ်ဆိုင်းရန် ထရမ့် အမိန့်ပေး

Dawei Watch

January 28, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် ဆင်းရဲသည့်နိုင်ငံများသို့ HIV၊ တီဘီနှင့် ငှက်ဖျားဆေးပေးဝေမှုများကို ရပ်ဆိုင်းထားရန် အမိန့်ပေးလိုက်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ USAID က ကမ္ဘာတစ်ဝန်းဆီသို့ ပံ့ပိုးပေးနေမှုများကို ရပ်ဆိုင်းထားရန် ထရမ့်အစိုးရက ညွှန်ကြားချက်ပေးလိုက်ပြီး မွေးကင်းစကလေးငယ်များအတွက် ဆေးဝါးထောက်ပံ့မှုများသည်လည်း ယခုရပ်ဆိုင်းမှုတွင် အကျုံးဝင်ကြောင်း Reuters သတင်းက အသိပေးထားသည်။ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နှင့် အလုပ်လုပ်သော ကန်ထရိုက်တာများနှင့် မိတ်ဖက်များသည် အင်္ဂါနေ့က ဆေးဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်များကို ရပ်တန့်ရန်အတွက် ညွှန်ကြားစာများကို စတင်လက်ခံရရှိနေကြပြီ ဖြစ်သည်။ ထရမ့်အစိုးရဘက်က ယခုအစီအစဉ်ကို ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်နေစဉ် ကာလအတွင်း ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းထားရမည်ဖြစ်ပြီး ယခုလှုပ်ရှားမှုမှာ အမေရိကန်အကူအညီနှင့် ရန်ပုံငွေလုပ်ငန်းစဉ်များဆိုင်ရာ ကျယ်ပြန့်သောရပ်ဆိုင်းမှုအဖြစ် မှတ်တမ်းဝင်လာခဲ့ပြီလည်းဖြစ်သည်။ HIV၊ ငှက်ဖျားနှင့် တီဘီရောဂါတို့အပြင် သန္ဓေတားဆေးနှင့် […]

သရက်ချောင်းအောက်ဘက်ကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများတိမ်းရှောင်

Dawei Watch

January 28, 2025

သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၃ ရက်ကတည်းက သရက်ချောင်းမြို့ဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် သည် ဝင်းဝနယ်မြေရဲစခန်းသို့ ရောက်ရှိနေပြီး ဇန်နဝါရီလ ၂၇ ရက် နံနက်စောစောပိုင်းတွင် ဝင်းဝရွာဘက်မှ ချောင်းဝပြင်ရွာ ဘက်သို့ တောလမ်းအတိုင်းစစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ဆိုသည်။ ချောင်းဝပြင်ရွာသို့ ရောက်ရှိတပ်စွဲလိုက်ပြီးနောက် ဒေသခံ ၂၀ ဦးကျော်ကို တစ်နာရီခန့်ကြာ ခေတ္တထိန်းသိမ်းထားခဲ့ပြီး ချောင်းဝပြင်ရွာဘုန်းတော်ကြီးက လာရောက်ပြောဆိုပေးသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်အစောပိုင်းတွင် ဂုံညင်းဆိပ်ရွာသို့ ဆက်လက်စစ်ကြောင်းထိုးလာပြီး ရွာထဲ တပ်စွဲထား သဖြင့် ဒေသခံအများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဂုံညင်းဆိပ်ရွာသားတစ်ဦးက ဆိုသည်။ “ပြေးတဲ့သူလည်း […]

ရနောင်းတွင် မြန်မာမိန်းကလေးကို ထိုင်းနှစ်ဦးက တစ်ပတ်ကြာ ပိတ်လှောင်ပြီးအဓမ္မကျင့်

Dawei Watch

January 28, 2025

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်ရှိ ရော်ဘာခြံတစ်ခုတွင် နေထိုင်သည့် မြန်မာမိန်းကလေးကို ထိုင်းနိုင်ငံသား ခြံရှင်၏ သားနှစ်ဦးက တစ်ပတ်နီးပါး ပိတ်လှောင်ထားပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော IBEC.SWO လူမှုကူညီရေးအသင်းထံမှ သိရသည်။ ရနောင်းခရိုင် ကီလိုသုံးဆယ် ဘန်ကဲကျေးရွာရှိ ရော်ဘာခြံထဲတွင် နေထိုင်သည့် မြန်မာမိသားစုမှ သမီးဖြစ်သူကို မိဘများဆေးခန်းသွားနေချိန် ခြံရှင်၏ သားနှစ်ဦးက ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အသက် ၁၈ နှစ်မပြည့်သေးသည့် အဆိုပါမြန်မာမိန်းကလေးကို ဝေးလံသော နေရာတစ်ခုသို့ ခေါ်ဆောင်၍ တစ်ပတ်နီးပါးကြာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ သမီးဖြစ်ကို ကယ်ခေါ်ထုတ်ပေးရန် မိဘများက IBEC.SWO လူမှုကူညီရေးအသင်းထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခေါ်ဆောင်သွားသူနှစ်ဦးကို ဆက်သွယ်ကာ မိန်းကလေးငယ်ကို မိဘများထံသို့ ပြန်လာအပ်ရန် […]

ကော့သောင်းတွင် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

January 28, 2025

ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု ၊ ဟတ်စဒင်းရွာမှ ရာအိမ်မှူး ဦးမြင့်ဆွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံကသိရသည် ။ ဆိုင်ကယ်မောင်းနှင်လာသည့် ဦးမြင့်ဆွေ သည် ဟတ်စဒင်းရွာနှင့် ချန်းဖန်းရွာ အကြားတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ” ဆိုင်ကယ်ရော ၊ လူရော ဆီအုန်းတောထဲမှာလဲ နေတယ် ။ အလောင်းကိုတော့ ကော့သောင်းဆေးရုံကို ယူသွားတယ် ” ဟု ဖြစ်စဥ်အားသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည် ။ Dawei Watch က တွေ့ရှိရသည့် မှတ်တမ်းဓာတ်ပုံတွင် ဦးခေါင်း အနောက်ဘက်တွင် သေနတ်ဖောက်ဝင် ဒဏ်ရာဖြင့် မှောက်လျက်အနေအထား လဲကျသေဆုံးနေသည်ကို တွေ့ရသည် ။ သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးမြင့်ဆွေသည် ဟတ်စဒင်းရွာတွင် ရာအိမ်မှူး […]

ကမြောကင်းတံတား ပစ်ခတ်မှုအပြီး မပေါက်ဘဲကျန်နေသည့် လက်နက်ကြီးကျည်ကို ဖောက်ခွဲရှင်းလင်း

Dawei Watch

January 28, 2025

လောင်းလုံးမြို့နယ်ရှိ ကမြောကင်းတံတား စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီးနောက် စာသင်ကျောင်းဝင်းအနီးတွင် မပေါက်ဘဲကျန်နေသေးသည့် လက်နက်ကြီးတစ်လုံးကို ယနေ့(ဇန်နဝါရီ ၂၈) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဖောက်ခွဲရှင်းလင်းလိုက်ကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကမြောကင်းတံတားရှိ စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုမှ လက်နက်ကြီး တစ်လုံးသည်ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ ကဘူကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအနီးတွင် မပေါက်ကွဲပဲကျန်နေသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရကြောင်း ခရီးသွားများနှင့် ဒေသခံများကပြောသည်။ ယင်းလက်နက်ကြီးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ လာရောက်ရှင်းလင်း လိုက်သည်ဟု ဒေသခံကပြောသည်။ “မိုင်း(လက်နက်ကြီး)တွေ့လို့ဆိုပြီး ခရီးသွားတွေ အကုန်တားထားတယ်။ သိပ်မကြာဘူး BE တပ်က နေပြီး မိုင်းရှင်းတဲ့ကိရိယာတွေနဲ့ လာပြီးဖောက်ခွဲပစ်လိုက်တယ်။ အကျယ်ကြီးပဲကြားရတာ ကလေးတွေ […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

January 28, 2025

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ကမြောကင်းတံတားတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၊ မိန်းကလေးတစ်ဦးဒဏ်ရာရ

Dawei Watch

January 28, 2025

ထားဝယ်မြို့အဝင် ကမြောကင်းတံတားကို တော်လှန်ရေးတပ်ဘက်က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အရပ်သားမိန်းကလေးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ရက် ညနေ ၆နာရီဝန်းကျင်တွင် ကမြောကင်းတံတားဂိတ်ကို ဒူရကစစ်ကြောင်းက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယင်းစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ရှိခဲ့ကာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုမူ အသေးစိတ်သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည် အချို့မှာ ကမြောကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ကမြောရွာသူ အသက် ၁၆နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “သီဟိုဋ္ဌ်စေ့လုပ်ရာကနေ ပြန်လာပြီး […]

တနင်္သာရီတိုင်းက PDF တစ်ဦးကို မုဒိမ်းမှု၊ စစ်စည်းကမ်းဖောက်မှုတို့ဖြင့် NUG က ထောင်‌ခြောက်နှစ်ချ

Dawei Watch

January 28, 2025

မုဒိမ်းမှုကျူးလွန်သည့်စွဲချက်ဖြင့် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရုံးက ထောင်ဒဏ်ခြောက်နှစ်ချမှတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်ခရိုင်ထဲက မြို့နယ်တစ်ခုတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်ပြီး ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ ထောင်ဒဏ်သုံးနှစ်၊ တပ်မတော်အက်ဥပဒေ ၆၅/၇၁ အရ ထောင်ဒဏ်သုံးနှစ် စုစုပေါင်း ထောင်ဒဏ် ခြောင်နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “(တရားခံကို) ဘယ်အကျဉ်းထောင်မှာ ထောင်ချမယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူး။ တရာလိုရှေ့နေကတော့ မေးပြီးပြန်ပြောပေးမယ်လို့ ပြောတယ်” ဟု ယင်းအမှုကိစ္စ လိုက်ပါဆောင်ရွက်‌ပေးနေသည့် နှင်းဆီရောင်အမျိုးသမီးများ သမဂ္ဂ (ထားဝယ်ခရိုင်) ၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ရာဇတ်သတ်ကြီး ဥပဒေပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်သည်။ တပ်မတော် အက်ဥပဒေ ပုဒ်မ […]