BREAKING
January 24, 2025

သတင်း

မောင်မယ်ရှောင်တွင် တိုက်ပွဲဖြစ်ပြီး ရွာသားများပိတ်မိနေ

Dawei Watch

March 19, 2024

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာတွင် ယနေ့(မတ် ၁၉) နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ပိတ်မိနေကြကြောင်း ဒေသခံ များထံမှသိရသည်။ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် မောင်မယ်ရှောင်ရွာသို့ စစ်အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာရာမှနှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးတွေနဲ့ ချည်းပစ်နေတယ် မပြောင်းဘဲရွာထဲကျန်နေတဲ့သူတွေ ပိတ်မိနေကြတယ်။ ထိုခိုက်၊ပျက်စီးမှုကတော့ အခုထိ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။ နှစ်ဖက်ထိတွေ့ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးပေ။ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က မောင်မယ်ရှောင် ရွာအတွင်းသို့ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သေးသည်။ ယင်းကြောင့် စစ်ရေးတင်းမာလာနိုင်၍ တစ်ရွာလုံးနီးပါး နီးစပ်ရာပြောင်းရွှေ့ နေထိုင်နေကြသော်လည်း ပြောင်းရွှေ့နိုင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများနှင့် ရွာခံအချို့ ယနေ့ တိုက်ပွဲအတွင်း […]

လုပ်ဆောင်ချက် ၄ ရပ်ဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းကြိုးပမ်း

Dawei Watch

March 19, 2024

မြန်မာနိုင်ငံအရေး အကျပ်အတည်းများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် အောက်လွှတ်တော် နိုင်ငံတကာရေးရာကော်မတီက အချက် ၄ ချက်ပါ အဆိုပြုချက်တစ်ရပ်ကို ထိုင်းအစိုးရသို့ တင်သွင်းလိုက်သည်။ ကော်မတီသည် မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းများကို အချိန်ပြည့် စောင့်ကြည့်နေသကဲ့သို့ ပဋိပက္ခနှင့် တိုက်ပွဲများ ရပ်တန့်ရန် အားထုတ်မှု မှန်သမျှကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း Pheu Thai ပါတီ အမတ် Noppadon Pattama က ပြောသည်။ အစိုးရအနေဖြင့် မြန်မာ့အရေးကို ကူညီဖြေရှင်းနိုင်ရန် ကော်မတီအနေဖြင့် အဆိုပြုချက် ၄ ချက်ကို တင်သွင်းခဲ့ကြောင်း ၎င်းကပြောသည်။ ပထမအချက်အနေဖြင့် ထိုင်းအစိုးရက လုံခြုံရေးနှင့် နိုင်ငံတကာရေးရာ အရာရှိများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခု ထူထောင်ရန်ဖြစ်သည်။ ယင်းအဖွဲ့က မြန်မာ့အရေးနှင့် ပတ်သက်သည့် အပြောင်းအလဲများကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ရန်ဟုဆိုသည်။ ဒုတိယအချက်မှာ စစ်ကောင်စီက […]

မြိတ်မြို့တွင် ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

March 18, 2024

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ မိသားစုဝင်များနှင့် ဒေသခံများထံမှသိရသည်။ ယနေ့(မတ် ၁၈) မနက် စောစောတွင် မြိတ်မြို့၊ရွှေပြည်တန်ရပ်ကွက် သစ္စာလမ်းရှိ နေအိမ်တစ်ဆောင်မှ ဖုန်း ၄ လုံး နှင့် ကျပ်ရှစ်သိန်းကျော် အပါအဝင် ကလေးစီးစက်ဘီး တစ်စီးပါ အခိုးခံလိုက်ရကြောင်း ကာယကံရှင်မိသားစုဝင်က ပြောသည်။ ” မနက် ‌၄ နာရီလောက်မှသိတာ တစ်အိမ်လုံးအိမ်မောကျနေတဲ့အချိန် ခိုးသွားတာ ငွေသားက သေတ္တာထဲမှာ ထည့်ထားတာ”ဟု ၎င်းမိသားစုဝင်ကပြောသည်။ သူခိုးခိုးခံလိုက်ရသည့်အိမ်တွင် မိသားစု ၆ ဦးရှိပြီး ၎င်းတို့အသုံးပြုသည့် လက်ကိုင်ဖုန်းများ အခိုးခံလိုက်ရခြင်းဖြစ်သည်။ အလားတူ ပြီး ခဲ့သည့် မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း မြိတ်မြို့ ကြံတောလမ်းဆုံရှိ လမ်းသွယ်တစ်နေရာတွင် မြိတ်မြို့ခံလူငယ်အမျိုးသားတစ်ဦး ဓားထောက်လုယက်ခံလိုက်ရပြီး တန်ဖိုးကြီး […]

သင်္ကြန်တွင် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ Re-Entry တုံးထုရန်မလိုဘဲ နေရပ်ပြန်နိုင်

Dawei Watch

March 18, 2024

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်ကာလတွင် Re-Entry တုံးထုရန်မလိုဘဲ ၄၅ ရက်အတွင်း တရားဝင်သွားလာနိုင်ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ထုတ်ပြန်လိုက်သည်။ လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ မေလ ၁၅ ရက်နေ့အထိ ၄၅ ရက်တာကာလအတွင်း သင်္ကြန်ကာလ ခွင့်ရက်ဖြင့် မိမိနိုင်ငံပြန်လိုသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားများကို Re-Entry မလိုဘဲ တရားဝင်သွားလာခွင့်ပြုမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က ပြုလုပ်သော အလုပ်သမားအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပုံမှန်အချိန်များတွင် Re-Entry ပါမစ်အတွက် တစ်ကြိမ်ဝင်ရောက်ခွင့် (Single) ကို ဘတ် ၁၀၀၀ နှင့် အကြိမ်ရေများစွာ ဝင်ရောက်ခွင့် (Multiple) ကို ဘတ် ၃၈၀၀ ကျသင့်မည်ဖြစ်သည်။ သင်္ကြန်ကာလတိုင်း အလုပ်သမားများကို […]

မွန်ပြည်နယ်မှ စစ်မှုထမ်းစာရင်းပေးပို့ရန် ရပ်/ကျေးများကို စစ်ကောင်စီညွှန်ကြား

Dawei Watch

March 18, 2024

မွန်ပြည်နယ်တွင်နေထိုင်သူများ၏ စစ်မှုထမ်းလူစာရင်းပေးပို့ကြရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားထားကြောင်း သိရသည်။ စစ်မှုထမ်းရန်အတွက် လူစာရင်းကို မတ်လနောက်ဆုံးပတ်အတွင်း ပေးပို့ရန် ညွှန်ကြားထားကြောင်းလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများထံမှ သိရသည်။ ကျိုက်မရောမြို့နယ်အတွင်းမှာတော့ ရပ်ကွက်၊ ကျေးရွာကြီး၊ ငယ်ပေါ်မူတည်ပြီး တစ်ရွာလျှင် ၂ ဦးမှ ၁၀ ဦးကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စိစစ်ရွေးချယ်ပြီး မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးပို့ရမည်ဟု ညွန်ကြားထားသည်။ အလားတူ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင်လည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားများကို တွေ့ဆုံဆွေးနွေးရန်ဆိုကာ ဆင့်ခေါ်စာများ ပေးပို့နေသည် ။ “စစ်မှုထမ်းတဲ့ကိစ္စက တော်တော်လေး ဂယက်ထနေတယ်။ တချို့မြို့နယ်မှာက အုပ်ချုပ်ရေးမှူးတွေကနေ စာရင်းကောက်နေတာရှိတယ်။ တချို့နေရာမှာက […]

စစ်ကောင်စီကိုကြောက်၍ ထားဝယ်က ရွှေဆိုင်အများစု ဈေးမဖွင့်

Dawei Watch

March 18, 2024

အခေါက်ရွှေစျေး စံချိန်တင်မြင့်တက်နေမှုကို စစ်ကောင်စီက အာဏာဖြင့် ထိန်းချုပ်ကန့်သတ်ရန် လုပ်ဆောင်လာမှုကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစုက ဈေးမဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားကြကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၂ သိန်းနီးပါးရှိလာချိန်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ၎င်းတို့သတ်မှတ်ထားသည့် နှုန်းထားဖြင့်သာ ရောင်းချရမည်ဟု မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မတ်လ ၁၆ ရက်နေ့က ၎င်းတို့သတ်မှတ်သည့်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၃၈ သိန်းနီးပါးသာရှိပြီး ပြင်ပဈေးကွက်တွင် ၄၂ သိန်းနီးပါး ပေါက်ဈေးရှိနေသည်။ ထိုသို့သောအခြေအနေတွင် ၎င်းတို့သတ်မှတ်သည့် နှုန်းထားအောက် မရောင်းနိုင်သည့် ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ရပ်နားထားကြရန် သတိပေးချက် ထုတ်ပြန်ခဲ့သည့်။ ယင်းကြောင့် မတ်လ ၁၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အများစုက စိုးရိမ်လာကြပြီး ဈေးမဖွင့်တော့သည့်အပြင် အရောင်းအဝယ်ပါ […]

ရသေ့တောင်မြို့ကို AA သိမ်းယူ၊ စစ်ကောင်စီတပ်သားနှစ်ရာခန့် စစ်သေင်္ဘာဖြင့်ထွက်ပြေးဟု AA ပြော

Dawei Watch

March 18, 2024

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရှိ စစ်ကောင်စီတပ်ရင်းသုံးရင်းကို သိမ်းယူပြီးနောက် မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။ ရသေ့တောင် အခြေစိုက် ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်း သုံးခုစလုံးကို မတ်လ ၁၇ ရက် ညနေပိုင်းတွင် သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း နှစ်ပတ်ခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။ တပ်ရင်းစခန်းများအတွင်းက စစ်ကောင်စီတပ်သား နှစ်ရာခန့် စစ်သေင်္ဘာဖြင့် ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်မှုထမ်းဥပဒေအာဏာတည်ကြောင်း ကြေညာပြီးနောက် စစ်သင်တန်းပေးထားသည့် မွတ်ဆလင်အချို့၏ ရုပ်အလောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 16, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်မှုထမ်းဖို့အတွက် သတင်းပို့ဖို့ဆင့်ခေါ်တာကြောင့် ပြည်သူတွေ စိုးရိမ် စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စစ်ကောင်စီက သတင်းပို့ဖို့ ဆင့်ခေါ်နေပြီး သတင်းလာမပို့ရင် အရေးယူမယ်ဆိုတာ တွေကြောင့် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်က မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ၊ သတင်းပို့ဖို့ ဆင့်ခေါ်တာတွေ အခုသီတင်းပတ်အတွင်းမှာ စစ်ကောင်စီက စတင်လုပ်ဆောင်လာပါတယ်။ မြို့နယ် ထွေအုပ်ရုံးမှာ မှတ်ပုံလာတင်ဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေတစ်ဆင့် ဆင့်ခေါ်စာတွေ ပို့နေတာပါ။ ဒီလို လုပ်ဆောင်လာတာကြောင့် လူငယ်တွေ စိုးရိမ်နေကြသလို လူငယ်တွေ ရှိတဲ့ မိသားစုတွေကြား စိုးရိမ်မှု […]