ပွဲစားများက အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ ဘတ်အတုများထုတ်ပေး
Dawei Watch
March 20, 2024ထိုင်းနိုင်ငံရောက် မြန်မာများကို “VIP လမ်းကြောင်း” ဟု အလွယ်ခေါ်ဆိုကြသည့် အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ မြန်မာပွဲစားအချို့က အလုပ်လုပ်ခွင့်လက်မှတ် အတုများ ထုတ်ပေးနေကြောင်း အကျိုးဆောင်များနှင့် အလုပ်သမားများထံမှ သိရသည်။ VIP လမ်းကြောင်းဆိုသည်မှာ ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်-ပန်းရောင်ကတ်) ရိုက်ခွင့်ပိတ်သွားပြီးနောက်ပိုင်း မှ ရောက်လာသူများအတွက် ပွဲစားများက အထူးလမ်းကြောင်းဖြင့် ပန်းရောင်ကတ် ပြုလုပ်ပေးခြင်းဖြစ်သည်။ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား အမျိုးသားတစ်ဦးက မြန်မာပွဲစားကို ၁၄၀၀၀ ဘတ် ပေး၍ VIP လမ်းကြောင်းအတိုင်း အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ခဲ့ကြောင်း အကျိုးဆောင်တစ်ဦးထံမှ သိရသည်။ ယင်းပွဲစားက ထိုအမျိုးသားကို ယာယီအလုပ်လုပ်ခွင့်လက်မှတ်စာရွက် (ဘိုင်အနုမတ်) ကို အခြားသူတစ်ဦး၏ နာမည်၊ မွေးသက္ကရာဇ်များဖြင့် အချက်အလက်များ အစားထိုး၍ ပေးအပ်လာခဲ့ကြောင်း သိရသည်။ ထိုအမျိုးသားသည် အမည်နှင့် မွေးသက္ကရာဇ်မတူသော အလုပ်လုပ်ခွင့်လက်မှတ်စာရွက်ဖြင့် သူကိုယ်တိုင်ပင် […]