BREAKING
January 23, 2025

သတင်း

တနင်္သာရီမြို့နယ် ထိန်းချုပ်နယ်မြေတွင် လူငယ်များကို အခြေခံအင်္ဂလိပ်စာသင်တန်းပေး

Dawei Watch

March 31, 2024

တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်ဒေသတွင် လူငယ်ရှစ်ဆယ်နီးပါးကို အခြေခံအင်္ဂလိပ်စာ သင်တန်း ပေးခဲ့ကြောင်း မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြုလုပ်သည့် နွေရာသီ Basic English Grammar Course သင်တန်းကို နှစ်လ အကြာ သင်ကြားပေးပြီးနောက် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ပညာရေး ဘုတ်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တော်လှန်ရေးကာလအလွန်မှာ ကျွန်တော်တို့ကလေးတွေကို နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေချင်လို့ပါ” ဟု အဆိုပါ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်က ပြောသည်။ ထိုသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာကြီး၊ ဆရာမကြီးများ၊ ပညာရေးမိသားစုဝင်များ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

ထားဝယ်မြို့နှင့် ခုနစ်မိုင်အကွာ မောင်မယ်ရှောင်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်နေ

Dawei Watch

March 31, 2024

ထားဝယ်မြို့နှင့် ခုနစ်မိုင်ခန့်အကွာ မောင်မယ်ရှောင်ရွာနှင့် အနီးဝန်းကျင်၌ ယနေ့ မတ်လ ၃၁ရက်တွင် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ၇နာရီခွဲကစပြီး စစ်‌ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ Dawei Watch က ဒေသခံများကို ဆက်သွယ်မေးမြန်းစဉ် နံနက် ၈ နာရီခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်။ မတ်လ ၃၀ ရက်နေ့က မောင်မယ်ရှောင်မှ ပ‌ဒိုင်းချောင်း၊ ခေါင်တိုင်ပြင်၊ ရေဝိုင်းရွာသို့ ဆက်သွယ်ထားသည့် လမ်းကို စစ်ကောင်စီတပ်က လာရောက်ပိတ်ချလိုက်ကြောင်း ဒေသခံကပြောသည်။ ထို့နောက် ယနေ့ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ မောင်မယ်ရှောင်-ဇာဟာလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများ ယနေ့ နံနက်ပိုင်းတွင် အင်အားအများအပြား ရောက်ရှိနေကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။ […]

တပေါင်းလပြည့်က ထားဝယ်တွင်မွေးဖွားခဲ့သည့် ကလေးသုံးမွှာပူးတွင် တစ်ဦးကွယ်လွန်

Dawei Watch

March 30, 2024

တပေါင်းလပြည့် (မတ် ၂၄)နေ့က ထားဝယ်မြို့၊ မြင့်မိုရ်ဦး ဆေးရုံတွင် မွေးဖွားခဲ့သည့် ယောက်ျားကလေးသုံးမွှာပူးအနက် မတ် ၂၈ ရက်က တစ်ဦးကွယ်လွန်သွားကြောင်း ၎င်းတို့၏မိသားစုထံကသိရသည်။ မတ်လ ၂၆ ရက်က ရုတ်တရက်နေမကောင်းဖြစ်လာသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ပြီး ဆေးကုသရင်း ၂ ရက်အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ “ ကလေး နေမကောင်းဖြစ်ပြီး ဆုံးသွားတာပါ။ ဆရာမတွေလည်း အစွမ်းကုန်ကုသပေးခဲ့ကြပါတယ်“ ဟု မိသားစုဝင်တစ်ဦးကပြောသည်။ ကလေးငယ်၏ စျာပနကို ထားဝယ်မြို့ ဇဟာသုဿာန်တွင် မတ်လ ၂၉ ရက်နေ့ ကပြုလုပ်ခဲ့သည်။ ကလေးသုံးမွှာပူးတို့၏ မိဘများသည် ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မိကျောင်းအိုင်ရပ်ကွက်မှ ဖြစ်သည်။

ထားဝယ်မြို့တွင် အပူချိန် စံချိန်သစ်ထပ်တင်

Dawei Watch

March 30, 2024

ထားဝယ်မြို့တွင် မတ်လ ၂၉ ရက်နေ့က နေ့အပူချိန်စံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)​ ဖြင့် ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်က စံချိန်ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၆ ရက်ကလည်း ကော့သောင်းမြို့တွင် အပူချိန် ၄၀ဒသမ၂ ဒီဂရီ ဆဲလ်စီယပ် (၁၀၄ဒသမ၄)​ ဒီဂရီဖာရင်ဟိုက်ဖြင့် ၂၀၁၅ ခုနှစ်က အပူချိန် ကိုကျော်လွန်ကာ စံချိန်သစ်တင်ခဲ့သည်ဟု မိုးဇလ၏ မှတ်တမ်းတွင်ဖော်ပြထားသည်။ မတ်လ ၃၀ ရက် ညနေအထိ မိုးဇလ၏ မိုးလေဝသထုတ်ပြန်ချက်အရ ထားဝယ်မြို့တွင် အပူချိန် ၃၂ မှ၄၀ ဒီဂရီစင်တီဂရိတ်အကြားတွင်ရှိပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနေ ကြောင်း သိရသည်။ […]

စစ်ကောင်စီက ကလိန်အောင်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဦးဖမ်းဆီး

Dawei Watch

March 30, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ကို မတ်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကား ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်သုံးလုံးကိုဝင်ရှာကာ လင်မယားနှစ်ဦး ကိုဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများကပြောသည်။ အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်၂လုံးနှင့် အမှတ် ၂ ရပ်ကွက်ရှိနေအိမ်တစ်လုံး တို့ရှာဖွေခံရခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “ အမှတ် ၃ ရပ်ကွက်မှာ လူမနေတဲ့အိမ်တစ်အိမ်နဲ့ အိမ်မှားပြီးရှာခံရတာတာတစ်အိမ် ရှာခံရတယ်။ အမှတ် ၂ က တစ်အိမ်ထပ်အရှာခံရတယ်” ဟု အမှတ် ၃ ရပ်ကွက်က အမျိုးသမီးတစ်ဦး ကပြောသည်။ ရှာဖွေခံရပြီးနောက် အမှတ် ၂ ရပ်ကွက်မှ အသက် ၃၀ ဝန်းကျင် လင်မယားနှစ်ဦးကို ဖမ်းခေါ်သွားပြီး ယနေ့(မတ်၃၀) ညနေအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 30, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂၄ ရက်မှ ၃၀ ရက်နေ့အထိ မြန်မာပြည်သူတွေ ကြောက်မက်ဖွယ်အကြမ်းဖက်မှုတွေ ခံစားနေရ စစ်ကောင်စီ လက်အောက်မှာ မြန်မာပြည်သူတွေ ကြောက်မက်ဖွယ်‌ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခံစားနေရတယ်လို့ ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှု စတာတွေကို ပြည်သူတွေ ခံနေရပြီး မတ်လ အထဲမှာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး သုံးဦးအပါအဝင် အနည်းဆုံး ပြည်သူ ၂၀ဦး အသက်ရှုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။ ပြည်သူ သုံးဦးမှာ တစ်ဦးဟာ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးဖို့ ဖိအားပေးခံနေရပြီး ပြည်သူ ၁၈ သန်းကျော်ဟာ လည်း […]

ကလိန်အောင်အနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် PDF တပ်ခွဲမှူးတစ်ဦးကျဆုံး

Dawei Watch

March 30, 2024

ရေး – ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်နှင့်ကလိန်အောင်အကြားရှိ ကျေးရွာများကို စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့ နေလယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် PDF တပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံကသိရသည်။ ကျဆုံးသည့် တပ်ခွဲမှူးသည် ဒေါနစစ်ကြောင်း တပ်ခွဲ ၇ တပ်ခွဲမှူး ရဲဘော်မိုးသီး ဖြစ်ကြောင်း ယနေ့ (မတ် ၃၀) ထုတ်ပြန်သည့် ဒေါနစစ်ကြောင်း၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်က မတ်လ ၂၉ ရက် မွန်းလွဲ ၂နာရီခွဲမှ ၃ နာရီခွဲဝန်းကျင်အထိ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြိတ်ဘက်မှ တက်လာသည့် ဂျက်ဖိုက်တာလေယာဥ်နှင့် ဟက်စကီးလေယာဥ် တို့ဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါနတပ်ခွဲ ၄ တာဝန်ရှိသူက ပြောပြသည်။ […]

ကရိန်းပြိုကျ၍ သေဆုံးသော မြန်မာလုပ်သားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှုရ

Dawei Watch

March 30, 2024

ထိုင်းနိုင်ငံ ရယွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတ် ၂၉ ရက်နေ့ ညနေပိုင်းက ကရိန်းပြိုကျမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၁၆ သိန်းဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Xin Ke Yuan Steel factory အမည်ရှိ တရုတ်ကုမ္ပဏီတွင် ဆောက်လုပ်ရေး ကရိန်းပြိုကျခဲ့သဖြင့် မြန်မာအလုပ်သမား ၆ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်။ အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦးစီအတွက် နစ်နာကြေး ဘတ် ၅ သန်းစီပေးရန် မိသားစုဝင်များနှင့် မြန်မာအလုပ်သမားများက ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပြီး ထိုင်းအာဏာပိုင်များ၊ WAG အပါအဝင် မြန်မာအလုပ်သမားအဖွဲ့အစည်းများက ည […]