BREAKING
April 8, 2025

သတင်း

မြန်မာ့ငလျင်ဘေး ကူညီပေးရန်အသင့်ရှိဟု ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်

Dawei Watch

March 28, 2025

မြန်မာပြည်အလယ်ပိုင်းတွင် ယနေ့ (သောကြာနေ့) လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ဘေးသင့်ခဲ့သူများကို ကူညီရန် လူ ၁၂၀ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့တစ်ခု အရန်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် ကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များအပြင် ဆရာဝန် ၅ ဦး ၊ သူနာပြု ၇ ဦး ၊ တိရစ္ဆာန်ဆေးကုဆရာဝန် ၁ ဦး ၊ ရှာဖွေရေးခွေး ၆ ကောင်လည်း ပါဝင်ကြောင်း သိရသည်။ ငလျင်ဘေးသင့်သူများကို ကူညီပေးရန် အထောက်အကူပြုပစ္စည်းများ အလေးချိန် ၁၅ တန် ပြင်ဆင်ထားကြောင်း ထိုင်ဝမ်အမျိုးသားမီးသတ်ဌာနက ဆိုသည်။ Facebook ပေါ်တွင် မြင်တွေ့ရသည့် မြန်မာပြည်မှ ငလျင်ဘေးဒဏ်အခြေအနေများပေါ် စိုးရိမ်ပူပန်ကြောင်း […]

ခရီးသည်ဟန်ဆောင် ထွက်ပြေးသည့် ခလရ ၁၀၃ ယာယီတပ်ရင်းမှူးကို ဖမ်းမိ

Dawei Watch

March 28, 2025

မြိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၁၀၃ ခြေလျင်တပ်ရင်းက ယာယီတပ်ရင်းမှူး ဗိုလ်မှူးသိန်းထိုက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင်၊ PDF အမှတ်(၁)တပ်ရင်းထံမှ သိရသည်။ မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အရပ်သားခရီးသည် ဟန်ဆောင်ထားသည့် ခလရ ၁၀၃ ၏ ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မြိတ်ခရိုင်၊ PDF အမှတ်(၁) တပ်ရင်းနှင့် KNDO တပ်ရင်း ၇တို့က ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အသက် ၄၀ နှစ်အရွယ် ယာယီတပ်ရင်းမှူးဗိုလ်မှူးသိန်းထိုက်ကို ရန်ကုန်သို့သွားမည့် ခရီးသည်တင်ကားပေါ်တွင် စစ်ဆေးဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်၊ PDF အမှတ် (၁) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆိုသည်။ “မိတာက ကျွန်တော်တို့က စစ်ဆေးရေးဂိတ်မှာ […]

ထိုင်းနိုင်ငံအနှံ့ ငလျင်အရေးပေါ် သတိပေးချက် ထုတ်ပြန်

Dawei Watch

March 28, 2025

ပြည်သူများအနေဖြင့် ၂၄ နာရီအတွင်း ပေါ်ပေါက်လာဖွယ်ရှိသည့် နောက်ဆက်တွဲငလျင်များကို သတိပြုနေထိုင်ကြရန် ထိုင်းဝန်ကြီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်သည်။ လက်ရှိဖြစ်ပေါ်နေသည့် ငလျင်ပြဿနာကို ထိုင်းအစိုးရဝန်ကြီးဌာနများအားလုံး စုပေါင်း၍ ကိုင်တွယ်ကြရန်လည်း ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်ထားသည်။ ပြည်သူလူထုအား ငလျင်အရေးပေါ်အသိပေးချက်များနှင့် အကာအကွယ်များ ပံ့ပိုးပေး၇န်အတွက် အရေးပေါ်ဆောင်ရွက်ချက်များကိုလည်း ထိုင်းအစိုးရက လုပ်ဆောင်လျက် ရှိသည်။ ပြည်သူများထံသို့ လုံခြုံရေးလမ်းညွှန်ချက်များကို SMS စာတိုပေးပို့ရန်လည်း ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာနကို ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားသည်။ ထိုင်းအစိုးရ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက မြေငလျင်လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်လျက်ရှိပြီး နောက်ထပ် တုန်ခါမှုများ ဖြစ်နိုင်ဖွယ်ရှိမရှိ ခန့်မှန်းလျက် ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ပြည်သူလူထုလုံခြုံရေးအတွက် အသင့်ရှိနေစေရန် တပ်လှန့်ထားသည်။ ငလျင်တစ်ခု လှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်သည်မှာ အတွေ့ရများကြောင်း ၊ ကနဦးငလျင်လှုပ်ခတ်ပြီးနောက် […]

အောင်ပန်းဟိုတယ်တွင် သေဆုံးသူနှစ်ဦးတွေ့၊ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်

Dawei Watch

March 28, 2025

ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းတွင် ပိတ်မိနေသူများကို ကယ်ထုတ်နေပြီး အမျိုးသမီး တစ်ဦးကို ကယ်ဆယ်နိုင်ပြီဖြစ်ကာ သေဆုံးသူနှစ်ဦးတွေ့ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းလုပ် ဆောင်သူနေသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ပိတ်မိနေသူ လေးဦးတွေ့ရှိသည့်အနက် အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခြင်းဖြစ်ပြီး အသက်ရှင်နေသူများ ရှိနေသဖြင့် ဆက်လက်ကယ်ထုတ်နေဆဲဖြစ်ကြောင်း ၎င်းက ယနေ့ညနေ ၇နာရီကျော်တွင် ရေးသားထားသည်။ ရစ်(ခ်)တာ စကေး ၇ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့နှင့် နေပြည်တော်၊ ရှမ်းအရှေ့မြောက်တို့တွင် ထိခိုက်သေဆုံးမှု ပျက်စီးဆုံးရှုံးမှု များသည်။

နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် ၇ နှစ်အရွယ် မြိတ်မြို့က မိန်းကလေး ပြန်တွေ့

Dawei Watch

March 28, 2025

အချိန်နှစ်ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် မြိတ်မြို့က အသက် ၇ နှစ်အရွယ် မသီသီဝင်းကို ခေါ်ဆောင်သွားသည့် ဘုန်းကြီးနှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်၊ ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် သရက်ချောင်းမြို့နယ်အတွင်းရှိ KNU ၏ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ပဲဒက်ရွာဂိတ်တွင် တာဝန်ကျနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဘုန်းကြီးနှင့်အတူ မိန်းကလေးငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပအဖ တာဝန်ရှိသူက ဆိုသည်။ ပဲဒက်ရွာ စစ်ဆေးရေးဂိတ်အနီးရှိ မိုက်ခရိုဝေ့စခန်းဝန်းကျင်တွင် လမ်းလျှောက်နေသည်ကို KNU တပ်ဖွဲ့ဝင်များက တွေ့ရှိရာက ဖမ်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပြီးခဲ့သည့် မတ် ၁၄ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၊ မြိတ်တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်းမှ အသက် ၇ နှစ်အရွယ် […]

ရေဖြူတွင် ငလျင်လှုပ်ပြီးချိန် တိုက်ပွဲထပ်ဖြစ်၍ ဒေသခံများ ထိတ်လန့်

Dawei Watch

March 28, 2025

ငလျင်လှုပ်ခတ်မှုကြောင့် စိုးရိမ်ထိတ်လန့်နေသော်လည်း ငလျင်လှုပ်ပြီး မိနစ်ပိုင်းအကြာ (ယနေ့ မွန်းလွဲ ၁ နာရီအချိန်)တွင် ရေဖြူမြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ပိုမိုထိတ်လန့် ကြောက်ရွံ့နေကြကြောင်းသိရသည်။ မတ်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်အချိန်တွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်အား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခု ပြင်းပြင်းထန်ထန်လှုပ်ခတ်ခဲ့သည်။ ယင်းသို့ လှုပ်ခတ်ခဲ့ပြီးနောက် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရေဖြူမြို့ ရှိ ထားဝယ်မြစ်ကူးတံတား စစ်ဆေးရေးဂိတ်တွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားရာ ဒေသခံများ စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။ ငလျင်ကြောင့် လမ်းပေါ်ထွက်ပြေးနေရချိန် စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီး များ ကျရောက်လာသည့်အတွက် ပိုမိုစိုးရိမ်ထိတ်လန့်လျက်ရှိကြကြောင်း […]

နောက်ဆက်တွဲ ငလျင်လှုပ်နိုင်ကြောင်း သတိပေးထားသော်လည်း မဟာချိုင်က စက်ရုံအချို့ အဓမ္မအလုပ်ဆင်းခိုင်းနေ

Dawei Watch

March 28, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အပါအဝင် မြို့ကြီးအချို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲ ငလျင်များပြန်လှုပ်နိုင်သည်ဟု သတိပေးချက်ထုတ်နေသော်လည်း မဟာချိုင်က စက်ရုံအချို့ မြန်မာအလုပ်သမားများကို အလုပ်ပြန်ဆင်းခိုင်းနေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့၌ ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့သဖြင့် အထပ်မြင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၄၀ ကျော် ပိတ်မိနေဆဲဖြစ်သည်။ ငလျင်ကြောင့် အလုပ်သမားများ ကြောက်ရွံ့နေကြသော်လည်း မဟာချိုင်ရှိ Thai Union ၏ i-Taii စက်ရုံက မြန်မာအလုပ်သမားများကို အလုပ်မနားခိုင်းပဲ အတင်းအကြပ်အလုပ်ပြန်ဆင်းခိုင်းနေကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။ “အသက်ဘေးကနေ လွတ်အောင်ဆိုပြီး ထွက်ပြေးလာရတယ်။ နောက်တစ်ကြိမ် ပြန်ဝင်ခိုင်းနေပြန်ပြီ။ အသေခံပြီး လုပ်ရမလိုဖြစ်နေတယ်” ဟု မဟာချိုင်က အလုပ်သမားတစ်ဦးက ဆိုသည်။ ၎င်းတို့စက်ရုံသည် ငါးသေတ္တာထုတ်လုပ်သော စက်ရုံဖြစ်ပြီး […]

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းပြိုကျ၊ မန္တလေး၊ အောင်ပန်းမြို့တို့တွင် တိုက်များပြိုကျ

Dawei Watch

March 28, 2025

ရစ်(ခ်)တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျပြီး မန္တလေးနှင့် အောင်ပန်းမြို့တို့တွင် တိုက်များပြိုကျ၊ တိမ်းစောင်းသွားကြောင်း လူမှုကွန်ရက်တွင် ဖော်ပြကြသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။ ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာ အကွာ အနက် ၁၀ မီတာတွင် ဗဟိုပြုကာ လှုပ်ခတ်ခြင်းဖြစ်ပြီး မြန်မာအပြင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်တို့ကို သက်ရောက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ မန္တလေး တံတားဦးလေဆိပ်တွင်လည်း ပျက်စီးက ခရီးသွားပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသည်ကို ရုပ်သံမှတ်တမ်းများတွင် တွေ့ရပြီး ဘုန်းကြီးကျောင်းများ အပါအဝင် သာသနိက အဆောက်အအုံများ၊ ဟိုတယ်နှင့် လူနေ အထပ်မြင့်တိုက်များ […]