BREAKING
January 22, 2025

သတင်း

ခလရ ၂၇၅ကို သိမ်းယူပြီး မြဝတီကို KNU ထိန်းချုပ်၊ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ဝင်ခွင့်တောင်း

Dawei Watch

April 11, 2024

ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက ယနေ့ ဧပြီလ ၁၁ရက် နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော စစ်ကောင်စီတပ် ခလရ ၂၇၅ တပ်စခန်းအား လက်နက်ချရန် ပြောဆိုခဲ့သော်လည်း လက်နက်မချဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ထို့ကြောင့် ဧပြီလ ၉ရက်နေ့တွင် ခလရ ၂၇၅ ကို KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု ပြန်လည်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက် ၄ […]

မြဝတီ ခလရ ၂၇၅ ကို KNLAနှင့်ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်၍ စစ်ကောင်စီတပ်သားများ ထိုင်းဘက် ပြေးရန်ပြင်

Dawei Watch

April 11, 2024

ကရင်ပြည်နယ် မြဝတီမြို့၏ မြို့စောင့်တပ်ဖြစ်သော ခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း KNU က ထုတ်ပြန်ထားသည်။ ဧပြီ ၈ ရက်နေ့က စတင်ခဲ့သော တိုက်ပွဲမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး၍ တိုက်ခိုက်မှုများလည်း ရှိခဲ့သည်။ မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီ၏ ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက်နိုင်ရန်အတွက် ခုခံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယနေ့ ဧပြီ ၁၁ ရက်နေ့ နံနက် ၄ နာရီကျော်တွင် ခလရ ၂၇၅ ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် […]

စစ်ရှောင်များကို ကူညီနေသည့် မွန်လွှတ်တော် ဒုဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ဖမ်းဆီးခံရ

Dawei Watch

April 11, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စစ်ဘေးရှောင်များအရေးကူညီပေးနေသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌဟောင်း ဒေါက်တာ အောင်နိုင်ဦးကို စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာ အောင်နိုင်ဦးသည် ဧပြီလ ၁၀ရက် နံနက် ၉ နာရီခန့်က ကျိုက်မရောမြိုနယ် ဂျိုင်းမြစ်ဒေသရှိ စစ်ဘေးရှောင်များကို အကူအညီပေးရန် သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကျိုက်မရောဘက်က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေ သွားပေးတဲ့ အချိန်မှာ မော်လမြိုင် စက်မှုဇုန်နေရာမှာ စစ်တပ်က ဖမ်းဆီးလိုက်တယ်။ ဘာကြောင့် ဖမ်းတာလဲဆိုကတော့ မသိသေးဘူး” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအောင်နိုင်ဦးကို ပြန်လွှတ်ပေးရန်အတွက် သံဃာတော်များနှင့် မွန်ခေါင်းဆောင်တို့က စစ်ကောင်စီနှင့် သွားရောက် ညိုနှိုင်းနေသော် ညနေပိုင်းအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း […]

မြန်မာတွင် မိုင်းကြောင့် သေဆုံးမှုအမြင့်ဆုံးဖြစ်လာ၊ တစ်နှစ်အတွင်း တစ်ထောင်ကျော်သေဆုံး

Dawei Watch

April 10, 2024

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံး ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း လူ တစ်ထောင်ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် အခြားစစ်လက်နက်အကြွင်းအကျန်ပျံ့နှံ့မှုမှာ ပြီးခဲ့သည့်နှစ်အတွင်း စိုးရိမ်ဖွယ် အဆင့်ရောက်ရှိလာခဲ့ပြီး အရပ်သားများအတွက် ဆိုးရွားသည့် အသက်အန္တရာယ်ခြိမ်းခြောက်မှုဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး UNOCHA က ယနေ့ ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ ၂၀၂၃ ခုနှစ်တွင် မြေမြှပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးမှု မြင့်တက်လာပြီး လူ ၁၀၅၂ ဦး သေဆုံးကြောင်း ဆိုသည်။ မှတ်တမ်းတင်သည့် ကာလတစ်လျှောက် သေဆုံးမှုအမြင့်ဆုံးဖြစ်ပြီး ၂၀၂၂ ခုနှစ်က သေဆုံးသူ ၃၉၀ နှင့် နှိုင်းယှဉ်လျှင် ၂၇၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြသည်။ […]

စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်

Dawei Watch

April 10, 2024

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်ဖမ်းဆီးသွားသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဒေသခံ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ရန် ဧပြီလ ၂ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ပကာရီဒေသခံ ရှစ်ဦးကို ၎င်းတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် ပကာရီရဲကင်းစခန်းမှတစ်ဆင့် ဒေသခံ နှစ်ဦးတစ်ကြိမ်၊ သုံးဦးတစ်ကြိမ် ရက်ခြားလွှတ်ပေးခဲ့ကြောင်း ပကာရီရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဆက်လက်ဖမ်းဆီးခံထားရသည့် အသက် ၄၀ကျော်အရွယ် ကိုသားသားနှင့် နောက်ထပ် အမျိုးသားနှစ်ဦးတို့ကိုမူ ဧပြီလ ၉ရက်နေ့တွင် ပြန်လွှတ်ပေးကြောင်း ၎င်းက ဆိုသည်။ “သူတို့ကို ပြန်မလွတ် မလွတ်နဲ့ ဘုန်းကြီးက သွားပြီးထုတ်ပေးခဲ့တာမှာ မနေ့က ပြန်လွတ်ပေးလိုက်တာ” ဟု ပကာရီကျေးရွာက ဒေသခံ အမျိုးသားတစ်ဦးက […]

ထားဝယ်တွင် သင်္ကြန်ရေကစားရန် စစ်ကောင်စီက ပိုက်ဆံပေးစည်းရုံး

Dawei Watch

April 10, 2024

ထားဝယ်မြို့တွင် ယခုနှစ်သင်္ကြန်လည်ရန်နှင့် ရေကစားရန် စစ်ကောင်စီက ကဏ္ဍအလိုက် ပိုက်ဆံပေးမည်ဆိုကာ စည်းရုံးနေကြောင်း တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်သူများထံမှသိရသည်။ ရေပက်ခံထွက်ရန် လူတစ်ယောက်ကို တစ်ရက်စာ ကျပ် ၁၅၀၀၀ နှုန်းဖြင့် စစ်ကောင်စီ၏ တင်ဒါရ ကန်ထရိုက်က ဆောက်လုပ်ရေး လုပ်သားများကို စည်းရုံးနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးကပြောသည်။ “မဏ္ဍပ်ပတ်ခြာလည်ပဲ တစ်ရက်ကို တစ်သောင်းခွဲရမှာ ကားလည်းလာကြိုပေးမယ်လို့ ပြောတယ်။ စားသောက်စရိတ်လည်း ဖရီးပဲ” ဟု ၎င်းကပြောသည်။ ယင်းအပြင် ထားဝယ်မြို့တွင် ယခုနှစ်သင်္ကြန်ပွဲတော်ကျင်းပမည့် မဏ္ဍပ်များတွင် ရေကစားမည့်သူများကိုလည်း တစ်ရက် နှစ်သောင်းပေးမည်ဟုဆိုကာ လိုက်လံစည်းရုံးနေ ကြောင်းလည်း အမည်မဖော်လိုသည့် ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။ စစ်ကောင်စီသည် ထားဝယ်မြို့တွင် ယခုနှစ် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ယခုလစောစောပိုင်းကစပြီး ပြင်ဆင်နေခြင်းဖြစ်သည်။ လေယာဉ်ကွင်းလမ်း၊ […]

ထားဝယ်တွင် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ကျော်အထိ ရောက်ပြီး စံချိန်သစ်ထပ်တင်

Dawei Watch

April 10, 2024

တနင်္သာရီတိုင်းမြို့တော် ထားဝယ်မြို့တွင် ဧပြီလ ၉ ရက် နေ့အပူချိန် ၄၀ ဒသမ ၇ ဒီဂရီဆဲစီးယပ်အထိ ရောက်ရှိပြီး စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ရက်တွင် ထုတ်ပြန်သည်။ ယင်းအပူချိန်သည် ၂၀၂ဝ ခုနှစ် ဧပြီလ ၂၂ ရက်တွင် စံချိန်တင်ခဲ့သည့် အပူချိန်စံချိန်အားကျော်လွန်၍ မိုးလေဝသစခန်းတည်ဆောက်ချိန်မှစ၍ ၇၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်လာသည်။ ထားဝယ်မြို့သည် ယခုနှစ်နွေရာသီတွင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ မတ်လကတစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် စုစုပေါင်းအပူချိန်စံချိန်သစ် သုံးကြိမ်တင်ခဲ့သည်။ အလားတူ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့တွင်လည်း နေ့အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲစီးယပ်ဖြင့် ၁၉၉၂ ခုနှစ်က အမြင့်ဆုံး နေ့အပူချိန်စံချိန်ကို ကျော်လွန်၍ ၄၁ နှစ်အတွင်း စံချိန်သစ်တင်ခဲ့သည်။ “မနေ့ကတော့ […]

မြဝတီတွင် တိုက်ပွဲပြင်းထန်နေပြီး မြို့ခံများ မဲဆောက်သို့တိမ်းရှောင်၊ ထိုင်းဘက်ကလည်း လုံခြုံရေးတင်းကြပ်

Dawei Watch

April 10, 2024

ကရင်ပြည်နယ် မြဝတီမြို့အနီးတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် မြဝတီမြို့ခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ တိမ်းရှောင်နေကြကြောင်း မြို့ခံများထံမှ သိရသည်။ မြဝတီမြို့ မြို့စောင့်တပ်ဖြစ်သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၇၅ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ဧပြီလ ၉ရက် မွန်းလွဲပိုင်းတွင် စတင်ဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်လာပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ ယင်းသို့တိုက်ပွဲပြင်းထန်နေသဖြင့် နယ်စပ်ရှိ မဲဆောက်ဘက်ခြမ်းတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်ပြီး လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၁၀ ရက်နံနက်ပိုင်းအထိ တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး ခလရ ၂၇၅ အနီးဝန်းကျင် ရပ်ကွက်တို့တွင် မီးခိုးလုံးများ တက်နေသည်ကို မြင်ရကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။ မဲဆောက်မြို့ခံ အမှတ် […]