BREAKING
January 22, 2025

သတင်း

မြဝတီက တိမ်းရှောင်လာသူများကို မဲဆောက်ရှိ ဘုန်းကြီးကျောင်းများတွင် နေရာချမည်

Dawei Watch

April 12, 2024

ကရင်ပြည်နယ် မြဝတီမြို့တွင် တိုက်ပွဲများကြောင့် မဲဆောက်ဘက်သို့ တိမ်းရှောင်လာသူများကို ဘုန်းကြီးကျောင်းများတွင် နေရာချထားပေးမည်ဖြစ်ကြောင်း မဲဆောက် အုပ်ချုပ်ရေးမှူးက ပြောသည်။ ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ချစ်ကြည်ရေးတံတားများသို့ တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး၊ မဲဆောက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ လာရောက်စစ်ဆေးစဉ်တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်ဘက်သို့ တိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ နေထိုင်ရန် အခက်အခဲရှိနေပါက ဘုန်းကြီးကျောင်း လေး ကျောင်းတွင် ယာယီခိုလှုံခွင့်ပေးပြီး နေထိုင်စားသောက်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမှတ် ၁ တံတားပေါ်က မြန်မာနိုင်ငံသားများ ဝင်ရောက်မှုသည် ပုံမှန် ၁၉၀၀ ခန့်သာရှိရာမှ ယခုအချိန်တွင် တိုက်ပွဲများ ကြောင့် တစ်ရက်လျှင် ပျမ်းမျှ ၄၀၀၀ အထိ တိုးလာနေကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။ ထိုင်းအစိုးရဘက်ကလည်း နယ်စပ်တစ်လျှောက် […]

တိုက်ခိုက်ခံရနိုင်သောကြောင့် ရခိုင်တွင်သင်္ကြန်ကာလ လူစုလူဝေးဖြင့်ပျော်ပွဲရွှင်ပွဲ မလုပ်ရန် AA ပန်ကြား

Dawei Watch

April 12, 2024

ရခိုင်တွင်သင်္ကြန်ကာလ တိုက်ခိုက်ခံရမှုများရှိလာနိုင်သောကြောင့် ရေကစားခြင်း၊ လူစုလူဝေးဖြင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူအတန်းလုပ်ခြင်းတို့ကို မပြုလုပ်ကြရန် မေတ္တာရပ်ခံပန်ကြား‌ကြောင်း ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်က ထုတ်ပြန်သည်။ ရခိုင်တွင် စစ်ရေးပြင်းထန်နေဆဲကာလဖြစ်ပြီး AA သိမ်းယူထားသည့်နေရာများနှင့် သိမ်းယူရန်ကြိုးပမ်းနေသည့်နေရာများတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်နေကြောင်း AA က ဆိုသည်။ ထို့ကြောင့် သင်္ကြန်ကာလအတွင်း မလိုလားအပ်သည့် အသက်အစုလိုက်အပြုံလိုက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ကြိုတင်ကာကွယ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ရေးပြင်းထန်နေသည့်ကာလဖြစ်သဖြင့် သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများတွင် လူစုလူဝေးများ ပြုလုပ်ပြီး ပျော်ပွဲရွှင်ပွဲကြီးများ မပြုလုပ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လူအများအပြား စီးနင်းလိုက်ပါလာသည့် ကားများဖြင့် မြို့ပြဒေသများ၊ တစ်မြို့နှင့်တစ်မြို့၊ တစ်ရွာနှင့် […]

မြိတ်မြို့ နေ့အပူချိန် နှစ် ၇၀ကျော်တွင် စံချိန်သစ်တင်

Dawei Watch

April 11, 2024

မြိတ်မြို့တွင် ဧပြီလ ၁၀ ရက်က နေ့အပူချိန် ၃၉ ဒသမ ၂ ဒီဂရီဆဲစီးယပ်ဖြင့် နေ့အပူချိန် စံချိန်သစ်တင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ထုတ်ပြန်သည်။ ၂၀၀၄ ခုနှစ် ဧပြီလ ၂၇ ရက် စံချိန်တင်ခဲ့သည့် နေ့အပူချိန် ၃၉ ဒီဂရီဆဲစီးယပ်ကို ကျော်လွန်ကာ မိုးလေဝသစခန်းတည်ဆောက်သည့် နှစ်မှစ၍ ၇၇ နှစ်အတွင်းစံချိန်သစ်ထပ်တင်ခြင်းဖြစ်သည်။ “ရာသီဥတုကတော့ ပူတာပေါ့။ မနေ့က (ဧပြီ ၁၀) နေတောက်လျှောက်ပူတယ်။ ဒီနေ့တော့ မိုးရိပ်ငယ်နည်းနည်းတက်နေတယ်” ဟု မြိတ်မြို့ခံတစ်ဦးက ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။ ယမန်နေ့ညနေပိုင်းက ထားဝယ်ခရိုင်အတွင်း နေရာအများစုတွင် သင်္ကြန်ကာလအကြို မိုးရွာသော်လည်း မြိတ်မြို့တွင် မိုးမရွာသေးကြောင်း မြို့ခံများက ဆိုသည်။ ယခုနှစ်နွေရာသီတွင် တနင်္သာရီတိုင်း၌ ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်း […]

ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် ၂ တံတား ယာယီပိတ်သဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်

Dawei Watch

April 11, 2024

ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသော မြဝတီမြို့ ချစ်ကြည်ရေး အမှတ် ၂ တံတားကို ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့ကြောင့် မဲဆောက်ဘက်တွင် ပစ္စည်းတင်ပို့ယာဉ် ၂၀၀ ခန့် သောင်တင်နေကြပြီး လုံခြုံရေးအရ ပစ္စည်းများ တင်ပို့ခွင့် မပေးထားကြောင်း ဖော်ပြသည်။ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNU သိမ်းပိုက်လိုက်ပြီးနောက် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းက စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး တိမ်း‌‌ရှောင်သွားသဖြင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားပြီဖြစ်ကြောင်း ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အမှတ် ၂ တံတားသည် ကုန်စည်ပို့ဆောင်နေသော တံတားဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်သော ခလရ ၂၇၅ နှင့် နီးကပ်နေသော […]

အကျိုးစီးပွားဆက်စပ်သည့် အိမ်နီးချင်းနိုင်ငံအချို့၏ကူညီမှုဖြင့် စစ်ကောင်စီ အာဏာကိုဖက်တွယ်ထားဟု AA စစ်ဦးစီးချုပ်ပြော

Dawei Watch

April 11, 2024

စစ်ကောင်စီသည် စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နှင့် အကျိုးစီးပွားချင်း ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံအချို့၏ ကူညီပံ့ပိုးမှုများဖြင့် အာဏာကို ဆက်လက်ဖက်တွယ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ ဧပြီလ ၁၀ ရက်က AA တပ် တည်ထောင်မှု ၁၅နှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဗမာလူမျိုးများ၏ ပြင်းထန်သည့်ဆန့်ကျင်မှု၊ လက်နက်ကိုင်တော်လှန် မှု၊ တိုင်းရင်းသားပေါင်းစုံ၏ တစ်ပြိုင်နက်တည်းဆန့်ကျင်မှု၊ နိုင်ငံရေး စစ်ရေး စီးပွားရေး အကျပ်အတည်းများအပြင် မြန်မာစစ်တပ် တစ်ခါမျှမကြုံဖူးသည့် အထွေထွေအကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်းလည်း ဆိုသည်။ ရခိုင်တွင် ရည်မှန်းချက် ပြီးမြောက်ရန်အတွက် စစ်ရေးကို အရှိန်အဟုန်မြှင့်တင်ပြီး အပြင်းထန်ဆုံးနှင့် အလျင်အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။ […]

ထားဝယ်ကလေး (သားဂန်း) သင်္ကြန် ပထမနေ့

Dawei Watch

April 11, 2024

ထားဝယ်ဒေသတွင် သင်္ကြန်မကျမီ ကလေးသင်္ကြန် (သားဂန်းဂြန်) ပြုလုပ်လေ့ရှိသည်။ သင်္ကြန်မကျမီ ဧပြီလ ၁၁ ရက်က စပြီး ကလေးများ ရေပက်ကြသည်ကို ကလေးသင်္ကြန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်မီ ၂၀၁၉ ခုနှစ်ကမူ ထားဝယ်မြို့ ဆန်ချီမူကြိုကျောင်းတွင် ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပင် ကလေးသင်္ကြန်ကို ကျင်းပခဲ့ဖူးသည်။ ယင်းနောက်ပိုင်းတွင်မူ ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ကြောင့် ကလေးသင်္ကြန်ရော၊ လူကြီးသင်္ကြန်ပါ စည်စည်ကားကား မကျင်းပနိုင်သည်မှာယနေ့အချိန်အထိပင်ဖြစ်သည်။ ယနေ့ ဧပြီလ ၁၁ ရက်နေ့သည် ကလေးသင်္ကြန် ပထမနေ့ဖြစ်သော်လည်း ထားဝယ်မြို့၏ အဓိကလမ်းမကြီးများပေါ်တွင် ကလေးများ ရေကစားနေသည်ကို မတွေ့ရပေ။ လမ်းသွယ်များရှိ နေအိမ်များရှေ့ရေတွင်မူ ပက်ကစားနေကြသည့်ကလေး အနည်းငယ်ကိုသာ တွေ့ရသည်။ ထားဝယ်မြို့ပေါ်မှလွဲပြီး အများစုသောနယ်ကျေးရွာတို့တွင်မူ ကလေးသင်္ကြန်ဟု သီးခြားမရှိပေ။

တနင်္သာရီတိုင်းသို့ ပြေးဆွဲသည့် အဝေးပြေးယာဥ်လိုင်းများ သင်္ကြန်ကာလ ရပ်နားမည်

Dawei Watch

April 11, 2024

ရန်ကုန်မှ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ယာဥ်လိုင်းများထံက သိရသည်။ သင်္ကြန်အကြိုရက် ဧပြီ ၁၃ ရက်မှ နှစ်ဆန်းနှစ်ရက် ဧပြီ ၁၈ ရက်အထိ ပြေးဆွဲမှု ရပ်နားမည်ဖြစ်ကြောင်း ရန်ကုန်-မြိတ်ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းဂိတ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဝေးပြေးကားလက်မှတ်ရောင်းသည့်အမျိုးသမီးတစ်ဦးကလည်း “ရန်ကုန်ကနေ မြိတ်ဆင်းတဲ့ ယာဥ်လိုင်းအားလုံးပိတ်တယ်“ ဟု ပြောသည်။ သင်္ကြန်ကာလတွင် ပိတ်ရက်မရှိပြေးဆွဲမည့်ယာဥ်လိုင်း ခြောက်လိုင်းနှင့် အရန်ယာဥ်များ ပြင်ဆင်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC တွဲဖက်အတွင်းရေးမှူးက ပြောဆိုထားသည်။ သို့သော် ယင်းသို့ ပြေးဆွဲရန် စီစဉ်ထားရာတွင် တနင်္သာရီတိုင်းသို့ ပြေးဆွဲမည့်အစီအစဉ် မပါဝင်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်က YRTC အဝေးပြေးဌာနသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်မေးရာတွင် […]

စစ်ကောင်စီ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်ပြော

Dawei Watch

April 11, 2024

စစ်ကောင်စီ၏ တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ထဲ ပျံသန်းခွင့် မပြုကြောင်း ထိုင်းဝန်ကြီးချုပ် စေထာထဝီဆင်က ယနေ့ ပြောကြားလိုက်သည်။ ယနေ့ ဧပြီလ ၁၁ရက် နံနက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်အရေး သတင်းထောက်များက မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းက ပဋိပက္ခနှင့် တိုက်ပွဲများ ထိုင်းမြေပေါ်ကို ရောက်ရှိခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။ ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို အသုံးပြု၍ စစ်ကောင်စီ၏ တိုက်လေယာဉ်များက ပျံသန်းမှုကိုလည်း ခွင့်ပြုလက်ခံနိုင်စရာမရှိကြောင်း ဆိုသည်။ ယင်းအတွက်လည်း ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းရှင်းလင်းလင်း ညွှန်ကြားထားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော ပဋိပက္ခနှင့် ပြဿနာများက မြန်မာပြည်တွင်းရေးသာ ဖြစ်သဖြင့် နှစ်နိုင်ငံ တင်းမာမှုများ မဖြစ်လိုကြောင်း ၎င်းက ပြောဆိုသည်။ ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ […]