စစ်ကောင်စီတပ်က လောင်းလုံးတွင် နေအိမ်များဖျက်ဆီးပြီး ဒေသခံအချို့ကိုဖမ်းဆီး
Dawei Watch
April 15, 2024ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်မှု ခံရပြီးနောက် လောင်းလုံးမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မြို့တွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်္ကြန်အကြိုနေ့က စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ယင်းရွာလယ်ဘုန်းကြီးကျောင်းအနီးရှိ အိမ်များအတွင်း စစ်ကောင်စီတပ်သားများက ဝင်ရောက်ရှာဖွေပြီးနောက် နေအိမ်အများအပြားကို ဖျက်ဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “ရွာလယ်ကျောင်း(ဘုန်းကြီးကျောင်း) မှာတပ်စွဲထားတဲ့ စစ်သားတွေက ကျောင်းနားမှာပဲ မဏ္ဍပ်ထိုးပြီးရေကစားနေကြတာကို ( ပြည်သူ့ကာကွယ်ရေးအဖွဲ့က) ဝင်လာပစ်တာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်တွင် သေဆုံးသူရှိမရှိကို မသိရသေးသော်လည်း ဒဏ်ရာရသူအချို့ရှိကြောင်း ၎င်းကဆိုသည်။ “ဆရာဝန်လိုက်ရှာနေကြတယ်။ ခဏခဏ မြို့ထဲဝင်ပြီး ဆရာဝန်ကိုလာခေါ်နေကြတာ။ ထိတဲ့သူများတယ်လို့ကြားတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။ ယင်းအပြင် အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ […]